Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ ေရြးေကာက္ဆိုင္ရာအမႈဖြင့္တိုင္းၾကာမႈ (၂) မႈသာရွိ

ခ်င္းျပည္နယ္တြင္ ေရြးေကာက္ဆိုင္ရာအမႈဖြင့္တိုင္းၾကာမႈ (၂) မႈသာရွိ

0
By Editor on December 7, 2020 Headline

#Unicode

By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် အမှုဖွင့်တိုင်းကြားမှု (၂) မှုသာရှိခဲ့သည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။

ယင်းအမှုအဖွင့်တိုင်ကြားမှုမှာ တီးတိန် နှင့် ထန်တလန်မြို့နယ်တို့တွင်ဖြစ်ပွားခဲ့ပြီး အယောင်အဆောင်မဲပေးမှုရှိသည်ဟု ဆိုကာ နိုင်ငံရေးပါတီတစ်ချိူ့က သက်ဆိုင်ရာရွေးကောက်ပွဲ ရပ်ကျေးကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲနေ့မှာပဲ တိုင်ကြားတဲ့အမှုက တီးတိန်မှာ တစ်ခု ထန်တလန်မှာ တစ်ခု နှစ်ခုပဲ ကျနော်တို့ဆီမှာရှိတယ်၊ ဒါကတော့ ရဲရေးပိုင်အမှုဆိုတော့ တချို့ကိစ္စတွေကိုတော့ ကျနော်တို့လည်းသေချာမသိဘူး ဒါကတော့ ကျနော်တို့ဆီတိုင်ထားတဲ့ဟာ အယောင်အဆောင်မဲပေးမှု နဲ့ ကိုယ်စား အယောင်အဆောင်မဲပေးမှု အတူတူပါပဲ ဒီနှစ်ခုပဲရှိခဲ့တယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကာလမတိုင်ခင်က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုကျယ်ကျယ်ပြန့်ပြန့်မပေးနိုင်ခဲ့ သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအချိူ့သည် ရွေးကောက်ပွဲဆိုင်ရာအသိပညာအားနည်းမှုကြောင့်ဖြစ်နိုင်သည်ဟု ဦးလင်းကျော်ကဆက်ပြောသည်။

“မဲဆန္ဒရှင်တွေကို အသိပညာပေးမှု ကောင်းကောင်းမပေးနိုင်တဲ့ဟာတစ်ခုရယ် ကျနော်တို့ဒေသမှ အင်တာနက်မေ ကာင်းတော့ တချို့နေရာတွေမှာလည်း တီဗီလိုင်းတွေလည်းမကောင်းတော့ နားမလည်တဲ့အပိုင်းမှာလည်း ဖြစ်သွားနိုင်တယ်၊ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ မဲမသမာမှုလုပ်တဲ့သဘောလို့တော့ ကျနော်ကတော့မထင်ဘူး ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲအမှုဖွင့်ရတာပေါ့” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် (၂၈၆၃၀၈) ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် (၂၂၂၉၀၅) မဲ၊ ပြည်နယ်လွှတ်တော်တွင် (၂၁၇၁၅၂) မဲ၊ အမျိုးသား လွှတ်တော်တွင် (၂၁၆၉၆၄) မဲ အသီးအသီးရှိကြောင်းသိရသည်။

မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ (၁၁) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၇၁) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

#Zawgyi

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးသြားသည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္တြင္ အမႈဖြင့္တိုင္းၾကားမႈ (၂) မႈသာရွိခဲ့သည္ဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ အတြင္းေရးမွဴး ဦးလင္းေက်ာ္က ေျပာသည္။ 

ယင္းအမႈအဖြင့္တိုင္ၾကားမႈမွာ တီးတိန္ ႏွင့္ ထန္တလန္ၿမိဳ႕နယ္တို႔တြင္ျဖစ္ပြားခဲ့ၿပီး အေယာင္အေဆာင္မဲေပးမႈရွိသည္ဟု ဆိုကာ ႏိုင္ငံေရးပါတီတစ္ခ်ဴိ႕က သက္ဆိုင္ရာေရြးေကာက္ပြဲ ရပ္ေက်းေကာ္မရွင္ထံသို႔ တိုင္းၾကားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ 

ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔အတြင္းေရးမွဴး ဦးလင္းေက်ာ္က “က်ေနာ္တို႔ ေရြးေကာက္ပြဲေန႔မွာပဲ တိုင္ၾကားတဲ့အမႈက တီးတိန္မွာ တစ္ခု ထန္တလန္မွာ တစ္ခု ႏွစ္ခုပဲ က်ေနာ္တို႔ဆီမွာရွိတယ္၊ ဒါကေတာ့ ရဲေရးပိုင္အမႈဆိုေတာ့ တခ်ိဳ႕ကိစၥေတြကိုေတာ့ က်ေနာ္တို႔လည္းေသခ်ာမသိဘူး ဒါကေတာ့ က်ေနာ္တို႔ဆီတိုင္ထားတဲ့ဟာ အေယာင္အေဆာင္မဲေပးမႈ နဲ႔ ကိုယ္စား အေယာင္အေဆာင္မဲေပးမႈ အတူတူပါပဲ ဒီႏွစ္ခုပဲရွိခဲ့တယ္’’ ဟု ေျပာသည္။ 

ခ်င္းျပည္နယ္တြင္ ေရြးေကာက္ပြဲကာလမတိုင္ခင္က ေရြးေကာက္ပြဲဆိုင္ရာအသိပညာေပးမႈက်ယ္က်ယ္ျပန္႔ျပန္႔မေပးႏိုင္ခဲ့ သည့္အတြက္ မဲဆႏၵရွင္ျပည္သူမ်ားအခ်ဴိ႕သည္ ေရြးေကာက္ပြဲဆိုင္ရာအသိပညာအားနည္းမႈေၾကာင့္ျဖစ္ႏိုင္သည္ဟု ဦးလင္းေက်ာ္ကဆက္ေျပာသည္။ 

“မဲဆႏၵရွင္ေတြကို အသိပညာေပးမႈ ေကာင္းေကာင္းမေပးႏိုင္တဲ့ဟာတစ္ခုရယ္ က်ေနာ္တို႔ေဒသမွ အင္တာနက္မေ ကာင္းေတာ့ တခ်ိဳ႕ေနရာေတြမွာလည္း တီဗီလိုင္းေတြလည္းမေကာင္းေတာ့ နားမလည္တဲ့အပိုင္းမွာလည္း ျဖစ္သြားႏိုင္တယ္၊ တမင္တကာရည္ရြယ္ခ်က္ရွိရွိနဲ႔ မဲမသမာမႈလုပ္တဲ့သေဘာလို႔ေတာ့ က်ေနာ္ကေတာ့မထင္ဘူး ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲအမႈဖြင့္ရတာေပါ့” ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။ 

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း မဲဆႏၵရွင္ (၂၈၆၃၀၈) ဦးရွိခဲ့ၿပီး မဲလာေပးသည့္ မဲအေရအတြက္မွာ ျပည္သူ႔လႊတ္ေတာ္တြင္ (၂၂၂၉၀၅) မဲ၊ ျပည္နယ္လႊတ္ေတာ္တြင္ (၂၁၇၁၅၂) မဲ၊ အမ်ိဳးသား လႊတ္ေတာ္တြင္ (၂၁၆၉၆၄) မဲ အသီးအသီးရွိေၾကာင္းသိရသည္။

မဲဆႏၵနယ္ေျမစုစုေပါင္း (၃၉) ေနရာရွိသည့္ ခ်င္းျပည္နယ္တြင္ တစ္သီးပုဂၢလအပါအ၀င္ ႏိုင္ငံေရးပါတီ (၁၁) ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၁၇၁) ဦး၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.