#Zawgyi
ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ရဲ့ စစ္ေရးပဋိပကၡအေျခအေန၊ စစ္ေဘးေရွာင္ျပည္သူမ်ားကူညီပံ့ပိုးေရး၊ စားနပ္ရိကၡာသယ္ယူေရး၊ လက္ရွိ Covid-19 ေရာဂါ ကာကြယ္မႈအေျခအေနေတြနဲ႔ပတ္သက္ၿပီး ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ေျပာေရးဆိုခြင့္ရွိသူ လက္ေထာက္အေထြေထြအတြင္းေရးမွဴး-၂ ဆလုိင္းထက္နီကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး။ ။ Covid-19 နဲ႔ပတ္သက္ၿပီးေတာ့ CNF ဗဟိုဌာနခ်ဴပ္မွာျဖစ္ျဖစ္၊ တပ္စခန္းေတြမွာျဖစ္ျဖစ္ ႀကိဳတင္ကာကြယ္မႈေတြ ဘယ္လိုေဆာင္ရြက္ထားတာရွိပါသလဲ။
ေျဖ။ ။ Covid 19 နဲ႕ပတ္သက္ၿပီး က်ေနာ္တုိ႔အေျခစုိက္တဲ့ နယ္ေျမအားလုံးမွာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊ လူငယ္ေခါင္းေဆာင္၊ ဘာသာေရးအသင္းအဖြဲေတြနဲ႔ပူးေပါင္းၿပီး လူ၀င္/လူထြက္ စိစစ္မႈေတြ၊ စာရင္းေကာက္တာေတြလုပ္တယ္၊ အဓိက ခရီးသြားလာမႈေတြ နည္းႏုိင္သမွ်နည္းေအာင္လုပ္တယ္၊ ႀကိဳတင္ကာကြယ္မႈ နည္းနာေတြ တတ္ႏုိင္သမွ်ေတာ့ လုပ္တာေပါ့။ ကိုယ့္စခန္းတြင္းမွာလည္း ႀကိဳတင္ကာကြယ္မႈေတြ အတတ္ႏုိင္ဆုံးေတာ့ လုပ္ပါတယ္။
ေမး။ ။ ဗဟိုဌာနခ်ဴပ္မွာေနတဲ့ တပ္သားေတြျဖစ္ျဖစ္၊ အနီးပတ္၀န္းက်င္ေက်းရြာမွာ ေနထုိင္တဲ့လူေတြအတြက္ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ၾကၿပီလား။
ေျဖ။ ။ က်ေတာ္တုိ႔ဌာနခ်ဳပ္မွာက်ေတာ့ ထန္တလန္ၿမိဳ႕နယ္ က်န္းမာေရးဌာနက ဆရာ၀န္မတစ္ဦးႏွင့္ Nurse ႏွစ္ဦး (၃) ရက္ေလာက္ က်န္းမာေရးေစာင့္ေရွာက္မႈ လာလုပ္ေပးတယ္၊ သူတုိ႕ျပန္သြားတာၾကာၿပီ၊ ခုေတာ့ ကုိယ့္ဟာကုိယ္ပဲ Lockdown လုပ္တယ္၊ ေန႕ေန႕ညည လူ၀င္လူထြက္စစ္တယ္။
ေမး။ ။ ခ်င္းျပည္နယ္အစိုးရအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြရွိလား။ ဒါမွမဟုတ္ အစိုးရဘက္ကေန လိုအပ္တဲ့ ေဆး၀ါးေထာက္ပံ့မႈေတြရွိလား။
ေျဖ။ ။ အစုိးရဖက္က ေဆး၀ါးေထာက္ပ့ံတာတုိ႕၊ ဆရာ၀န္ေတြ တာ၀န္လာခ်ေပးတာမ်ဳိးမရွိဘူး၊ အစုိးရရဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ အင္မတန္ အားနည္းတယ္လုိ႕ေျပာရမွာပဲ၊ ဆရာ၀န္၊ ေဆးဆရာ အင္အားကုိက မလုံေလာက္တာပဲ။ ခ်င္းျပည္နယ္အစုိးရက အစာေရစာ ေထာက္ပံ့တယ္ၾကားလုိ႔ ဝမ္းသာတယ္။
ေမး။ ။ ခ်င္းအမ်ဳိးသားတပ္မေတာ္ (CNA) နဲ႔ ျမန္မာ့တပ္မေတာ္ပူေပါင္းၿပီး ပလက္၀ၿမိဳ႕နယ္မွာ ေျခကုပ္ယူလႈပ္ရွားေနတဲ့ ရကၡိဳင့္တပ္ေတာ္ (AA) ကို တိုက္ထုတ္မယ္ဆိုၿပီး လူမႈကြန္ယက္ (Social Media) ေတြမွာ ျပန္႔ႏွံ႔ေနတာေတြ႔ရ တယ္။ ျပည္သူလူထုေတြကလည္း တကယ္ဟုတ္မဟုတ္သိခ်င္ေနၾကတယ္၊ ဘာမ်ားတုန္႔ျပန္လိုပါသလဲ။
