• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္း-စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ အတည္ျပဳႏိုင္ၿပီ

ခ်င္း-စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ အတည္ျပဳႏိုင္ၿပီ

0
By Editor on January 14, 2021 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား အင်္ဂလိပ်ခေတ်က စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များ ပြန်လည်ရှာ ဖွေလျှက်ရှိရာ နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၁၀ အထိ ကွင်းဆင်းအတည်ပြုနိုင်ပြီဟု စုံစမ်းသိရှိရသည်။

၁၉၃၈ ခုနှစ်အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် စုစုပေါင်း ၂၁ တိုင်စိုက်ထူခဲ့ ကြပြီး ယင်းဘုတ်တိုင်များကိုပြန်လည်ရှာဖွေကြရာ ယခုအခါ ဘုတ်တိုင် BP အမှတ် ၁၀ အထိ ပြန်လည်ရှာဖွေ အတည်ပြု ပြီဖြစ်ကာ တစ်လ ၅ တိုင်နှုန်းဖြင့်စိုက်ထူသွားကြမည်ဟု ကလေးခရိုင်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ချိူကပြောသည်။

“ အခုက ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လ အထိ တစ်လကို (၅) တိုင်စိုက်ထူမှာ မတ်လကျတော့ (၆) တိုင် အခုလုပ်တာက နစ်နာစရာမရှိဘူး ကောင်းမှုပဲလေ ရှေ့လျှောက်ကောင်းသွားမှာပေါ့ ဘာကောင်းမလဲဆိုတော့ တရားဥပဒေစိုးမိုးရေးတို့ နယ်မြေအေးချမ်းသာယာရေးတို့မှာလည်း ကောင်းသွားမှာ” ဟု ဦးခင်မောင်ချိုကပြောသည်။

အဆိုပါနယ်နိမိတ်ဘုတ်တိုင်ပြန်လည်ရှာဖွေရေးလုပ်ငန်းကို နေပြည်တော်မြေတိုင်းဦးစီးဌာနမှဦးဆောင်၍ ချင်းပြည်နယ်အ စိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အုပ်ချူပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ဒေသခံကျေးရွာ အုပ်ချူပ်ရေး မှူးတို့မှ ပြန်လည်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ချင်းနှင့် စစ်ကိုင်းတိုင် နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၅ အထိကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကွန်ဂရစ်တိုင်ဖြင့် စိုက်ထူခဲ့ကြပြီးဖြစ်ကာ ယခု BP အမှတ် ၆ မှ ၁၀ အထိကို ဇန်နဝါရီလအတွင်း စိုက်ထူကြမည်ဟု သိရသည်။

ယခုပြန်လည်စိုက်ထူကြမည့် နယ်နိမိတ်ဘုတ်တိုင်းများသည် ၁၉၃၈ ခုနှစ် ပြည်ထည်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၆၈၀) နှင့် ၁ လက်မ ၄ မိုင်စကေးမြေပုံအား အခြေခံ၍ ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအၾကား အဂၤလိပ္ေခတ္က စိုက္ထူခဲ့ေသာ နယ္နိမိတ္ဘုတ္တိုင္မ်ား ျပန္လည္ရွာ ေဖြလွ်က္ရွိရာ နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁ မွ ၁၀ အထိ ကြင္းဆင္းအတည္ျပဳႏိုင္ၿပီဟု စံုစမ္းသိရွိရသည္။ 

၁၉၃၈ ခုႏွစ္အဂၤလိပ္ေခတ္က ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ စုစုေပါင္း ၂၁ တိုင္စိုက္ထူခဲ့ ၾကၿပီး ယင္းဘုတ္တိုင္မ်ားကိုျပန္လည္ရွာေဖြၾကရာ ယခုအခါ ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ ျပန္လည္ရွာေဖြ အတည္ျပဳ ၿပီျဖစ္ကာ တစ္လ ၅ တိုင္ႏႈန္းျဖင့္စိုက္ထူသြားၾကမည္ဟု ကေလးခ႐ိုင္အုပ္ခ်ဴပ္ေရးမႉး ဦးခင္ေမာင္ခ်ဴိကေျပာသည္။ 

“ အခုက ဒီဇင္ဘာ ဇန္နဝါရီ ေဖေဖာ္ဝါရီ မတ္လ အထိ တစ္လကို (၅) တိုင္စိုက္ထူမွာ မတ္လက်ေတာ့ (၆) တိုင္ အခုလုပ္တာက နစ္နာစရာမရွိဘူး ေကာင္းမႈပဲေလ ေရွ႕ေလွ်ာက္ေကာင္းသြားမွာေပါ့ ဘာေကာင္းမလဲဆိုေတာ့ တရားဥပေဒစိုးမိုးေရးတို႔ နယ္ေျမေအးခ်မ္းသာယာေရးတို႔မွာလည္း ေကာင္းသြားမွာ” ဟု ဦးခင္ေမာင္ခ်ိဳကေျပာသည္။

အဆိုပါနယ္နိမိတ္ဘုတ္တိုင္ျပန္လည္ရွာေဖြေရးလုပ္ငန္းကို ေနျပည္ေတာ္ေျမတိုင္းဦးစီးဌာနမွဦးေဆာင္၍ ခ်င္းျပည္နယ္အ စိုးရအဖြဲ႔၊ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးအဖြဲ႔၊ သစ္ေတာဦးစီးဌာနႏွင့္ ေဒသခံေက်းရြာ အုပ္ခ်ဴပ္ေရး မွဴးတို႔မွ ျပန္လည္ရွာေဖြခဲ့ၾကျခင္းျဖစ္သည္။

ခ်င္းႏွင့္ စစ္ကိုင္းတိုင္ နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁ မွ ၅ အထိကို ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက ကြန္ဂရစ္တိုင္ျဖင့္ စိုက္ထူခဲ့ၾကၿပီးျဖစ္ကာ ယခု BP အမွတ္ ၆ မွ ၁၀ အထိကို ဇန္နဝါရီလအတြင္း စိုက္ထူၾကမည္ဟု သိရသည္။ 

ယခုျပန္လည္စိုက္ထူၾကမည့္ နယ္နိမိတ္ဘုတ္တိုင္းမ်ားသည္ ၁၉၃၈ ခုႏွစ္ ျပည္ထည္ေရး၀န္ႀကီးဌာနမွထုတ္ျပန္ေသာ အမိန္႔ေၾကာ္ျငာစာအမွတ္ (၆၈၀) ႏွင့္ ၁ လက္မ ၄ မိုင္စေကးေျမပံုအား အေျခခံ၍ ျပန္လည္ေဖာ္ထုတ္ျခင္းျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.