• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းလူငယ္ (၄) ဦးကို AA ဖမ္းဆီးဟု KACC ထုတ္ျပန္

ခ်င္းလူငယ္ (၄) ဦးကို AA ဖမ္းဆီးဟု KACC ထုတ္ျပန္

0
By Editor on August 4, 2020 Headline

#Unicode

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝြမို့နယ်သို့ နေရပ်ပြန်သွားကြသည့် ချင်းလူငယ် (၄) ဦးကို ရက္ခိုင့်တပ်တော် (AA) က ငသရိုင်းကျေးရွာတွင် ဇူလိုင်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ခူမီးချင်းမျိူးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါလူငယ်များသည် ရန်ကုန်မြို့ဘက်မှ စစ်တွေ၊ ကျောက်တော်မှတဆင့် ပလက်ဝြမို့နယ်သို့ ပြန်သွားကြသူများဖြစ်ကြပြီး စုစုပေါင်း လူငယ် (၇) ဦးပါဝင်သည့်အနက် ချင်းစစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေးတွင် တက်တက်ကြွကြွပါဝင်နေသူ အိုက်အောင်စိုးအပါအဝင် လူငယ် (၄) ဦးကို AA က ဖမ်းဆီးကာ ကျန် (၃) ဦးကို ပြန်လွှတ်လိုက်သည်ဟု (KACC) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေကပြောသည်။

“ကျောက်တော်ကနေ ပလက်ဝကို ပီချောင်း၊ ငသရိုင်းရွာဘက်ကနေ တောလမ်းကနေ ပြန်ကြတယ်လို့ ကျမတို့သိရတယ်၊ ငသရိုင်းရွာမှာ ထမင်းစားဖို့လား ခဏတက်ကြတယ်၊ ကျောက်တော်မှာ အထွက်ကတည်းကနေ အရမ်းမေးတာတဲ့၊ စက်လှေ ဘယ်တော့ထွက်မလဲ၊ ဘယ်နေရာရောက်မလဲပေါ့၊ ဒါပေမယ့် သူတို့က သတိမထားမိဘူး၊ ငသရိုင်းရောက်တော့ (၄) ယောက်ကိုဖမ်းပြီး ကျန်တဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကျမတို့သိရတယ်’’ ဟု မိုင်နန်းဝေကပြောသည်။

ငသရိုင်းကျေးရွာသည် ကျောက်တော်နှင့် ပလက်ဝြမို့အကြားတွင် တည်ရှိသည့် ရခိုင်ရွာဖြစ်ပြီး AA တပ်ဖွဲ့အခြေစိုက်လှု ပ်ရှားရာဒေသဖြစ်သည်ဟုသိရသည်။

ထို့အပြင် လွန်ခဲ့သည့် ဇွန်လအတွင်းက အဖမ်းခံရပြီး တစ်လအကြာ ဇူလိုင်လ (၁၇) ရက်နေ့က အလောင်းကိုပြန်လည်တွေ့ရှိသည့် ပလက်ဝြမို့နယ်၊ တုန်းမဝကျေးရွာမှ ချင်းလူမျိူး ဦးလှကျော် အဖမ်းခံခဲ့ရသည့်ကျေးရွာဖြစ်သည်။

ယခုအဖမ်းခံရသည့် လူငယ် (၄) ဦးမှာ ပလက်ဝြမို့နယ်၊ ငရှား၊ နှုန်းဘူးနှင့် ကက္ကူးဝကျေးရွာများတွင် နေထိုင်ကြသူများဟုသိရပြီး ယနေ့ချိန်ထိ အဆက်အသွယ်မရသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ AA ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

#Zawgyi

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွတဆင့္ ခ်င္းျပည္နယ္ ပလက္ျဝမို႔နယ္သို႔ ေနရပ္ျပန္သြားၾကသည့္ ခ်င္းလူငယ္ (၄) ဦးကို ရကၡိဳင့္တပ္ေတာ္ (AA) က ငသရိုင္းေက်းရြာတြင္ ဇူလိုင္လ (၂၉) ရက္ေန႔က ဖမ္းဆီးခဲ့သည္ဟု ခူမီးခ်င္းမ်ိဴးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ (KACC) ၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါလူငယ္မ်ားသည္ ရန္ကုန္ၿမိဳ႕ဘက္မွ စစ္ေတြ၊ ေက်ာက္ေတာ္မွတဆင့္ ပလက္ျဝမို႔နယ္သို႔ ျပန္သြားၾကသူမ်ားျဖစ္ၾကၿပီး စုစုေပါင္း လူငယ္ (၇) ဦးပါဝင္သည့္အနက္ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား ေထာက္ပံ့ကူညီေရးတြင္ တက္တက္ႂကြႂကြပါဝင္ေနသူ အိုက္ေအာင္စိုးအပါအဝင္ လူငယ္ (၄) ဦးကို AA က ဖမ္းဆီးကာ က်န္ (၃) ဦးကို ျပန္လႊတ္လိုက္သည္ဟု (KACC) မွ ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝကေျပာသည္။

“ေက်ာက္ေတာ္ကေန ပလက္ဝကို ပီေခ်ာင္း၊ ငသရိုင္းရြာဘက္ကေန ေတာလမ္းကေန ျပန္ၾကတယ္လို႔ က်မတို႔သိရတယ္၊ ငသရိုင္းရြာမွာ ထမင္းစားဖို႔လား ခဏတက္ၾကတယ္၊ ေက်ာက္ေတာ္မွာ အထြက္ကတည္းကေန အရမ္းေမးတာတဲ့၊ စက္ေလွ ဘယ္ေတာ့ထြက္မလဲ၊ ဘယ္ေနရာေရာက္မလဲေပါ့၊ ဒါေပမယ့္ သူတို႔က သတိမထားမိဘူး၊ ငသရိုင္းေရာက္ေတာ့ (၄) ေယာက္ကိုဖမ္းၿပီး က်န္တဲ့သူေတြကိုေတာ့ ျပန္လႊတ္လိုက္တယ္လို႔ က်မတို႔သိရတယ္’’ ဟု မိုင္နန္းေဝကေျပာသည္။

ငသရိုင္းေက်းရြာသည္ ေက်ာက္ေတာ္ႏွင့္ ပလက္ျဝမို႔အၾကားတြင္ တည္ရွိသည့္ ရခိုင္ရြာျဖစ္ၿပီး AA တပ္ဖြဲ႕အေျခစိုက္လႈ ပ္ရွားရာေဒသျဖစ္သည္ဟုသိရသည္။

ထို႔အျပင္ လြန္ခဲ့သည့္ ဇြန္လအတြင္းက အဖမ္းခံရၿပီး တစ္လအၾကာ ဇူလိုင္လ (၁၇) ရက္ေန႔က အေလာင္းကိုျပန္လည္ေတြ႕ရွိသည့္ ပလက္ျဝမို႔နယ္၊ တုန္းမဝေက်းရြာမွ ခ်င္းလူမ်ိဴး ဦးလွေက်ာ္ အဖမ္းခံခဲ့ရသည့္ေက်းရြာျဖစ္သည္။

ယခုအဖမ္းခံရသည့္ လူငယ္ (၄) ဦးမွာ ပလက္ျဝမို႔နယ္၊ ငရွား၊ ႏႈန္းဘူးႏွင့္ ကကၠဴးဝေက်းရြာမ်ားတြင္ ေနထိုင္ၾကသူမ်ားဟုသိရၿပီး ယေန႔ခ်ိန္ထိ အဆက္အသြယ္မရေသးေၾကာင္းသိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ AA ဘက္ကေတာ့ တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမရွိေသးေပ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.