ေျဖ။ ။ မဟုတ္ပါဘူး။ အဲဒီကိစၥက မဟုတ္မဟတ္သတင္းေတြပါ။ ျမန္မာတပ္မေတာ္နဲ႔ ပူးေပါင္းဖုိ႔ဆုိတာ ေပၚလစီမ႐ွိပါဘူး။
ေမး။ ။ ခုဆိုရင္ က်ေနာ္တို႔သိတဲ့အတိုိင္းပါပဲ ပလက္၀ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA တပ္ဖြဲ႔အၾကားျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ တစ္ေန႔ထက္တစ္ေန႔တိုးလာတယ္၊ စားနပ္ရိကၡာျပတ္လပ္မႈေတြ ရင္ဆိုင္ေနၾကရတယ္၊ ဒီအေပၚမွာ CNF အေနနဲ႔ ျပည္သူလူထုအတြက္ ဘာေတြ လုပ္ေဆာင္ေပးဖို႔ရွိပါသလဲ။
ေျဖ။ ။ CNF အေနနဲ႕ နည္းလမ္းေပါင္းစုံအသုံးျပဳၿပီး ကမကထျပဳ ေဆာင္ရြက္သြားဖို႔ရွိပါတယ္၊ ခ်င္းစစ္ေဘးေရွာင္ေတြအတြက္ Chin IDPs Support Committee ကုိ ဖြဲ႕ၿပီး Committee မွတဆင့္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးဖုိ႕ စတင္ေနပါၿပီ။ တုိက္ပြဲေၾကာင့္ လူမႈဒုကၡခံစားေနၾကရတဲ့ ေဒသခံ ခ်င္းျပည္သူမ်ားအတြက္ လုိအပ္တဲ့ လူမႈကူညီေထာက္ပ့ံမႈနဲ႕ ျပန္လည္ေနရာခ်ထားႏုိင္ေရးေတြကို ခ်င္းျပည္နယ္အစုိးရ၊ ျပည္တြင္း/ျပည္ပရွိ ခ်င္းအမ်ဳိးသားမ်ား၊ အဖြဲ႔အစည္းမ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ဘာသာေရးအသင္းအဖဲြ႔မ်ားအေနျဖင့္ အမ်ဳိးသားေရးတာဝန္တစ္ရပ္အေနနဲ႔ ဆက္လက္ တာ၀န္ယူေဆာင္ရြက္ေပးၾကဖုိ႕ေမတၱာရပ္ခံလုိပါတယ္။
ေမး။ ။ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ စားနပ္ရိကၡာသယ္ယူေရးပတ္သက္ၿပီး တပ္မေတာ္က တားဆီးပိတ္ပင္တာေတြရွိတယ္။ ေနာက္တစ္ခုက လံုျခံဳေရးစိုးရိမ္ရတဲ့အေျခအေနေၾကာင့္ဆိုၿပီး စားနပ္ရိကၡာမသယ္ႏုိင္ၾကဘူး၊ တပ္မေတာ္ကိုလည္း ေၾကာက္ရတယ္၊ AA ကိုလည္း ေၾကာက္ေနၾကတဲ့ အေျခအေနျဖစ္ေနပါတယ္၊ ဒီကိစၥအေပၚ CNF အေနနဲ႔ ျပည္သူလူထုရဲ့အခက္အခဲကို ဘယ္လိုမ်ဴိး ကူညီေျဖရွင္းေပးႏုိင္မလဲ။
ေျဖ။ ။ ဟုတ္ကဲ့၊ မိမိတုိ႕အေနနဲ႕ စစ္ေဘးေရွာင္ျပည္သူေတြထံ လူမႈအကူအညီမ်ား လုံလုံျခဳံျခဳံေရာက္ရွိႏုိင္ေအာင္ ေဆာင္ရြက္သြားမယ္။ ခုခ်ိန္မွာ ငါတုိ႔အစုိးရိမ္ဆုံးကေတာ့ စုျပဳံေနတဲ့ စစ္ေဘးေရွာင္ေတြအၾကား Covid – 19 ကူးစက္မွာကုိပဲ။ ဒီေတာ့ တပ္မေတာ္ျဖစ္ျဖစ္၊ AA ျဖစ္ျဖစ္ မိမိစစ္ေရးလုံျခဳံဖုိ႕ထက္ ေဒသခံျပည္သူရဲ့ လူမႈဒုကၡကုိ အေလးထားဖုိ႕ ေျပာခ်င္တယ္။
