• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ ကိုဗစ္-၁၉ ေစာင့္ၾကည့္ခံရသူ ၂၉၉ ဦးရွိ

ခ်င္းျပည္နယ္တြင္ ကိုဗစ္-၁၉ ေစာင့္ၾကည့္ခံရသူ ၂၉၉ ဦးရွိ

0
By Editor on April 1, 2020 Headline

#Zawgyi

By လားႏြန္ – ကမၻာ့ကပ္ေရာဂါ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈမွကာကြယ္ႏုိင္ရန္အတြက္ ခ်င္းျပည္နယ္သို႔ ျပည္ပမွျပန္လာသူမ်ား ကို (၁၄) ရက္ ေရာဂါေျခခ်ဴပ္ (Quarantine) ျဖင့္ေစာင့္ၾကည့္လ်က္ရွိၿပီး မတ္လ (၃၁) ရက္ေန႔ထိစာရင္းအရ ခ်င္းျပည္နယ္တစ္၀န္းလံုးတြင္ ကိုဗစ္-၁၉ ေစာင့္ၾကည့္ခံရသူ (၂၉၉) ဦးရွိသည္ဟု သိရသည္။

အဆိုပါစာရင္းအရ ခ်င္းျပည္နယ္တြင္ ျပည္ပမွျပန္လာသူ စုစုေပါင္း (၄၆၉) ဦးရွိသည့္အနက္ လူဦးေရ (၁၇၀) သည္ (၁၄) ရက္ ေရာဂါေျခခ်ဴပ္ျဖင့္ထားရွိၿပီးေနာက္ ေရာဂါပိုးမေတြ႔ရွိသည့္အတြက္ ျပန္လႊတ္လိုက္ၾကၿပီး (၂၉၉) ဦး က်န္ရွိေနေသးသည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

“က်ေနာ္တို႔က ႏုိင္ငံျခားျပန္လာတဲ့သူေတြကေတာ့ အနည္းဆံုး (၁၄) ရက္ေစာင့္ၾကည့္လုပ္တာေပါ့၊ (၁၄) ေစာင့္ၾကည့္ျပီး အခုသူတို႔ျပန္လာတဲ့ေန႔တြက္လို႔ ဒီၾကားမွာ ဘာမွဖ်ားလည္းမဖ်ားဘူး၊ သူနဲ႔ဆက္စပ္တဲ့လကၡဏာ ေတြမရိွဘူးဆိုရင္ ဒါကေတာ့ ေစာင့္ၾကည့္ေရးဘက္ကေနေလ်ာ့ေပးရတာ က်ေနာ္တို႔ (၁၄) ရက္ပဲ က်ေနာ္တို႔အဲလို ေလးလုပ္တဲ့အတြက္ တစ္ခ်ိဳ႕ဟာေတြလည္း စာရင္းကေနပယ္ေပးရတယ္ခင္ဗ်ား၊ ဟိုတေလာက (၅၀၈) ဦးထိတက္သြားတယ္၊ အဲဒီကေနက်ေနာ္တို႔ မလိုတဲ့ဟာေတြျပန္ပယ္ပယ္ရင္းနဲ႔ အခု (၄၆၉) ဦးျဖစ္တာ အဲဒီထဲကေန (၁၄) ရက္ေက်ာ္တဲ့ဟာေတြက်ေတာ့ က်ေနာ္တို႔ျပန္ပယ္ဖ်က္ရတာ” ဟု စည္ပင္၀န္ၾကီးဦးစိုးထက္ကေ ျပာသည္။

ခ်င္းျပည္နယ္တစ္၀န္းလံုး၌ (Home Quarantine) ေခၚ ေနအိမ္အတြင္းေစာင့္ၾကည့္ခံရသူ (၂၇၈) ဦး၊ ေဆးရံုတြင္ေစာင့္ ၾကည့္ခံရသူ (၇) ဦးႏွင့္ စာသင္ေက်ာင္းတြင္ထားရွိကာ သီးျခားေစာင့္ၾကည့္ခံရသူ (၁၄) ဦးရွိသည္။

