• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အစိုးရအဖွဲ့၏ Covid-19 အရေးဆောင်ရွက်ချက်အပေါ် သဘောထားအမြင်များ

ချင်းပြည်နယ်အစိုးရအဖွဲ့၏ Covid-19 အရေးဆောင်ရွက်ချက်အပေါ် သဘောထားအမြင်များ

0
By Editor on April 30, 2020 Headline

ကမ္ဘာတလွှားဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါကူးစက်ပြန့်ပွားမှုဟာ ဆက်လက်မြင့်မားနေပြီး  မြန်မာနိုင်ငံမှာလည်း ရောဂါပိုးကူးစက်ခံထားရသူ (၁၅၀)ထိမြင့်တက်လာနေပါပြီ။ အဲဒီရောဂါကြောင့် သေဆုံးတဲ့ဦးရေကလည်း (၆) ဦးအထိရှိလာပြီလို့သိရပါတယ်။ 

မြန်မာနိုင်ငံမှာ Covid-19 ရောဂါပိုးကူးစက်ခံထားရတဲ့ ပထမဆုံးလူနာအမှတ် (၁) ကို ချင်းပြည်နယ် တီးတိန်မြိြု့ ပည်သူ့ဆေးရုံးမှာ မတ်လ (၂၃) ရက်နေ့ကတွေ့ရှိခဲ့ကြတာပါ။ ခုအခါမှာတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ပိုးတွေ့လူနာ(၅) ဦး နှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံမှာ (၁) ဦး စုစုပေါင်း ချင်းပြည်နယ်မှာ Covid-19 ပိုးတွေ့လူနာ (၆) ဦးထိ ရှိလာခဲ့ပါပြီ။ (ယနေ့နံနက်ပိုင်း ၁၁ နာရီမှာ တီးတိန်မြို့မှ လူနာအမှတ်(၁) ဟာ နှစ်ကြိမ်ဆက် Negative ပြတာကြောင့် ဆေးရုံကနေဆင်းသွားပါပြီ) 

ဒါဟာ ချင်းပြည်နယ်အစိုးရရဲ့ ရောဂါထိန်းချူပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုတွေ အားနည်းချက်တွေေ ကြာင့်ဖြစ်တယ်ဆိုပြီး အစိုးရအဖွဲ့ကို အားမလိုအားမရဖြစ်မှုတွေ ဝေဖန်သံတွေကျယ်ကျယ်လောင်လောင်တွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်(WHO) ကနေ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါထိန်းချူပ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဘယ်လိုအမြင်ရှိကြပါသလဲ၊ ဒီ Covid-19 ကာလမှာ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘယ်အပိုင်းကို အဓိကထား လုပ်ဆောင်သင့်ပါသလဲ၊ နယ်ပယ်အသီးသီးက ချင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ချင်းနိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Mai Thin Yu Mon (Director, Indigenous Peoples Development Program, CHRO)  

ချင်းပြည်နယ်အစိုးရရဲ့ ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်ရေး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ကျမတို့က ချင်းပြည်နယ်အစိုးရရဲ့ အခန်းကဏ္ဍကို အရမ်းထင်ထင်ရှားရှားကြီး အားရကျေနပ် အောင်ကျမတို့မမြင်ရသေးဘူးလို့ ပြောလို့ရပါတယ် ဒီမြို့နယ်အဆင့်တွေကိုဆင်းလိုက်မယ်ဆိုရင် ဌာနဆိုင်ရာတွေရဲ့ပူးပေါင်းမှုအားလေးကတော့ တဖြည်းဖြည်းလေးနဲ့တော့ရှိလာတယ် အဓိက ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးနဲ့ ကုသရေးကိစ္စတွေမှာ အဓိကအခန်းကဏ္ဍကိုထင်ထင်ရှားရှားကျမတို့ မြင်နေရတာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကဏ္ဍဖြစ်တယ် ဆိုတော့တော်တော်များများက အရပ်ဖက်အဖွဲ့အစည်းတွေကစပြီးတော့ဦးဆောင်နေတာတွေ့ရတယ် အခုလက်ရှိအခြေအနေအရပေါ့။ 

ဘယ်အပိုင်းမှာအားနည်းနေတာလည်းဆိုရင် ဥပမာ Quarantine ဆိုလို့ရှိရင်လည်း ဘယ်သူတွေကိုထားထားလဲ ဘယ်လိုထားထားလဲ နောက်တစ်ခုက အတည်ပြုလူနာတွေဆိုလို့ရှိရင်လည်း သူတို့ကွင်းဆက်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ contact တွေဘယ်သူရှိထားလဲ သူတို့ရဲ့လမ်းကြောင်းကဘယ်လိုရှိလဲ သူတို့ကိုဘယ်လိုအစီအစဉ်နဲ့ကုသမှာလည်း ဘယ်လိုပုံစံထားမှာလည်း နောက်ဒါနဲ့ပတ်သက်လို့ အစိုးရကဘယ်လိုတွေလုပ်ပေးဖို့အစီစဉ်တွေရှိသလဲဆိုတဲ့ တိကျရှင်းလင်းတဲ့အစီအစဉ်တွေအများပြည်သူသိအောင် ချပြပေးတဲ့နေရာမှာအားနည်းနေတယ်လို့မြင်ပါတယ်။ 

