• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ခ်င္းျပည္နယ္တြင္ ဆိုင္ထိုင္ေရာင္းခ်ခြင့္ ျပန္လည္ခြင့္ျပဳရန္ အစီအစဥ္မရွိေသးဟု ဦးစိုးထက္ေျပာ

ခ်င္းျပည္နယ္တြင္ ဆိုင္ထိုင္ေရာင္းခ်ခြင့္ ျပန္လည္ခြင့္ျပဳရန္ အစီအစဥ္မရွိေသးဟု ဦးစိုးထက္ေျပာ

0
By Editor on December 4, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်အတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဖွင့်မဲ့အစီစဉ်မရှိဘူး၊ ဘာလို့လဲဆိုရင်ကျွန်တော်တို့ဖက်မှာ ကိုဗစ်ပိုးတွေ့လူနာက များများလာတာ ၊ ဟားခါးမှာလည်း များလာတယ်၊ မင်းတပ်မှာလည်းများလာတယ်၊ ကန်ပလက်၊ မတူပီ၊ ပလက်ဝ၊ အဲဒီဟာရော နောက်ဒီဖက်က တီးတိန်းကလည်း တောက်လျှောက်ကိုဗစ်ရောဂါသည်က မလျှော့လာပဲ တိုးတိုးလာတယ်။ ဟားခါးမှာဆိုရင် မကြာမကြာ တွေ့နေတာ၊အဲ့လိုဖြစ်တဲ့အတွက် လူအဝင်အထွက်နဲ့ အဲ့လိုမျိုးပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ကို ကျွန်တော်တို့က ပိုပြီးတော့ စစ်တာ” ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

လက်ရှိတွင် ချင်းပြည်အနယ်အတွင်းရှိဆိုင်များအား ဆိုင်ပြန်လည်ဖွင့်လှစ်နိုင်ရန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းမှုရှိမရှိ သိရှိနိုင်ရန်သာ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

“စားသောက်ဆိုင်တွေက လောလောဆယ်တော့ ပါဆယ်ကိုပဲသွားတာပေါ့နော်၊ ဒီရောင်း ကုန်ဆိုရင်လည်း ကျွန်တော်ခုမှ တနေ့လုံးပြန်ရောင်းခိုင်းထားတာ အရင်တုန်းက ဆိုရင် နေ့တဝက်ပဲရောင်းတာ၊နေ့တဝက်မှာမှ စျေးဆိုင်အခန်းကို တဆိုင်ခြားရောင်းခိုင်းတာ၊ နေ့တစ်ဝက်စီအခုကနည်းနည်း သက်သာတယ်ဆိုပြီးမှ အစကမနက်ကနေညနေ အထိရောင်းခိုင်း တဲ့အချိန်မှာ ကိုဗစ်ပိုးတွေကပိုပြန့်နံ့လာတယ် ၊တွေ့ရှိမှုကလည်းများလာတယ်။ကျွန်တော်ကတော့ အချိန်တောင်မှ နေ့တဝက်လောက်ပဲရောင်းတာမျိုး၊ နောက်ပြီးဆိုင်တစ်ဆိုင်ခြားကိုရောင်းခိုင်းတာ တို့၊အဲ့လိုမျိုးလုပ်ဖို့တောင်ပြန်စီစဉ်နေတယ်”ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား (A) အဆင့်သတ်မှတ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ပြန်လည်ခွင့်ပြုပေးမည်ဟု ပြည်ထောင်စု ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

#Zawgyi

ခ်င္းျပည္နယ္အတြင္ ကိုဗစ္ေရာဂါျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာသျဖင့္ စားေသာက္ဆိုင္မ်ားတြင္ ဆိုင္ထိုင္ေရာင္းခ်ခြင့္အား ခြင့္ျပဳရန္ အစီအစဥ္မရွိေသးေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