ယခုလက္ရွိ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ အေမရိကန္ႏုိင္ငံမွျပန္လာသည့္ ခ်င္းအမ်ဴိးသားတစ္ဦးသာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိထားၿပီး ေနာက္ထပ္ ေစာင့္ၾကည့္ခံရသူမ်ားထဲမွ ေရာဂါပိုးရွိသူ မေတြ႔ရွိၾကေသးေပ။

COVID-19 ကာကြယ္ေရးႏွင့္ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အတြက္ လိုအပ္ခ်က္ အလြန္ျမင့္မားေနသည္ဟု ၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

“က်ေနာ္တို႔လိုအပ္ခ်က္ေတာ့ ေတာ္ေတာ္မ်ားတယ္ အခုက်ေနာ္တို႔ ျပည္နယ္အဆင့္ လူမႈ၀န္ၾကီးနဲ႔ ျပည္နယ္က်န္းမားေရးတို႔ကေန စံုစမ္းခ်က္အရဆိုရင္ ဒီဟာက ဘယ္ေလာက္ၾကာမလဲမသိဘူး၊ အနည္းဆံုး သံုးေလးလေလာက္ၾကာမယ္ဆိုရင္ေတာင္မွ သူ႔ရဲ႕လိုအပ္ခ်က္ေတြကအမ်ားၾကီး ေနာက္ျပီးေတာ့ PPE ဆိုတဲ့ ၀တ္စံုေတြဆရာ၀န္ေတြ ကုသမႈလုပ္တဲ့လူေတြအတြက္ လိုအပ္ခ်က္လည္းရိွတယ္ ေနာက္ Mask ေတြကလည္း လူတစ္ေယာက္ကို တစ္ခုဆိုေတာင္မွ က်ေနာ္တို႔ကလူဦးေရနဲ႔ႏိႈ္င္ယွဥ္လိုက္ရင္ အမ်ားႀကီးလိုအပ္တယ္၊ အခုရိွတဲ့ဟာနဲ႔အေကာင္းဆံုး အစိုးရကေန၀ယ္ေပးတယ္ နိုင္ငံေတာ္ကလည္းေထာက္ပံ့ေပးတယ္ အလွဴရွင္ကလည္းေထာက္ပံ့တယ္ အဲဒီေပၚမွာ မူတည္ျပီးေတာ့ က်ေနာ္တို႔ခြဲျပီး စီစဥ္ေပးပါတယ္ မွ်ျပီးေတာ့ လံုေလာက္မႈေတာ့မရိွဘူး” ဟု စည္ပင္၀န္ၾကီးဦးစိုးထက္ကေျပာသည္။ ခ်င္းျပည္နယ္အတြင္းရိွ ေစာင့္ၾကည့္ခံသူအားလံုးမွာ ယေန႔ ဧျပီ ၁ ရက္မနက္အထိ က်န္းမာေရးအကုန္လံုးေကာင္းမြန္ၾကေၾကာင္း ျပည္နယ္က်န္းမာေရးမွဴး ဦးေအာင္ေငြစံထံမွ သိရသည္။

#Unicode

By လားနွန် – ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ချင်းပြည်နယ်သို့ ပြည်ပမှပြန်လာသူများ ကို (၁၄) ရက် ရောဂါခြေချူပ် (Quarantine) ဖြင့်စောင့်ကြည့်လျက်ရှိပြီး မတ်လ (၃၁) ရက်နေ့ထိစာရင်းအရ ချင်းပြည်နယ်တစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူ (၂၉၉) ဦးရှိသည်ဟု သိရသည်။