နောက်တစ်ချက်ကျမတို့မမေ့ဖို့အရမ်းအရေးကြီးတဲ့အရာက ဘာလဲဆိုရင် ပြည်နယ်အစိုးရအနေနဲ့က ဒီ Lockdown ကာလဟာ အလုပ်လုပ်လို့ လူစုလို့မရတဲ့ကာလဟာ ဘယ်လောက်ထိကြာမလဲဆိုတာအင်မတန်ခက်တယ် ပြည်နယ်အစိုးရအနေနဲ့အဓိကထားပြီးတော့ သူလုပ်ဆောင်သင့်တဲ့အရာက ဘာလဲဆိုရင် အကယ်၍ဒီကာလဟာ တစ်လကြာသွားတယ်ဆိုရင် နေ့စားလုပ်သားတွေ မရှိဆင်းရဲသားတွေ သူတို့ရိက္ခာတွေပြတ်လပ်လာတယ်ဆိုလို့ရှိရင် ဒါကအများကြီးရပ်ရွာအဆင့်မှာ မှုခင်းတွေ ရာဇ၀တ်မှုတွေဖြစ်လာနိုင်တယ် စသဖြင့် နောက်စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်နစ်နာမှုတွေအများကြီးရှိလာနိုင်တယ် ဒါတွေအတွက်အများကြီးထည့်စဉ်းစားသင့်ပြီးတော့မှ အကောင်ထည်ဖော်ဖို့လိုတယ်။ နောက်တစ်ခုကအစိုးရ အစီအစဉ်တွေလုပ်ဆောင်တဲ့နေရာမှာ ဒီ COVID-19 ကိုတုန့်ပြန့်တဲ့အခါမှာ အခုချက်ချင်း အစာရေစာဆိုတာမျိုး ဟိုဆေးဝါးဖြန့်တယ်ဆိုတဲ့ဟာမျိုးထက် ရေတို ရေလတ် ရေရှည်မှာဘယ်လိုသွားမလဲဆိုတဲ့ဟာကို အဓိကစဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တိကျတဲ့ အစီအစဉ်မျိုးနဲ့သွားဖို့ အင်မတန်မှအရေးကြီးပါတယ်။

CS Mung No (COVID-19 Emergency Committee ခေါင်းဆောင်) 

ချင်းပြည်နယ်အစိုးရရဲ့လှုပ်ရှားမှု လှုပ်ရှားတဲ့ပုံစုံတွေက ကျနော့်အနေနဲ့ လုံးဝအားရစရာတစ်ခုမှမရှိဘူး၊ ကျနော်တို့ CSO ဘက်က တီးတိန်ကို Lockdown ချပါဆိုပြီးတော့ ခဏခဏတောင်းတယ် လူနာထပ်မတိုးခင်ကတည်းက တီးတိန်မြို့ကို Lockdown ချပါလို့တောင်းတယ်၊ ဒါပေမဲ့အခုချိန်ထိကအချသေးဘူး အခုချိန်ထိ Lockdown မချတာက ပြည်နယ်အစိုးရကနေ သူတို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုကို မခံရဲလို့ မယူချင်လို့ပဲကျနော်တို့မြင်တယ်၊ တုန့်ပြန်ရေး ရောဂါကာကွယ်ရေးထိန်းချုပ်ရေးပိုင်းမှာ တော်တော်အားနည်းတယ် Case 1 လူနာစတွေ့ကတည်းက ပြည်နယ်အစိုးရကနေ တစ်ယောက်ကို မြို့ပေါ်လာထိုင်ခိုင်းတယ် ဒါပေမဲ့လာထိုင်တဲ့လူကလည်း ပြည်နယ်အစိုးရကလုပ်တဲ့အတွက် သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကျနော်တို့အပေါ်ကိုတင်ပြပေးမယ်ဆိုတာနဲ့ အချိန်ကုန်သွားတယ်။ 