“ဖြင့္မဲ့အစီစဥ္မရွိဘူး၊ ဘာလုိ႔လဲဆုိရင္ကြ်န္ေတာ္တုိ႔ဖက္မွာ ကုိဗစ္ပုိးေတြ႔လူနာက မ်ားမ်ားလာတာ ၊ ဟားခါးမွာလည္း မ်ားလာတယ္၊ မင္းတပ္မွာလည္းမ်ားလာတယ္၊ ကန္ပလက္၊ မတူပီ၊ ပလက္ဝ၊ အဲဒီဟာေရာ ေနာက္ဒီဖက္က တီးတိန္းကလည္း ေတာက္ေလ်ွာက္ကိုဗစ္ေရာဂါသည္က မေလ်ွာ့လာပဲ တိုးတုိးလာတယ္။ ဟားခါးမွာဆုိရင္ မၾကာမၾကာ ေတြ႔ေနတာ၊အဲ့လိုျဖစ္တဲ့အတြက္ လူအဝင္အထြက္နဲ႔ အဲ့လုိမ်ဳိးျပန္႔ႏွံ႔မႈကုိ ထိန္းခ်ဳပ္ႏိုင္ဖုိ႔ကုိ ကြ်န္ေတာ္တုိ႔က ပုိျပီးေတာ့ စစ္တာ” ဟု ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီးဦးစိုးထက္ကေျပာသည္။

လက္ရွိတြင္ ခ်င္းျပည္အနယ္အတြင္းရွိဆိုင္မ်ားအား ဆိုင္ျပန္လည္ဖြင့္လွစ္ႏိုင္ရန္မဟုတ္ဘဲ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ စနစ္တက်ေရာင္းမႈရွိမရွိ သိရွိႏိုင္ရန္သာ လိုက္လံစစ္ေဆးေနေၾကာင္း သိရသည္။

“စားေသာက္ဆုိင္ေတြက ေလာေလာဆယ္ေတာ့ ပါဆယ္ကုိပဲသြားတာေပါ့ေနာ္၊ ဒီေရာင္း ကုန္ဆုိရင္လည္း ကြ်န္ေတာ္ခုမွ တေန႔လုံးျပန္ေရာင္းခုိင္းထားတာ အရင္တုန္းက ဆုိရင္ ေန႔တဝက္ပဲေရာင္းတာ၊ေန႔တဝက္မွာမွ ေစ်းဆုိင္အခန္းကို တဆုိင္ျခားေရာင္းခုိင္းတာ၊ ေန႔တစ္ဝက္စီအခုကနည္းနည္း သက္သာတယ္ဆုိျပီးမွ အစကမနက္ကေနညေန အထိေရာင္းခုိင္း တဲ့အခ်ိန္မွာ ကုိဗစ္ပုိးေတြကပုိျပန္႔နံ႔လာတယ္ ၊ေတြ႔ရွိမႈကလည္းမ်ားလာတယ္။ကြ်န္ေတာ္ကေတာ့ အခ်ိန္ေတာင္မွ ေန႔တဝက္ေလာက္ပဲေရာင္းတာမ်ဳိး၊ ေနာက္ျပီးဆုိင္တစ္ဆုိင္ျခားကုိေရာင္းခိုင္းတာ တုိ႔၊အဲ့လုိမ်ဳိးလုပ္ဖို႔ေတာင္ျပန္စီစဥ္ေနတယ္”ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ေနျပည္ေတာ္ေကာင္စီအတြင္းႏွင့္ တိုင္းေဒသႀကီး  သို႔မဟုတ္ ျပည္နယ္မ်ားမွ Stay at Home သတ္မွတ္ထားျခင္းမရွိေသာ ျမဳိ႕နယ္မ်ားတြင္ ေနထိုင္သည့္ ျပည္သူမ်ားအား (A) အဆင့္သတ္မွတ္ထားသည့္ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္မ်ားတြင္ ဆိုင္ထိုင္စားေသာက္ျခင္းကို ဒီဇင္ဘာ (၄) ရက္ေန႔မွ စတင္ကာ ျပန္လည္ခြင့္ျပဳေပးမည္ဟု ျပည္ေထာင္စု ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.