• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်နေ

ချင်းပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်နေ

0
By Editor on August 23, 2022 Headline

ချင်းပြည်နယ်တွင် လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး လိုသလောက် ဝယ်ယူ၍မရတော့သည့်အတွက် ပြည်သူများ အခက်ကြုံနေကြရကြာင်း ဒေသခံများထံမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးများသော ချင်းပြည်နယ်တွင် ယခုကဲ့သို့ ဓာတ်ဆီဈေးနှုန်း များမြင့်တက်လာသည့်အပြင် ဝယ်ယူရန်ပင်ရှားပါးလာခြင်းကြောင့် ခရီးသွားလားခြင်း၊ အငှါးယာဉ်လိုင်းပြေးဆွဲခြင်းလုပ်ငန်းများတွင်လည်း အခက်အခဲများ ကြုံတွေနေကြရသည်။

ဟားခါးမြို့ဒေသခံတစ်ဦးက “မနေ့က သူငယ်ချင်းကဝယ်ခိုင်းလို့ ၅ ဂါလံကို ကျပ် (၈) သောင်းနဲ့ တချို့နေရာဆိုရင် (၉) သောင်းလောက်ရှိတယ်၊ ဝယ်ဖို့က ရှိတော့ရှိသေးတယ် အဲ့လောက်အများကြီးတော့ မဟုတ်ဘူး၊ ဆိုင်ပိတ်တဲ့သူတွေလည်းရှိတယ် သူတို့ရောင်းဖို့ မရှိတော့ဘူးဆိုပြီးမှ။ ဟားခါးဖက်ဆိုရင်တော့ ဓာတ်ဆီကုန်တယ်ဆိုရင်တော့ ဆိုင်ကယ်သမား၊ ကားသမားဆိုရင်တော့ အခက်အခဲတွေအများကြီးရှိတာပေါ့” ဟု ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင်လည်း ဓာတ်ဆီတစ်လီတာကို ကျပ်ငွေ ၅၀၀၀ အထိပေးဝယ်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဓာတ်ဆီဈေးက တစ်လီတာကို (၅) ထောင်ကနေ (၇) ထောင်ပတ်ဝန်းကျင်လောက်ရှိမယ်၊ မနေ့ကမေးကြည့်တော့ တဆိုင်နဲ့တဆိုင်လည်း မတူဘူး အဲ့လိုဖြစ်သွားတယ်။ ဝယ်ဖို့က မရှိဘူး သယ်ဖို့တောင်မှ အရမ်းခက်ခဲတယ်၊ တစ်လီတာတောင်မှ ရဖို့က အနိုင်နိုင်ဖြစ်နေတယ်” ဟု မတူပီဒေသခံက ပြောသည်။

တီးတိန်မြို့တွင်လည်း ဓာတ်ဆီဈေးမြင့်တက်နေပြီး တစ်လီတာကို ကျပ်ငွေ ၃၇၀၀ ခန့်ရှိပြီး လိုသလောက်ဝယ်ယူ၍မရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“တီးတိန်ကတော့ ဓာတ်ဆီတစ်လီတာကို ၃၇၀၀ ကျော်ကျော်လောက်ရှိတယ်၊ နာရီပိုင်းလိုက်ဈေးနှုန်းကလည်း တက်နိုင်တယ် ပြောလို့မရဘူး ဆိုင်ကယ်ပါလာမှ ဆိုင်ကယ်တိုင်ကီထဲ အပြည့်ထည့်ပေးတယ် ပါဆယ်ဆွဲလို့မရဘူး ကားဆိုရင်လည်း ဒီလိုပါပဲ ဆီဆိုင်တွေကတော့ ပိတ်တာတော့မရှိသေးဘူး ဒါပေမယ့် သိပ်မများလောက်တော့ဘူးထင်တာပဲ” ဟု တီးတိန်ြမို့ခံတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီက စားသောက်ကုန်ပစ္စည်းနှင့် စက်သုံးဆီသယ်ယူပို့ဆောင်ခြင်းများကို ပိတ်ပင်ခဲ့ သောကြောင့် လက်ရှိတွင် ဓာတ်ဆီ (၅) ဂါလံကို (ကျပ် ၆၀၀၀၀မှ ၇၀၀၀၀) အထိ ပေးဝယ်နေရပြီး ပလက်ဝမြို့တွင်လည်း ဓာတ်ဆီတစ်ဂါလံကို ကျပ် တစ်သောင်းလေးထောင်ဖြင့် ဝယ်ယူရသည်ဟု ဒေသခံများထံမှသိရသည်။

ယခုလက်ရှိ ချင်းပြည်နယ်၏ မြို့ကြီးများအလုံးတွင် ဓာတ်ဆီပြတ်လပ်သွားသည့်အဆင့်ထိ မရောက်သေးသော်လည်း အဆမတန်ဈေးမြင့်တက်သည့်အပြင် ဝယ်ယူရန်ပင် အလွန်ခက်ခဲသည့်အခြေအနေ ဖြစ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.