• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် ကျောင်းဆရာ၊ဆရာမ မရှိသည့်ကျောင်း (၁၅၀) ကျော်ရှိ

ချင်းပြည်နယ်တွင် ကျောင်းဆရာ၊ဆရာမ မရှိသည့်ကျောင်း (၁၅၀) ကျော်ရှိ

0
By Editor on November 3, 2019 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ မရှိသည့် ကျောင်းပေါင်း (၁၅၀) ကျော်ရှိနေကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမ မရှိသည့်ကျောင်း (၁၁၈) ကျောင်းရှိပြီိး မတူပီမြို့နယ်တွင် (၄၅) ကျောင်းရှိနေကြောင်းနှင့် ယင်းကျောင်းများတွင် ဆရာ၊ ဆရာမများခန့်နိုင်ဖို့ ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်နေကြောင်း ပြည်နယ် လူမှုရေး ၀န်ကြီး ဦးပေါင်လွန်မင့်ထန် ကဆိုသည်။

“အခုလို ဖြစ်နေတဲ့နေရာမှာ Teaching Assistant လို့ခေါ်တဲ့ TA စနစ်နဲ့ဘဲ ဖြေရှင်းနိုင်တဲ့အတွက် ကျတော်တို့ TA ကို ၉ တန်းအောင်၊ ၁၀ တန်းအောင်နဲ့ ဘွဲ့ရတဲ့သူလည်းပါမယ်၊ ပလက်ဝမြို့နယ်မှာ ၃၆၀ ဦးကိုခေါ်ပြီး ဖြေရှင်းနေပါတယ်” အောက်တိုဘာလ (၃၁) ရက်နေ့ ချင်းမီဒီယာနှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးက ပြောကြားခဲ့သည်။

မတူပီမြို့နယ်တွင်မူ ကျောင်းဆရာ၊ ဆရာမ မရှိသည့်ကျောင်း ၄၅ ကျောင်းရှိနေပြီး ကျောင်းဆရာ ၁၅၀ ဦးခန့်ထားနိုင်ရန် လူ ၁၄၀၀ ဦး ကျော်ကနေ TA ဖြေဆိုနေကြကာ မကြာခင်မှာ ခန့်ထားရန်ရှိကြောင်း သိရသည်။

“ပြည်ထောင်စုဝန်ကြီးကတော့ ဘွဲ့ရတဲ့သူတွေခေါ်နိုင်ရင် နောက်နောင်မှာလည်း ဆရာအဖြစ် ဆက်လက် ခန့်ထားနိုင်ဖို့ ဆိုထားပေမဲ့ ဒေသခံ လူတွေကိုဦးပေးနေတဲ့အတွက် ဒေသခံလူတွေကို ပထမဦးစားပေး အနေနဲ့ ခန့်ထားမှာဖြစ်တယ်” ဟု ၀န်ကြီးက ဆိုသည်။

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၁၄၉၈ ကျောင်းရှိနေကြောင်း ယင်းကျောင်းများအတွက် ပြည်ထောင်စု အစိုးရမှ ကျောင်း ဆရာ၊ ဆရာမ ၁၀၇၆၉ ဦး ခွင့်ပြုထားသည့်အနက် ၉၅၀၃ ဦးသာ ခန့်ထားနိုင်သေးကြောင်း၊ ကျောင်းဆရာ၊ ဆရာမ ၁၂၆၆ ဦး ခန့်ထားရန် လိုအပ်နေသေးကြောင်း ၀န်ကြီးက ထောက်ပြခဲ့ပါသည်။ လက်ရှိချင်းပြည်နယ် ပညာရေးဦးစီးဌာန၏ မှတ်တမ်းအရ ချင်းပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၅၆၆၇ ဦးရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.