• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် မသန်စွမ်းသူများအသင်းဖွဲ့စည်း

ချင်းပြည်နယ်တွင် မသန်စွမ်းသူများအသင်းဖွဲ့စည်း

0
By Editor on April 15, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်အတွင်း မသန်စွမ်းအရေးဆောင်ရွက်ရန်အတွက် ချင်းပြည်နယ် မသန်စွမ်းသူများအသင်းကို ဧပြီလ (၁၀) ရက်နေ့က ဟားခါးမြို့ CACC (Chin Association For Christian Communication) ခန်းမတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အတည်ပြုပြဌာန်းလိုက်ပြီးဖြစ်သော မသန်စွမ်းဥပဒေနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး များ ကာကွယ်မြှင့်တင်ရေးနှင့် အသိပညာပေးမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မသန်စွမ်းသူများအသင်းကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်မသန်စွမ်းသူများအသင်း ဒုဥက္ကဌ ဦးမောန်ထန်းလိန်း ကပြောသည်။

“ကျွန်တော်တို့ ချင်းပြည်နယ်မှာ မသန်စွမ်းသူများအရေးကို ဆောင်ရွက်ဖို့ အစိုးရကနေ ၂၀၁၇ မှာနည်းဥပဒေ ထွက်သွားပါပြီ ဒီနည်းဥပဒေအတိုင်း ဒီအခုလူဝန်မှုကြီးကြပ်ရေးအောက်မှာကျွန်တော်တို့ ဒီမသန်စွမ်းသူများအရေးကို ဆောင်ရွက်ဖို့ ဒီအသင်းကိုဖွဲ့စည်းထားပါတယ်၊ အခုကျွန်တော်တို့ မြန်မာပြည်မှာမသန်စွမ်းသူများရဲ့ အခွင့်အရေးကို ဘာမှမရှိဘူး ဘာသာရေးဖက်ကသော်လည်း နောက်နိုင်ငံရေးဖက်ကသော်လည်း ဒီမသန်စွမ်းသူများအရေးကို ဆောင်ရွက်တာနယ်နယ်ရရမရှိတဲ့ခါကျတော့ ဒီမသန်စွမ်းသူများလည်းပဲ လူသားထဲက လူသားမွေးရာပါ သူတို့အခွင့်အရေးတွေကို ရရှိနိုင်အောင် ဒီအမြင်တွေဖွင့်ပေးမယ် နောက်ပြီးတော့မှ သူတို့ရဲ့ ပညာရေးကဏ္ဍကိုလည်း သူတို့နှင့် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ကိုယ်တိုင်ကိုက မသန်စွမ်းသူဖြစ်နေတဲ့အခါကျတော့ မသန်စွမ်းများအရေးကို မသန်စွမ်းကပဲပိုနားလည်တဲ့အခါမှာ မသန်စွမ်းအရေးကို မသန်စွမ်းရဲ့ဥပဒေနည်းလမ်းအတိုင်း ကျွန်တော်တို့ကပညာပေးပြီးတော့မှ လက်လျက်ပြီးဆောင်ရွက်ဖို့” လို့ ချင်းပြည်နယ်မသန်စွမ်းသူများအသင်း ဒု-ဥက္ကဌ ဦးမောန်ထန်းလိန်းကပြောသည်။

ယခုလက်ရှိ ချင်းပြည်နယ်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများအား နေရာမပေးခြင်း၊ လစ်လျူရှုမှုများပြားနေသေးသည့်အတွက် မသန်စွမ်းဆိုင်ရာအသိပညာပေးမှု ထိထိရောက်ရောက်လုပ်ဆောင်ရန်လိုအပ်သည်ဟု ဦးမောန်ထန်းလိန်းကပြောသည်။

