• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ဖို့ စစ်ကောင်စီထံ ခွင့်တောင်းဖို့လို

ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ဖို့ စစ်ကောင်စီထံ ခွင့်တောင်းဖို့လို

0
By Editor on February 15, 2023 Headline

စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာခံထားရသော ချင်းပြည်နယ်မှာ ဘာသာရေးအသင်းတော်တွေအနေနဲ့ ဘုရားကျောင်းတက် ဝတ်ပြုကိုးကွယ်မှု အစီစဉ်ပြုလုပ်မယ်ဆိုရင် စစ်ကောင်စီထံ တစ်ပတ် ကြိုတင်ခွင့်ပြုချက်တောင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တို့မှာ ညမထွက်ရအမိန့်နဲ့ လူ ၅ ဦးထက် ပိုမစုရအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအမိန့်ထုတ်ပြန်ချက်တွေကြောင့် ခရစ်ယာန်ဘာသာဝင် ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ ဘုရားကျောင်း ပုံမှန်တက်ဖို့အခက်အခဲနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိရင် ဘုရားကျောင်းတက်ရောက်ခွင့်တောင် မရှိတော့တဲ့အနေအထားမှာရှိနေတယ်လို့ ဖလမ်းမြို့က ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါးက ပြောပါတယ်။

“သူတို့ပြောချက်အရဆိုရင် မာရှယ်လောထုတ်ထားတဲ့အတွက်ကြောင့် လူ ၅ ဦးထက်ပိုတဲ့ဟာက အကုန်လုံးခွင့်ပြုချက်တင်ရမယ်လို့ဆို တနင်္ဂနွေဝတ်ပြုဖို့အတွက် ခွင့်ပြုချက်တင်ရမယ်ဆိုပြီး အသင်းတော်တွေကို အကြောင်းကြားလို့ ဝတ်ပြုစည်းဝေးလုပ်ဖို့ တင်ရတယ်၊ ကျနော်တို့ဘုရားကျောင်းဆိုရင် ဘယ်ချိန်ကနေ ဘယ်ချိန်ထိ လူဘယ်နှစ်ယောက်တက်မယ် အဲလိုတင်ရတယ်၊ အဲဒါကျမှပဲ တနင်္ဂနွေနေ့မှာ သူတို့ရဲ့ခွင့်ပြုချက်အရ ကျနော်တို့ ပြန်တက်ရမှာဖြစ်တယ်၊ သူတို့ရဲ့ တစုံတရာထုတ်ပြန်ချက် မရှိမချင်းတော့ ဒီတိုင်းပဲတင်ရမယ်ဆိုပြီး ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေက ညွှန်းကြားထားတယ်။ ခွင့်ပြုချက်မရဘဲနဲ့တော့ ဝတ်ပြုစည်းဝေးခွင့်၊ ဘုရားကျောင်း မတက်နိုင်တဲ့သဘော ဖြစ်သွားတယ်” ခရစ်ယာန်သင်းအုပ်ဆရာ တော်တစ်ပါးက ပြောပါတယ်။

အသင်းတော်တာဝန်ရှိသူတွေအနေနဲ့ တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြုမယ့်အစီစဉ်အတွက် တနင်္လာနေ့တိုင်းမှာ ခရိုင်ထွေအုပ်ရုံးကို တစ်ပတ် ကြိုတင်ခွင့်ပြုချက် တင်ပြရမယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီက အမိန့်ထုတ်ထားတာဖြစ်ပြီး တစ်စုံတစ်ရာ အမိန့်ပြောင်းလဲထုတ်ပြန်ချက်မရှိမခြင်း ဒီတိုင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက်လို့ဆိုပြီး မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ည ၆ နာရီကနေ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်မှာ သွားလာခြင်းမပြုဖို့၊ နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်း လူ ၅ ဦးနဲ့ လူ ၅ ဦးထက်ပို ၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက် ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နဲ့ မီးလောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်းမပြုရဆိုပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

တီးတိန်မြို့နယ်မှာလည်း ဘုရားကျောင်းဝတ်ပြုခွင့်၊ အသုဘအစီအစဉ်၊ မင်္ဂလာပွဲအခမ်းအနားတွေ ကျင်းပမယ်ဆိုရင် စစ်ကောင်စီထံ ကြိုတင်ခွင့်ပြုမိန့်တောင်းခံနေရတယ်လို့ တီးတိန်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

“အသုဘရှိတယ်ဆိုရင် ဘယ်ချိန်မှာချမလဲ၊လာမယ့်သူက ဘယ်နှစ်ယောက်ရှိမလဲခန့်မှန်းလူအင်အား၊ ပြီးတော့ မင်္ဂလာ ဆောင်ပွဲဆိုရင်လည်း တပတ်ကြိုတင်၊ တင်ရမယ်၊ တခြားဘာသာရေးအဖွဲ့အစည်းကလည်းတခြားအစီအစဉ်ရှိရင်လည်း ကြိုတင်ခွင့်ပြုမိန့် တင်ဖို့ပြောထားတာရှိတယ်။ ဒီလိုမျိုးလုပ်တာက ဘာသာရေးအပိုင်းကိုလည်း နည်းနည်းထိပါးလာတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ လုံးဝကို လက်တွေ့မကျဘူး” လို့ တီးတိန်မြို့ခံကပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်ပိုင်းမှာ နေ့စဉ်လူမှုရေးပိုင်းမှာ ပိုမိုခက်ခဲလာနေတဲ့အပြင် လွတ်လပ်စွာကိုးကွယ်ခွင့်တွေပါ ဆုံးရှုံးလာတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ခရစ်ယာန်သင်းအုပ် ဆရာတော်တစ်ပါးက ပြောပါတယ်။

“အသင်းတော်ရဲ့အထူးအစီစဉ်တွေ နှစ်ပတ်လည်အစည်းအဝေးတို့နောက် တရားဟောပြောပွဲဒါမျိုးတွေကျင်းပမယ်ဆိုရင် တော့ ဒါမျိုးကတော့အရင်တုန်းကတည်းက တင်ရတယ်ဆိုတော့ စောဒကတက်စရာမရှိဘူး အခုပုံမှန်ဝတ်ပြုအစည်း အဝေးတောင်မှ လွတ်လွတ်လပ်လပ်မလုပ်နိုင်တဲ့အပေါ်မှာတော့ ကျွန်တော်တို့ အနေနဲ့တော့ အင်မတန်မှ ဝမ်းနည်းစရာ ဖြစ်တယ်လို့မြင်တယ်၊ ဆိုရင် ညက အသုဘဆို ၂ ခုရှိတယ်။ သွားရလာရတာ အင်မတန်မှခက်ခဲမှုတွေ အများကြီးရှိတယ်။ လူမှုရေးတွေပါထိခိုက်တဲ့အတွက်ကြောင့် အသုဘအိမ်မှာတောင်မှ ကိုယ့်အမျိုးတွေဖြစ်ရင်တောင်မှ မသွားနိုင်မလာနိုင်တဲ့ အခြေအနေဖြစ်တယ်” လို့ ဆရာတော်က ပြောပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်နေ့မှာ နောက်ထပ် ၆ လ အာဏာသက်တမ်း ထပ်တိုးလိုက်သည့်အပြင် စစ်ရေးတင်းမာနေသော ချင်းပြည်နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်တို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာခဲ့တာဖြစ်ပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ယခုဆိုရင် ပလက်ဝမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ မြို့နယ်စလုံးကို စစ်အုပ်ချုပ်ရေး ကြေညာထားသလို စစ်ရေးအခြေအနေတင်းမာလျှက်ရှိပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.