ကုသရေးပိုင်းမှာကျတော့ အခုချိန်ထိတီးတိန်မှာကုသရေး စက်ပစ္စည်းတွေလိုပါတယ်၊ ပြီးတော့ ၀န်ကြီးချုပ်ကိုယ်တိုင်ကိုယ်ကလည်း ပိုးတွေ့လူနာရှိတဲ့နေရာကို အားပေးစကားလာပြောတာလည်းမရှိဘူး၊ ဆိုတော့ ၀န်ကြီးချုပ်ကိုလူပျောက်ကြေညာရမလား၊ အဓိကဦးစားပေးရမှာက ဒေါ်စုကိုယ်တိုင်ပြောသွားတဲ့ ICU တွေကို အပြန်ဆုံးနဲ့ အကောင်ထည်ဖော်ဖို့ ပြီးတော့ တီးတိန်မြို့ပေါ်မှာ အကုန်လုံးမီးရဖို့မဟုတ်ရင်တောင်မှ ဆေးရုံကြီးကို ၂၄ နာရီမီးရဖို့ကို အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဖို့လိုအပ်တယ်၊ ချင်းပြည်နယ်အစိုးရက အရေးပေါ်အတွက်ကားစီစဉ်တာလည်း အခု workshop မှာပဲရှိတယ် အခုချိန်ထိ အရေးပေါ်အဖြစ်အသုံးပြုမယ့် ချင်းပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေတွေမရှိဘူးလား လျာထားငွေတွေမရှိဘူးလား ရှိတယ် ဆိုရင် ဘာဖြစ်လို့အခုချိန်ထိမထုတ်သုံးတာလည်း မေးခွန်းထုတ်စရာဖြစ်တယ်။

Pu Ngai Sak  (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – CNLD) ပူးတွဲဥက္ကဌ

ပြည်နယ်အစိုးရ သက်ဆိုင်ရာ တီးတိန်မြို့နယ်လွှတ်တော်အမတ်တွေရော သွားရောက်ပြီးတော့ ဒီဟာကို လေသံတစ်ခုမှမဟကြဘူး အခုကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာဆိုရင် ၀န်ကြီးချုပ် ၀န်ကြီးတွေက ကိုယ်တိုင်သွားပြီးတော့မေးမြန်းတာတို့ စုံစမ်းတာတို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် သက်ဆိုင်တဲ့မြို့နယ်အသီးသီးမှာ သူတို့သွားရောက်ပြီးတော့မေးမြန်းတာရှိတယ် စုံစမ်းတယ် လက်တွေ့ အဲဒါတွေကျနော်တို့ချင်းပြည်နယ်မှာ လုံးဝမရှိဘူး အံ့သြစရာကောင်းတယ်။ 

လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က သူတစ်ယောက်ပဲ ဟိုသွားဒီသွားနဲ့ လှုပ်ရှားနေရှာတယ်၊ ဒါဟာတကယ်တမ်းကြတော့ သူတစ်ယောက်တည်းရဲ့တာဝန်မဟုတ်ဘူးလေ ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်ဥက္ကဌ အစိုးရအဖွဲ့တစ်ခုလုံးက ဒီဟာနဲ့ ပတ်သက်လို့ဆောင်ရွက်ရမှာပါ ဒါကြောင့်တော်တော်ကိုအားနည်းနေပါတယ်၊ ကျနော်တို့စိတ်မကောင်းတာက ပလက်ဝစစ်ဘေးဒဏ်ကောင်းကောင်းခံရတယ် အဲဒီမှာ Covid-19 ဒဏ်ထပ်ဖြစ်မှာကို ကျနော်တို့စိုးရိမ်တယ်၊ အဲဒီကိစ္စမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်စကားတစ်ခွန်းမှ မဟဘူး လွှတ်တော်ဥက္ကဌစကားတစ်ခွန်းမှမဟ ကျန်တဲ့ဝန်ကြီးတွေဘာမှမပြောဘူး သက်ဆိုင်ရာ ပလက်ဝနယ်ခံသား ၀န်ကြီးဦးစိုးထက်ကပဲ ဒီကိစ္စကိုလိုက်ပြီးတော့ ဆောင်ရွက်နေရသလိုဖြစ်နေတော့ စိတ်တောင်မကောင်းဘူး။ 

တီးတိန်မှာဖြစ်နေတဲ့လူနာဆိုထပ်ထပ်တိုးနေပြီ သူတို့မှာဖြစ်တာက မီးလည်းမမှန်ဘူး နောက်တစ်ခုကလိုအပ်တဲ့အဆောင်အနေထားတွေမရှိဘူး ဒါကတီးတိန်ဘက်ကစပြီး တင်ပြရမှာမဟုတ်ဘူး ချင်းပြည်နယ်အစိုးရကနေ ဘာလိုအပ်သလဲ၊ ကျနော်တို့ပြည်နယ်မှာဖြစ်နေပြီ ဆရာဝန်တွေအတွက်ဘာလိုလဲ ဆရာမတွေအတွက်ဘာလိုလဲ၊ ဘာလုပ်ပေးရမလဲဆိုတာတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံဆွေးနွေးမှုမတို င်ခင် မတ်လ ၂၃ ရက်(ရောဂါစတွေ့သည့်နေ့) လောက်ကတည်းကစလုပ်ရမယ် အခုမှ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီ Video conference ပြောမှ ဒီအသံတွေက ထွက်လာတာကလည်း မဟုတ်သေးဘူး။ 