“ချင်းပြည်နယ်မှက ပညာရေးကဏ္ဍသော်လည်းကောင်း စီးပွားရေးကဏ္ဍသော်လည်းကောင်း ပွဲလမ်းသဘင်ရှိတဲ့အချိန်မှာသော်လည်းကောင်း ဒီမသန်စွမ်းတွေကို နေရာပေးမှုတွေ နောက်ပြီးတော့ ဂရုမစိုက်တာတွေ ဒီဟာတွေက ရှိနေပါသေးတယ် ဒါကြောင့် လူသားထဲကလူသားတွေဖြစ်တဲ့အခါမှာ အခွင့်အရေးတွေလည်း သူတို့ရနိုင်အောင် အမြင်သဘောတွေ အဲဒါမျိုးတွေလုပ်ပေးနိုင်အောင် တကယ့်ကို ကျွန်တော်တို့ချင်းပြည်နယ်မှာ ဒီအရာကိုလုပ်ရဖို့ ပညာပေးဖို့အများကြီးလိုနေသေးပါတယ်၊ အစိုးရဖက်က ပညာရေးပေါ့ ဥပမာ မသန်စွမ်းတွေကတော့ ပညာရေးကဏ္ဍပိုင်းမှာလည်း မိဘကလည်းစပြီးတော့မှ သားသမီးတွေကို အဲလိုမျိုးချို့တည့်တဲ့ မသန်စွမ်းတဲ့လူတွေကို ကျောင်းတက်ဖို့ ပညာပေးဖို့ ဘက်ကစ သူတို့က သိပ်ပြီးတော့မှ ဦးစားမပေးကြဘူး ဆိုတဲ့ခါကျတော့ ဒီကလေးတွေက အိမ်ထောင်မိသားစုကနေပြီးတော့ အမြင်ပွင့်ရန်လိုအပ်လာတယ် ချင်းပြည်နယ် ပညာရေးကဏ္ဍမှာ မသန်စွမ်းသူများပါဝင်မှုမရှိနေတဲ့အခါမှာ နောက်ပြီးတော့မှ အစိုးရဖက်ကလည်း ကျောင်းဆောက်တဲ့အခါမှာ သူတို့အတွက်သွားလာမှုကလည်းခက်ခဲတယ် ဘာကြောင့်လည်းဆိုရင်တက်ရတာစီးရတာကစ ကျောင်းမှာလှေကားအထိပေါ့လေ တက်နိုင်အောင်လွယ်ကူတဲ့အဆင့်မရှိတဲ့အခါမှာ ဒီအစိုးရဖက်မှလည်းပဲ ဒီဟာလည်းတွေကို ပံ့ပိုးနိုင်အောင် အမြင်ပွင့်လာနိုင်အောင် ဆောင်ရွက်မလားဆိုပြီးတော့ ကျွန်တော်တို့ ဦးတည်ထားပါတယ်” ဟု ဦးမောန်ထန်းလိန်း ကပြောသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဖွဲ့စည်းပေးလိုက်သည့် ချင်းပြည်နယ်အတွက် မသန်စွမ်းသူများအသင်းပေါ်ပေါက်လာနိုင်သည့်အပေါ် ဂုဏ်ယူကြောင်း မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (DDI) မှလည်း အတတ်နိုင်ဆုံးဝိုင်းဝန်းပံ့ပူးကူညီသွားမည်ဖြစ်ကြောင်း DDI ဒါရိုက်တာ ကိုယောရှုကပြောသည်။

“ချင်းပြည်နယ်မှာ မသန်စွမ်းသူတွေလှုပ်ရှားဖို့ရန်အတွက်အများကြီး အခက်ခဲရှိမှာဖြစ်တယ် အဲဒါကြောင့် ကျွန်တော်တို့ DDI ကတော့ အတတ်နိုင်ဆုံး ဒီချင်းပြည်နယ် မသန်စွမ်းအဖွဲ့ကို ကျွန်တော်တို့ ပံ့ပိုးပြီး Capacity building တွေလုပ်မှာဖြစ်တယ် ကျွန်တော်တို့ ချင်းပြည်နယ်မှာလည်း လုပ်ငန်းတွေအများကြီးလုပ်ဆောင်မှာဖြစ်တယ်၊ ဒီအရာက ဘယ်အရာအတွက်အကြိုးရှိလာမလဲဆိုတော့ လာမယ့်အနာဂတ်မှာ ဒီချင်းပြည်နယ်မှာရှိတဲ့မသန်စွမ်းသူများအဆင့် ခွဲတာတွေရှိလိုက်မယ် ပြီးရင်မသန်စွမ်းသူတွေမှတ်ပုံတင်တာတွေရှိလိမ့်မယ် ဒီအရာကချင်းပြည်နယ်မှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းနဲ့ လူမှုဝန်ထမ်းနဲ့ ပူးပေါင်းပြီးတော့မှ မသန်စွမ်းအရေးကိုလုပ်ဆောင်ရမယ် ဘာကြောင့်လည်းဆိုရင်တော့ မသန်စွမ်းသူတွေမပါပဲနဲ့ မသန်စွမ်းအရေးလုပ်ဆောင်တာအလကားဖြစ်တယ် ဘာကြောင့်လည်းဆိုရင်တော့ ကိုယ်က ၀က်သားမစားချင်တဲ့အရာကို ၀က်သားကောင်းတယ်ဆိုပြီးတော့ နင်းကန်တိုက်နေတာဖြစ်နေတယ် မသန်စွမ်းအရေးလုပ်ဆောင်နေတဲ့သူတစ်ချို့က အဲဒီအတွက်ကြောင့် မသန်စွမ်းအရေးဆိုရင် မသန်စွမ်းသူတွေပါရမယ်ဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်နယ်အစိုးရက လုပ်ဆောင်ရမယ့်အရာတိုင်းမှာ ဒီချင်းပြည်နယ်မသန်စွမ်းအဖွဲ့အစည်းနဲ့ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ် ဆိုတော့ ချင်းပြည်နယ်မသန်စွမ်းအဖွဲ့တွေဟာဆိုရင်တော့ အစိုးရနဲ့လက်တွဲပြီးတော့အနာဂတ်မှာ လုပ်ဆောင်ရမယ့်အဖွဲ့အစည်းဖြစ်တယ် ကျွန်တော်အယ်မတန်မှ ၀မ်းသာတယ် ဆက်ပြီး ကျွန်တော်တို့ DDI အနေနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပူးသွားမှာဖြစ်ပါတယ်” ဟု ကိုယောရှုကပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ (၂၃) သိန်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ ၄.၆ ရာခိုင်နှုန်းရှိသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ ဒုတိယအများဆုံးပြည်နယ်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.