• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် တစ်နှစ်အတွင်း HIV+ ရောဂါပိုးရှိသူ တစ်ရာကျော်တွေ့ရှိ

ချင်းပြည်နယ်တွင် တစ်နှစ်အတွင်း HIV+ ရောဂါပိုးရှိသူ တစ်ရာကျော်တွေ့ရှိ

0
By Editor on August 6, 2019 Khonumthung

ချင်းပြည်နယ်တွင် တစ်နှစ်အတွင်း HIV+ ရောဂါပိုးကူးစက်ခံရသူ တစ်ရာကျော်ရှိပြီး အများစုမှာ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်ကြသည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ချင်းပြည်နယ်မြို့နယ် (၉) မြို့နယ်အတွင်း ကိုယ်ဝန်မိခင်များနှင့် ၎င်းတို့၏ ခင်ပွန်းများ၊ ကလေးများ၊ ဆေးရုံတက်လူနာများ၊ သွေးလှူရှင်များအားလုံး (၃၆၁၈၅) ဦးကို သွေးစစ်ဆေးခဲ့သ ည့်အနက် ၁၂၂ ဦးထံ HIV+ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ရှရွန်ပါရ်ကပြောသည်။

“ကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့၊ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံရာ (လိင်တူ/လိင်ကွဲ)မှ တစ်ဆင့်ကူးစက်ခြင်း၊ ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း၊ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးက်ခြင်းတို့ဖြစ်ပါတယ်၊ ချင်းပြည်နယ်အနေနနဲ့ကတော့ ပိုးရှိသူနှင့်အကာအကွယ်မပါဘဲ လိင်ဆက်ဆံရာ(လိင်ကွဲ)မှ တဆင့်ကူးဆက်ခြင်းက အများဆုံးဖြစ်ပါတယ်’’ ဟု ဒေါက်တာ ရှရွန်ပါရ်ကပြောသည်။

၂၀၁၈ ခုနှစ်အတွင်း မြို့နယ်အလိုက် သွေးစစ်ဆေးချက်များအရ HIV+ ရောဂါပိုးကူးစက်ခံရသူ တီးတိန်မြို့နယ်တွင် ၄၂ ဦး၊ ဟားခါးမြို့နယ်တွင် ၂၂ ဦး၊ တွန်းဇံမြို့နယ်တွင် ၁၇ ဦး၊ မင်းတပ်မြို့နယ်တွင် ၁၃ ဦး၊ ဖလမ်းမြို့နယ်တွင် ၁၂ ဦး၊ မတူပီမြို့နယ်တွင် ၇ ဦး၊ ထန်တလန်မြို့နယ်တွင် ၄ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၂ ဦးနှင့် ပလက်ဝမြို့နယ်တွင် ၁ ဦး စသည်တို့ဖြစ်သည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှစာရင်းအရသိရသည်။

ရောဂါပိုးကူးစက်ခံရသူအများစုမှာ လူကြီးပိုင်းတွင် အမျိုးသမီးများပိုမိုကူးစက်ခံရပြီး အသက်(၁၂ နှစ်အောက်) ကလေး ငယ်များတွင် ယောင်္ကျားလေးများသည် မိခင်မှတဆင့် ကူးစက်ခံရသူပိုများသည်ဟု ဒေါက်တာရှရွန်ပါရ်ကပြောသည်။

ချင်းပြည်နယ်တွင် HIV/AIDS ရောဂါဝေဒနာရှင်များသောက်သုံးသည့် (ART) ဆေးဝါးများကို ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်မြို့တို့တွင်ရရှိနိုင်ပြီး ရောဂါဝေဒနာရှင်များအားလုံး ART အခမဲ့ ဆေးကုသပေးခြင်းလျက်ရှိသည်ဟု ဒေါက်တာက ဆက်ပြောသည်။

ပြည်နယ် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာန၏ စာရင်းအရ ဟားခါးမြို့တွင် ၂၀၁၂ ခုနှစ်ကတည်းက ART ဆေးများကို စပေးပြီး ယခု ၂၀၁၉ခုနှစ်၊ ဇွန်လအထိ စုစုပေါင်း (၁၅၆) ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ မင်းတပ်မြို့တွင် ၂၀၁၅ ခုနှစ်၊ ဇွန်လမှစ၍ ART ဆေးများကို စပေးပြီး ယခု ၂၀၁၉ခုနှစ်၊ ဇွန်လအထိ စုစုပေါင်း ၄၄ ဦး၊ ဖလမ်းမြို့တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှစ၍ ART ဆေးကို စပေးပြီး ၂၀၁၉ခုနှစ်၊ ဇွန်လအထိ စုစုပေါင်း (၃၈) ဦး၊ တီးတိန် မြို့တွင် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှစ၍ ART ဆေးများကို စပေးပြီး ယခု ၂၀၁၉ခုနှစ်၊ ဇွန်လအထိ စုစုပေါင်း (၆၅) ဦး ဆေးကုသမှု ခံယူလျက်ရှိသည်ဟု သိရှိရသည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံပြည်နယ်များအနက် HIV/AIDS ရောဂါ ဖြစ်ပွားမှုအမြင့်ဆုံးပြည်နယ်တစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.