Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း ချင်းမှာ စစ်ကောင်စီစခန်း ၉ ခုကို စီးနင်းသိမ်းပိုက်ခဲ့ဟု NUG ထုတ်ပြန်

ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း ချင်းမှာ စစ်ကောင်စီစခန်း ၉ ခုကို စီးနင်းသိမ်းပိုက်ခဲ့ဟု NUG ထုတ်ပြန်

0
By Editor on September 8, 2023 Khonumthung

(006SV)

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း စီးနင်းသိမ်းပိုက်မှု ၉ ကြိမ်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၇ ရက် ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်းကို စီးနင်းသိမ်းပိုက်မှု ၁ ခုသာရှိခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ချင်းပြည်နယ်တွင် ဒုတိယ နှစ်မှာ စစ်မျက်နှာအသစ်များ ဖွင့်လှစ်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးထိန်းချုပ်မှု ပို၍ အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်၊ ၂ နှစ်အတွင်း ချင်းပြည်နယ်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း ၅၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သံချပ်ကာယာဉ် (၂)  စီးကို ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ပထမနှစ်တွင် စစ်ကောင်စီစခန်း ၂၈ ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စခန်း ၁၀၇ ခုကို သိမ်းပိုက်နိုင်ခဲ့၍ စခန်းသိမ်းတိုက်ပွဲ သုံးဆကျော် ဆင်နွှဲနိုင်ခဲ့သည်ဟု NUG ကဆိုသည်။

နှစ်နှစ်တာအတွင်း နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို မြိုနယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့သည်ဟု NUG MOD က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်းဖြင့် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ ခန့်ရှိနိုင်ပြီး လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များအပါအဝင် အင်အား ၂၂၅၀၀၀- ၂၄၀၀၀၀ ခန့် ရှိနိုင်သည်ဟု NUG အစိုးရက ခန့်မှန်းသည်။

နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉၉၀၀ ခန့်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးသောင်းခန့် သေဆုံံးသည်ဟု အစီရင်ခံစာက ဆိုသည်။

ခုခံတွန်းလှန်စစ် ၂ နှစ်တာရောက်ရှိချိန်တွင် စစ်ကောင်စီသည် မဟာဗျူဟာထိုးစစ်မှ မဟာဗျူဟာခံစစ်သို့ လျော့ကျသွားပြီး ခံစစ်ပြင်ဆင်မှုများ တိုးချဲ့ လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာမှာ ဖော်ပြထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ်၏ ရည်မှန်းချက် ပန်းတိုင်သည် “စနစ်ပြောင်းလဲရေး” ဖြစ်ပြီး မဟာဗျူဟာမြောက် ထိုးစစ်ပြင်ဆင်မှု အဖြစ် တစ်နှစ်စီမံချက်နှင့်အတူ စစ်မျက်နှာ (၆) ခုဖွင့်လှစ်၍ စစ်ကောင်စီကို တွန်းလှန်နေသည်ဟု NUG က ထုတ်ပြန်သည်။

“မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက် ဖျက်ကြပါ” ဟူသော NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန်းခွန်နှင့်အတူ ၂၀၂၁ စက်တင်ဘာလ ၇ ရက်မှစ၍ စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်မှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.