Tha Tuang (COVID-19 Resources Center-Chin) 

ချင်းပြည်နယ်အစိုးရရဲ့တုံ့ပြန်မှု လုပ်ဆောင်မှုပိုင်းက အတော်လေးအားနည်းတာကိုတွေ့ရတယ်၊ ဒီလို Case ဖြစ်လာပြီဆိုရင် သူတို့ဘက်ကနေအမိန့်ကြော်ငြာစာတွေ တခါတည်းလုပ်ဖို့လိုတယ်၊ ပြည်ထောင်စုကိုသူတို့ပြောနေတာထက် ဒီကိစ္စသည် Pandemic ဖြစ်တယ်အတွက် သူတို့လိုအပ်တဲ့ အမိန့်ကြေညာစာတွေ လုပ်ရမယ်၊ ဒါမလုပ်ဘူး အဲဒါမျိုးဖြစ်တဲ့အတွက်အားနည်းတယ်၊ တစ်ခုရှိတယ် အားရစရာကောင်းတာတစ်ခုက တီးတိန်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားရစရာကောင်းပါတယ်၊ သူတို့လုပ်တာ ရှိတဲ့အားနဲ့ အင်တိုက်အားတိုက်သူတို့လုပ်နိုင်တယ် အဲဒါအားကောင်းတယ်၊ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ပံ့ပိုးမှုပိုင်းကတော့ လုံးဝကျနော်တို့အားရစရာမတွေ့ဘူး၊ ဒီကိစ္စစဖြစ်လာတယ် အမှန်တိုင်းဆိုရင် ဒါဝန်ကြီးချုပ်ကိုယ်တိုင် မြို့ထဲကိုမ၀င်ရင်တောင်မှ ၀န်ကြီးချုပ်အနေနဲ့ ဆင်းပြီးတော့လုပ်သင့် ကြည့်သင့်တယ်ကို င်သင့်တယ်၊ ဒါပေမဲ့ အဲလိုမျိုးကျနော်တို့မတွေ့ရဘူး၊ 

လက်ရှိက ချင်းပြည်နယ်သည်စိုက်ပျိုးချိန်ရောက်လာပြီ ဒီနှစ်စိုက်ပျိုးဖို့သည် ကျနော်ထင်တယ် တော်တော်များများအဆင်ပြေမယ်မထင်ဘူး၊ အထူးသဖြင့် ရောဂါဖြစ်နေတဲ့ ဒေသတွေက စိုက်ပျိုးဖို့သိပ်အဆင်ပြေမှာမဟုတ်ဘူး၊ အဲဒီအခါကျတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ဒီပြည်နယ်သားတွေရဲ့ စားရေးသောက်ရေးအတွက်စီစဉ်ပေးဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့ သမ၀ါယမနည်းလမ်းပုံစံပေါ့နော် အစိုးရကတစ်ချိန်လုံးကျွေးနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီအချိန်မှာ သူတို့အနေနဲ့ သေချာစီမံပြီးတော့မှ ဘယ်လိုလုပ်သင့်လဲ ကုန်စည်တွေကို သူတို့ တစ်နေရာထဲမှာလောင်ထားပြီးတော့မှအရင်းနဲ့ ပြန်ဝယ်လို့ရတဲ့အနေအထားမျိုး အဲလိုလုပ်ပေးသင့်တယ်။ 

နောက်ဆုံးတစ်ချက်အနေနဲ့ ပလက်ဝဖက်မှာရှိတဲ့ စစ်ဘေးဒုက္ခတွေအတွက် စီစဉ်ထားတာမရှိတာကိုတွေ့ရတဲ့အတွက် တော်တော်လေးကိုဝမ်းနည်းဖို့ကောင်းတယ်၊ ဒီနေ့ဒီချိန်ထိ ၀န်ကြီးဦးစိုးထက် တစ်ယောက်ကလွဲလို့ ပလက်ဝ ဆမီးဘက်ကို ဘယ်သူမှမရောက်ကြဘူး ပြီးတော့ တီးတိန်ဆိုလို့ရှိရင်လည်း ဦးမာန်ဟဲလ်ဒါလ်နဲ့ ဦးပေါင်လွန်မင်းထန်ပဲရောက်တာရှိတယ်၊ အဲဒီတော့ ကျနော်တို့မှာ ၀န်ကြီးချုပ်မရှိတော့ဘူးလား အဲဒီတော့ ၀န်ကြီးချုပ်ကဘာလုပ်နေလဲ ကျနော်ကတော့ အဲဒါပဲမေးခွန်းမေးချင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.