ေမး။ ။ တပ္မေတာ္အေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ ေလေၾကာင္းတိုက္ခိုက္မႈေတြ ခတ္စိတ္စိတ္ျပဳလုပ္လာတဲ့အေပၚ CNF ရဲ့ သေဘာထားက ဘယ္လိုရွိလဲ။
ေျဖ။ ။ မလုပ္သင့္ဘူး၊ လုပ္ခ်င္းလုပ္ယင္ အရပ္ဖက္ျပည္သူေတြ ထိခုိက္မႈအနည္းဆုံးျဖစ္ေအာင္ လုပ္သင့္တယ္။ ၿပီးေတာ့ Geneva Convention အရ ျပည္သူေတြကုိလည္း လူသားဒုိင္းအျဖစ္ အသုံးမခ်သင့္ဘူး။
ေမး။ ။ ႏိုင္ငံေတာ္အစိုးရမွ AA ကို အၾကမ္းဖက္အဖြဲ႔၊ မတရားအသင္းအဖြဲ႕လို႔ ေၾကညာလိုက္တဲ့အေပၚ CNF ရဲ့ သေဘာထားကို သိခ်င္ပါတယ္။
ေျဖ။ ။ ႏုိင္ငံေတာ္အစုိးရရဲ့ အၾကမ္းဖက္အဖြဲ႕ဆိုင္ရာ၊ မတရားအသင္းဆုိင္ရာ သတ္မွတ္စံနဲ႕ ဥပေဒကုိ က်ေတာ္ သိပ္မသိဘူးခင္ဗ်၊ ဆရာတုိ႕ သတင္းသမားေတြ ပုိသိမယ္ေနာ္။
ေမး။ ။ သတင္းမီဒီယာမွာ လုပ္ကိုင္ေနၾကတဲ့ အယ္ဒီတာခ်ဴပ္ (၃) ဦးကို AA တပ္ဖြဲ႔နဲ႔ အင္တာဗ်ဴးလုပ္တာေၾကာင့္ဆိုၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဖမ္းဆီးတဲ့အေပၚမွာ CNF ရဲ့ သေဘာထားသိခ်င္ပါတယ္။
ေျဖ။ ။ NLD အစုိးရလက္ထက္မွာ မတရားအသင္းဆက္သြယ္မႈ၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒနဲ႕ၿငိတယ္ဆုိၿပီး သတင္းသမားေတြဖမ္းဆီးတာ၊ တရားစြဲတာေတြ မ်ားေနသလုိပဲ။ ေျပာႏုိင္တာကေတာ့ ဒီအစုိးရလက္ထက္မွာ မီဒီယာလြတ္လပ္ခြင့္ ပုိမုိအားနည္းလာတယ္ဆုိတာပါပဲ။
#Unicode
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများကူညီပံ့ပိုးရေး၊ စားနပ်ရိက္ခာသယ်ယူရေး၊ လက်ရှိ Covid-19 ရောဂါ ကာကွယ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အထွေထွေအတွင်းရေးမှူး-၂ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ Covid-19 နဲ့ပတ်သက်ပြီးတော့ CNF ဗဟိုဌာနချူပ်မှာဖြစ်ဖြစ်၊ တပ်စခန်းတွေမှာဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။
ဖြေ။ ။ Covid 19 နဲ့ပတ်သက်ပြီး ကျနော်တို့အခြေစိုက်တဲ့ နယ်မြေအားလုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်၊ ဘာသာရေးအသင်းအဖွဲတွေနဲ့ပူးပေါင်းပြီး လူဝင်/လူထွက် စိစစ်မှုတွေ၊ စာရင်းကောက်တာတွေလုပ်တယ်၊ အဓိက ခရီးသွားလာမှုတွေ နည်းနိုင်သမျှနည်းအောင်လုပ်တယ်၊ ကြိုတင်ကာကွယ်မှု နည်းနာတွေ တတ်နိုင်သမျှတော့ လုပ်တာပေါ့။ ကိုယ့်စခန်းတွင်းမှာလည်း ကြိုတင်ကာကွယ်မှုတွေ အတတ်နိုင်ဆုံးတော့ လုပ်ပါတယ်။
မေး။ ။ ဗဟိုဌာနချူပ်မှာနေတဲ့ တပ်သားတွေဖြစ်ဖြစ်၊ အနီးပတ်ဝန်းကျင်ကျေးရွာမှာ နေထိုင်တဲ့လူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ကြပြီလား။
