• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းတိုင်းရင်းသား ငါးဦးက မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၁၀ ဦးကို ဖိလစ်ပိုင်မှာ ယနေ့ စတင်တရားစွဲ 
Photo: Thantlang

ချင်းတိုင်းရင်းသား ငါးဦးက မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၁၀ ဦးကို ဖိလစ်ပိုင်မှာ ယနေ့ စတင်တရားစွဲ 

0
By Editor on October 25, 2023 Headline

(006SV)

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ရာဇဝတ်ကျူးလွန်ခဲ့မှုအတွက် တရားစွဲဆိုနိုင်ရန် ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနတွင် ယနေ့မှာ စတင်လျှောက်ထားသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု၊ အလောင်းများကို ဖျက်ဆီးမှု၊ နေအိမ်ရာပေါင်းများစွာနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးမှု၊ လူသားစာနာအကူအညီများကို လက်နက်တစ်ခု ကဲ့သို့ အသုံးချမှုများကြောင့် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။

“စစ်ကောင်စီတပ်တွေက ပါစတာအပါအဝင်ခရစ်ယာန်ပြည်သူတွေကို သတ်ဖြတ်တာ၊ ဘုရားကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျ ကျူးလွန်းခဲ့တာဖြစ်တယ်။ စစ်တပ်ရဲ့ မြန်မာပြည်က ခရစ်ယာန် တွေကို ဒီလိုဆက်လက်ကျူးလွန်နေမှုနဲ့ ပတ်သက်လို့ ကျနော်တို့ တရားမျှတမှု ရရှိဖို့ ဖိလစ်ပိုင်က ပြည်သူတွေလည်း ထောက်ခံကူညီပေးကြပါ” ဟု တရားစွဲသည့် ချင်းတိုင်ရင်းသား ငါးဦးထဲက တစ်ဦးဖြစ်သူ Salai Ling က ပြောသည်။

Salai Ling သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ဒုတိယအမှူဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်ပါသည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း ခံရသော နှစ်ချင်းခရစ်ယာန်အဖွဲ့ အသင်းလူကြီး ပူးရာလ်တူ၏ သမီးနှင့် ပါစတာကျုုံးဗျက်ဟုမ်၏ ဦးလေးအပါအဝင် ချင်းတိုင်းရင်သား ငါးဦးတို့က ထန်တလန်မြို့မှာ ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို နိုင်ငံ တကာလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ တရားစွဲဆိုရန် လျှောက်ထားခြင်းဖြစ်သည်။

ပူးရာလ်တူသည် ၂၀၂၁ ခုနှစ် စက်တင်ဘာ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပါတစတာ ကျုံးဗျက်ဟုမ် သည်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့တွင် ချင်းအမျိုးသား ၂၅၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ်နှင့် အဆောက်အဦး ပေါင်း ၂၀၀၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့သည့်အပြင် ချင်းတိုင်းရင်းသား ၆ သောင်းကျော်က အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.