အဆိုပါစာရင်းအရ ချင်းပြည်နယ်တွင် ပြည်ပမှပြန်လာသူ စုစုပေါင်း (၄၆၉) ဦးရှိသည့်အနက် လူဦးရေ (၁၇၀) သည် (၁၄) ရက် ရောဂါခြေချူပ်ဖြင့်ထားရှိပြီးနောက် ရောဂါပိုးမတွေ့ရှိသည့်အတွက် ပြန်လွှတ်လိုက်ကြပြီး (၂၉၉) ဦး ကျန်ရှိနေသေးသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျနော်တို့က နိုင်ငံခြားပြန်လာတဲ့သူတွေကတော့ အနည်းဆုံး (၁၄) ရက်စောင့်ကြည့်လုပ်တာပေါ့၊ (၁၄) စောင့်ကြည့်ပြီး အခုသူတို့ပြန်လာတဲ့နေ့တွက်လို့ ဒီကြားမှာ ဘာမှဖျားလည်းမဖျားဘူး၊ သူနဲ့ဆက်စပ်တဲ့လက္ခဏာ တွေမရှိဘူးဆိုရင် ဒါကတော့ စောင့်ကြည့်ရေးဘက်ကနေလျော့ပေးရတာ ကျနော်တို့ (၁၄) ရက်ပဲ ကျနော်တို့အဲလို လေးလုပ်တဲ့အတွက် တစ်ချို့ဟာတွေလည်း စာရင်းကနေပယ်ပေးရတယ်ခင်ဗျား၊ ဟိုတလောက (၅၀၈) ဦးထိတက်သွားတယ်၊ အဲဒီကနေကျနော်တို့ မလိုတဲ့ဟာတွေပြန်ပယ်ပယ်ရင်းနဲ့ အခု (၄၆၉) ဦးဖြစ်တာ အဲဒီထဲကနေ (၁၄) ရက်ကျော်တဲ့ဟာတွေကျတော့ ကျနော်တို့ပြန်ပယ်ဖျက်ရတာ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကေ ပြာသည်။

ချင်းပြည်နယ်တစ်ဝန်းလုံး၌ (Home Quarantine) ခေါ် နေအိမ်အတွင်းစောင့်ကြည့်ခံရသူ (၂၇၈) ဦး၊ ဆေးရုံတွင်စောင့် ကြည့်ခံရသူ (၇) ဦးနှင့် စာသင်ကျောင်းတွင်ထားရှိကာ သီးခြားစောင့်ကြည့်ခံရသူ (၁၄) ဦးရှိသည်။

ယခုလက်ရှိ ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် အမေရိကန်နိုင်ငံမှပြန်လာသည့် ချင်းအမျိူးသားတစ်ဦးသာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားပြီး နောက်ထပ် စောင့်ကြည့်ခံရသူများထဲမှ ရောဂါပိုးရှိသူ မတွေ့ရှိကြသေးပေ။

COVID-19 ကာကွယ်ရေးနှင့် အသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ချင်းပြည်နယ်အတွက် လိုအပ်ချက် အလွန်မြင့်မားနေသည်ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျနော်တို့လိုအပ်ချက်တော့ တော်တော်များတယ် အခုကျနော်တို့ ပြည်နယ်အဆင့် လူမှုဝန်ကြီးနဲ့ ပြည်နယ်ကျန်းမားရေးတို့ကနေ စုံစမ်းချက်အရဆိုရင် ဒီဟာက ဘယ်လောက်ကြာမလဲမသိဘူး၊ အနည်းဆုံး သုံးလေးလလောက်ကြာမယ်ဆိုရင်တောင်မှ သူ့ရဲ့လိုအပ်ချက်တွေကအများကြီး နောက်ပြီးတော့ PPE ဆိုတဲ့ ဝတ်စုံတွေဆရာဝန်တွေ ကုသမှုလုပ်တဲ့လူတွေအတွက် လိုအပ်ချက်လည်းရှိတယ် နောက် Mask တွေကလည်း လူတစ်ယောက်ကို တစ်ခုဆိုတောင်မှ ကျနော်တို့ကလူဦးရေနဲ့နှိ်ုင်ယှဉ်လိုက်ရင် အများကြီးလိုအပ်တယ်၊ အခုရှိတဲ့ဟာနဲ့အကောင်းဆုံး အစိုးရကနေဝယ်ပေးတယ် နိုင်ငံတော်ကလည်းထောက်ပံ့ပေးတယ် အလှူရှင်ကလည်းထောက်ပံ့တယ် အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ခွဲပြီး စီစဉ်ပေးပါတယ် မျှပြီးတော့ လုံလောက်မှုတော့မရှိဘူး” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ်အတွင်းရှိ စောင့်ကြည့်ခံသူအားလုံးမှာ ယနေ့ ဧပြီ ၁ ရက်မနက်အထိ ကျန်းမာရေးအကုန်လုံးကောင်းမွန်ကြကြောင်း ပြည်နယ်ကျန်းမာရေးမှူး ဦးအောင်ငွေစံထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.