ဖြေ။ ။ ကျတော်တို့ဌာနချုပ်မှာကျတော့ ထန်တလန်မြို့နယ် ကျန်းမာရေးဌာနက ဆရာဝန်မတစ်ဦးနှင့် Nurse နှစ်ဦး (၃) ရက်လောက် ကျန်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတယ်၊ သူတို့ပြန်သွားတာကြာပြီ၊ ခုတော့ ကိုယ့်ဟာကိုယ်ပဲ Lockdown လုပ်တယ်၊ နေ့နေ့ညည လူဝင်လူထွက်စစ်တယ်။
မေး။ ။ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလား။ ဒါမှမဟုတ် အစိုးရဘက်ကနေ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေရှိလား။
ဖြေ။ ။ အစိုးရဖက်က ဆေးဝါးထောက်ပံ့တာတို့၊ ဆရာဝန်တွေ တာဝန်လာချပေးတာမျိုးမရှိဘူး၊ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် အားနည်းတယ်လို့ပြောရမှာပဲ၊ ဆရာဝန်၊ ဆေးဆရာ အင်အားကိုက မလုံလောက်တာပဲ။ ချင်းပြည်နယ်အစိုးရက အစာရေစာ ထောက်ပံ့တယ်ကြားလို့ ဝမ်းသာတယ်။
မေး။ ။ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မြန်မာ့တပ်မတော်ပူပေါင်းပြီး ပလက်ဝမြို့နယ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို တိုက်ထုတ်မယ်ဆိုပြီး လူမှုကွန်ယက် (Social Media) တွေမှာ ပြန့်နှံ့နေတာတွေ့ရ တယ်။ ပြည်သူလူထုတွေကလည်း တကယ်ဟုတ်မဟုတ်သိချင်နေကြတယ်၊ ဘာများတုန့်ပြန်လိုပါသလဲ။
ဖြေ။ ။ မဟုတ်ပါဘူး။ အဲဒီကိစ္စက မဟုတ်မဟတ်သတင်းတွေပါ။ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။
မေး။ ။ ခုဆိုရင် ကျနော်တို့သိတဲ့အတိိုင်းပါပဲ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တစ်နေ့ထက်တစ်နေ့တိုးလာတယ်၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရတယ်၊ ဒီအပေါ်မှာ CNF အနေနဲ့ ပြည်သူလူထုအတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိပါသလဲ။
ဖြေ။ ။ CNF အနေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကမကထပြု ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ချင်းစစ်ဘေးရှောင်တွေအတွက် Chin IDPs Support Committee ကို ဖွဲ့ပြီး Committee မှတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ စတင်နေပါပြီ။ တိုက်ပွဲကြောင့် လူမှုဒုက္ခခံစားနေကြရတဲ့ ဒေသခံ ချင်းပြည်သူများအတွက် လိုအပ်တဲ့ လူမှုကူညီထောက်ပံ့မှုနဲ့ ပြန်လည်နေရာချထားနိုင်ရေးတွေကို ချင်းပြည်နယ်အစိုးရ၊ ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားများ၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။
