• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ ပယ္ခ်ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမရွိ

ခ်င္းျပည္နယ္တြင္ ပယ္ခ်ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမရွိ

0
By Editor on August 25, 2020 Headline

#Unicode

ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသူများတွင် အရည်အချင်းမကိုက်သဖြင့် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူစုစုပေါင်း (၂၁၂) ဦးရှိသည့်အနက် (၂) ဦးမှာ မိမိသဘောဖြင့်ပြန်နှုတ်ထွက်သွားကာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) သာကျန်ရှိတော့ပြီး ၎င်းတို့အားလုံးသည် လည်း အရည်အချင်းသတ်မှတ်ချက်များနှင့် အားလုံးကိုက်ညီကြသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“ကျနော်တို့ စီစစ်တာတော့ ပြီးသွားပြီ ကျနော်တို့ (၂၁၂) ဦး နာမည်စာရင်းတင်တယ် တစ်ဦးက သူဟာသူ ပြန်ရုတ်သိမ်းတယ် အဲဒါကြောင့် (၂၁၁) ပဲကျန်တယ် အဲဒီမှာတော့ နောက်တစ်ဦးကျတော့ မတူပီမြို့နယ်က စီစစ်တဲ့အချိန်မှာ သူ့ဟာသူပြန်ကန့်ကွက်တယ် ကျန်တဲ့လူက ကန့်ကွက်တာတော့မဟုတ်ဘူး ဌာနတစ်ခုမှာ တာဝန်ပေးခြင်းခံရလို့ ပြန်ရုတ်သိမ်းတယ်၊ (၂၁၀) ကျန်တာပေ့ါ စီစစ်တဲ့လုပ်ငန်းတွေကတော့ ပြီးသွားပါပြီ စီစစ်တဲ့အခါမှာတော့ အရည်အချင်းမကိုက်ညီတဲ့သူကိုတော့ မတွေ့သေးဘူး မတွေ့ဘူးပေ့ါနော်” ဟု ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီအသီးသီးတို့မှ ပြီးခဲ့သည့်ဇူလိုင် ၂၅ ရက်နေ့ကစ၍ တင်သွင်းခဲ့ကြပြီး ယင်းအမည်စာရင်း တင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစစ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နိုင်ငံသားဖြစ်သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနို််င်ငံတွင် အနည်းဆုံး (၁၀) နှစ်အခြေချနေထိုင်သူဖြစ်ရမည်ဟုဖော်ပြထာသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည်စာရင်းတင်သွင်းချိန်တွင် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် အသက် (၂၅) နှစ်၊ အမျိူးသားလွှတ်တောအတွက် (၃၀) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟုဖော်ပြထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၂) ပါတီတို့မှ ပြည်နယ်လွှတ်တော် နေရာအတွက် (၉၈) ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် (၆၃) ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက်(၄၉) ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ (၁၃) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

#Zawgyi

ခ်င္းျပည္နယ္တြင္ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အမည္စာရင္းတင္သြင္း ထားသူမ်ားတြင္ အရည္အခ်င္းမကိုက္သျဖင့္ ပယ္ခ်ခံရေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမရွိေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ထံမွသိရသည္။

ခ်င္းျပည္နယ္တြင္ ေရြးေကာက္ပြဲဝင္ၿပိဳင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းသူစုစုေပါင္း (၂၁၂) ဦးရွိသည့္အနက္ (၂) ဦးမွာ မိမိသေဘာျဖင့္ျပန္ႏႈတ္ထြက္သြားကာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၂၁၀) သာက်န္ရွိေတာ့ၿပီး ၎တို႔အားလုံးသည္ လည္း အရည္အခ်င္းသတ္မွတ္ခ်က္မ်ားႏွင့္ အားလုံးကိုက္ညီၾကသည္ဟု ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဦးလင္းေက်ာ္ကေျပာသည္။

“က်ေနာ္တို႔ စီစစ္တာေတာ့ ၿပီးသြားၿပီ က်ေနာ္တို႔ (၂၁၂) ဦး နာမည္စာရင္းတင္တယ္ တစ္ဦးက သူဟာသူ ျပန္႐ုတ္သိမ္းတယ္ အဲဒါေၾကာင့္ (၂၁၁) ပဲက်န္တယ္ အဲဒီမွာေတာ့ ေနာက္တစ္ဦးက်ေတာ့ မတူပီၿမိဳ႕နယ္က စီစစ္တဲ့အခ်ိန္မွာ သူ႔ဟာသူျပန္ကန႔္ကြက္တယ္ က်န္တဲ့လူက ကန႔္ကြက္တာေတာ့မဟုတ္ဘူး ဌာနတစ္ခုမွာ တာဝန္ေပးျခင္းခံရလို႔ ျပန္႐ုတ္သိမ္းတယ္၊ (၂၁၀) က်န္တာေပ့ါ စီစစ္တဲ့လုပ္ငန္းေတြကေတာ့ ၿပီးသြားပါၿပီ စီစစ္တဲ့အခါမွာေတာ့ အရည္အခ်င္းမကိုက္ညီတဲ့သူကိုေတာ့ မေတြ႕ေသးဘူး မေတြ႕ဘူးေပ့ါေနာ္” ဟု ဦးလင္းေက်ာ္ကေျပာသည္။

ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမ်ားကို တစ္သီးပုဂၢလ အပါအဝင္ နိုင္ငံေရးပါတီအသီးသီးတို႔မွ ၿပီးခဲ့သည့္ဇူလိုင္ ၂၅ ရက္ေန႔ကစ၍ တင္သြင္းခဲ့ၾကၿပီး ယင္းအမည္စာရင္း တင္သြင္းလႊာမ်ားကို ၾသဂုတ္လ ၁၁ ရက္မွ ၁၇ ရက္ေန႔အထိ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕က စီစစ္ခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အရည္အခ်င္းသတ္မွတ္ခ်က္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒပုဒ္မ ၈ တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခ်ိန္တြင္ နိုင္ငံသားျဖစ္သူ၊ မဲစာရင္းတြင္ပါဝင္သူ၊ နိုင္ငံသား မိဘႏွစ္ပါးမွေမြးဖြားေသာ နိုင္ငံသားျဖစ္သူ၊ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမာက္ခံရသည့္အခ်ိန္ႏွင့္တစ္ဆက္တည္း ျပည္ေထာင္စုျမန္မာနို္္င္ငံတြင္ အနည္းဆုံး (၁၀) ႏွစ္အေျခခ်ေနထိုင္သူျဖစ္ရမည္ဟုေဖာ္ျပထာသည္။

ထို႔အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားသည္ အမည္စာရင္းတင္သြင္းခ်ိန္တြင္ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီး/ ျပည္နယ္လႊတ္ေတာ္အတြက္ အသက္ (၂၅) ႏွစ္၊ အမ်ိဴးသားလႊတ္ေတာအတြက္ (၃၀) ႏွစ္ျပည့္ၿပီးသူျဖစ္ရမည္ဟုေဖာ္ျပထားသည္။

နိုဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း နိုင္ငံေရးပါတီ (၁၂) ပါတီတို႔မွ ျပည္နယ္လႊတ္ေတာ္ ေနရာအတြက္ (၉၈) ဦး၊ အမ်ိဳးသားလႊတ္ေတာ္ေနရာအတြက္ (၆၃) ဦးႏွင့္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္(၄၉) ဦး စုစုေပါင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၂၁၀) ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္တြင္ နိုင္ငံေရးပါတီ (၁၃) ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀၂ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.