မေး။ ။ ပလက်ဝမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာသယ်ယူရေးပတ်သက်ပြီး တပ်မတော်က တားဆီးပိတ်ပင်တာတွေရှိတယ်။ နောက်တစ်ခုက လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့်ဆိုပြီး စားနပ်ရိက္ခာမသယ်နိုင်ကြဘူး၊ တပ်မတော်ကိုလည်း ကြောက်ရတယ်၊ AA ကိုလည်း ကြောက်နေကြတဲ့ အခြေအနေဖြစ်နေပါတယ်၊ ဒီကိစ္စအပေါ် CNF အနေနဲ့ ပြည်သူလူထုရဲ့အခက်အခဲကို ဘယ်လိုမျိူး ကူညီဖြေရှင်းပေးနိုင်မလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ မိမိတို့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ လူမှုအကူအညီများ လုံလုံခြုံခြုံရောက်ရှိနိုင်အောင် ဆောင်ရွက်သွားမယ်။ ခုချိန်မှာ ငါတို့အစိုးရိမ်ဆုံးကတော့ စုပြုံနေတဲ့ စစ်ဘေးရှောင်တွေအကြား Covid – 19 ကူးစက်မှာကိုပဲ။ ဒီတော့ တပ်မတော်ဖြစ်ဖြစ်၊ AA ဖြစ်ဖြစ် မိမိစစ်ရေးလုံခြုံဖို့ထက် ဒေသခံပြည်သူရဲ့ လူမှုဒုက္ခကို အလေးထားဖို့ ပြောချင်တယ်။
မေး။ ။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခတ်စိတ်စိတ်ပြုလုပ်လာတဲ့အပေါ် CNF ရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ မလုပ်သင့်ဘူး၊ လုပ်ချင်းလုပ်ယင် အရပ်ဖက်ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်သင့်တယ်။ ပြီးတော့ Geneva Convention အရ ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးမချသင့်ဘူး။
မေး။ ။ နိုင်ငံတော်အစိုးရမှ AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖွဲ့လို့ ကြေညာလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။
ဖြေ။ ။ နိုင်ငံတော်အစိုးရရဲ့ အကြမ်းဖက်အဖွဲ့ဆိုင်ရာ၊ မတရားအသင်းဆိုင်ရာ သတ်မှတ်စံနဲ့ ဥပဒေကို ကျတော် သိပ်မသိဘူးခင်ဗျ၊ ဆရာတို့ သတင်းသမားတွေ ပိုသိမယ်နော်။
မေး။ ။ သတင်းမီဒီယာမှာ လုပ်ကိုင်နေကြတဲ့ အယ်ဒီတာချူပ် (၃) ဦးကို AA တပ်ဖွဲ့နဲ့ အင်တာဗျူးလုပ်တာကြောင့်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖမ်းဆီးတဲ့အပေါ်မှာ CNF ရဲ့ သဘောထားသိချင်ပါတယ်။
ဖြေ။ ။ NLD အစိုးရလက်ထက်မှာ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ငြိတယ်ဆိုပြီး သတင်းသမားတွေဖမ်းဆီးတာ၊ တရားစွဲတာတွေ များနေသလိုပဲ။ ပြောနိုင်တာကတော့ ဒီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပိုမိုအားနည်းလာတယ်ဆိုတာပါပဲ။