• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

ချင်းပြည်နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

0
By Editor on March 15, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်ရှိ မြို့နယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖော်ထုတ်ရာတွင် ပါဝင်သည့် သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်းကို ရာဇသတ်ကြီးပုုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထား သည် ဟု သိရသည်။
မတူပီမြို့တွင် လွတ်တော်အမတ်အပါအဝင် ဆန္ဒပြရာတွင်ပါဝင်သော လူ (၆) ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ၎င်းတို့၏ ဓာတ်ပုံများကို လူအသွားအလာများသော နေရာများတွင် ရဲနှင့်စစ်တပ်များက မတ်လ (၁၄) နေ့တွင်လိုက်ကပ်ထားကြောင်းမြို့ခံတစ်ဦးကပြောသည်။
“လွတ်တော်အမတ်ပါတယ်၊ NLD ပါတီ ဥက္ကဌ အပါအဝင် နောက်ထပ် ၄ ယောက်ကတော့ သပိတ်မှာ လှုပ်ရှားတဲ့သူတွေကို သူတို့က ဝရမ်းထုတ်တာ၊ ဝရမ်းပြေးထုတ်ပြီးတော့ စာကပ်တာက မနေ့ကပဲ ကပ်တာ ဒါပေမယ့် ဖမ်းဖို့လုပ်တာကတော့ အရင်ကတည်းကလုပ်တာ၊ စာမကပ်ခင်ကတည်းက ဖမ်းဖို့လိုက်ရှာနေကြတာ၊” ဟု မတူပီ မြို့ခံတစ်ဦးက ပြောသည်။
မတူပီမြို့ ဖမ်းဝရမ်းထုတ်ခံရသူများတွင် ဦးပါထန်း၊ ဦးအောင်ထန်း၊ ဆရာမ ဒေါ်လှမေ၊ ဦးရန်ပို်င်ဖြိုး၊ ဒေါ်ချိုချိုဇင်မာညွှန့် နှင့် ဦးမြတ်မင်းတို့ဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ဆန္ဒပြဦးဆောင်သူ (၅) ဦးကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် မတ်လ (၁၃) ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားပြီး လူအသွားအလာများသောနေရာများတွင် ရဲနှင့်စစ်သားများ က ၎င်းတို့၏ ဓာတ်ပုံများကို လိုက်ကပ်ထားသည် ဟုသိရသည်။
ဟားခါးမြို့ ဖမ်းဝရမ်းအထုတ်ခံရသူများမှာ Salai Ngun San Aung၊ Dr Biak Cung Lian၊ Salai Van Tin Lian၊ Salai Elishama နှင့် Ni Ceu တို့ဖြစ်ကြသည်။
အလားတူ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း လူ (၂) ဦးကို ပုဒ်မ ၅၀၅ (ခ) သဘာဝဘေးစီမံဥပဒေ ဖြင့် အမှုဖွင့်ခံထားရပြီး ဖလမ်းမြို့တွင်လည်း ဆန္ဒပြလူငယ်ခေါင်းဆောင် (၂) ဦးကို ပုဒ်မ ၅၀၅(က) ၊ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ပြီး ယနေ့မနက်ပိုင်းတွင် ဓာတ်ပုံများကိုလိုက်ကပ်ကြောင်းသိ ရသည်။
ဖလမ်းမြို့မှ ဖမ်းဝရမ်းထုတ်ခံရသူများမှာ လူငယ်အဖွဲ့ဥက္ကဌ ဗျက်လျန်ဆန်းနှင့် CNLD ပါတီ ဖလမ်းမြို့လူငယ်အတွင်း ရေးမှုး ဒေးဗစ်နယူး တို့ဖြစ်ကြသည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် အာမခံပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၃) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္မ်ားတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပေဖာ္ထုတ္ရာတြင္ ပါဝင္သည့္ သပိတ္ေခါင္းေဆာင္ ၁၀ ဦးထက္မနည္းကို ရာဇသတ္ႀကီးပုုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ထားၿပီး ဖမ္းဝရမ္းထုတ္ထား သည္ ဟု သိရသည္။
မတူပီၿမိဳ႕တြင္ လြတ္ေတာ္အမတ္အပါအဝင္ ဆႏၵျပရာတြင္ပါဝင္ေသာ လူ (၆) ဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ၿပီး ၎တို႔၏ ဓာတ္ပုံမ်ားကို လူအသြားအလာမ်ားေသာ ေနရာမ်ားတြင္ ရဲႏွင့္စစ္တပ္မ်ားက မတ္လ (၁၄) ေန႔တြင္လိုက္ကပ္ထားေၾကာင္းၿမိဳ႕ခံတစ္ဦးကေျပာသည္။
“လြတ္ေတာ္အမတ္ပါတယ္၊ NLD ပါတီ ဥကၠဌ အပါအဝင္ ေနာက္ထပ္ ၄ ေယာက္ကေတာ့ သပိတ္မွာ လႈပ္ရွားတဲ့သူေတြကို သူတို႔က ဝရမ္းထုတ္တာ၊ ဝရမ္းေျပးထုတ္ၿပီးေတာ့ စာကပ္တာက မေန႔ကပဲ ကပ္တာ ဒါေပမယ့္ ဖမ္းဖို႔လုပ္တာကေတာ့ အရင္ကတည္းကလုပ္တာ၊ စာမကပ္ခင္ကတည္းက ဖမ္းဖို႔လိုက္ရွာေနၾကတာ၊” ဟု မတူပီ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
မတူပီၿမိဳ႕ ဖမ္းဝရမ္းထုတ္ခံရသူမ်ားတြင္ ဦးပါထန္း၊ ဦးေအာင္ထန္း၊ ဆရာမ ေဒၚလွေမ၊ ဦးရန္ပို္င္ၿဖိဳး၊ ေဒၚခ်ိဳခ်ိဳဇင္မာညႊန႔္ ႏွင့္ ဦးျမတ္မင္းတို႔ျဖစ္ေၾကာင္းသိရသည္။
ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္လည္း ဆႏၵျပဦးေဆာင္သူ (၅) ဦးကိုလည္း ပုဒ္မ ၅၀၅ (က) ျဖင့္ မတ္လ (၁၃) ရက္ေန႔တြင္ ဖမ္းဝရမ္းထုတ္ထားၿပီး လူအသြားအလာမ်ားေသာေနရာမ်ားတြင္ ရဲႏွင့္စစ္သားမ်ား က ၎တို႔၏ ဓာတ္ပုံမ်ားကို လိုက္ကပ္ထားသည္ ဟုသိရသည္။
ဟားခါးၿမိဳ႕ ဖမ္းဝရမ္းအထုတ္ခံရသူမ်ားမွာ Salai Ngun San Aung၊ Dr Biak Cung Lian၊ Salai Van Tin Lian၊ Salai Elishama ႏွင့္ Ni Ceu တို႔ျဖစ္ၾကသည္။
အလားတူ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္လည္း လူ (၂) ဦးကို ပုဒ္မ ၅၀၅ (ခ) သဘာဝေဘးစီမံဥပေဒ ျဖင့္ အမႈဖြင့္ခံထားရၿပီး ဖလမ္းၿမိဳ႕တြင္လည္း ဆႏၵျပလူငယ္ေခါင္းေဆာင္ (၂) ဦးကို ပုဒ္မ ၅၀၅(က) ၊ (ခ) ျဖင့္ ဖမ္းဝရမ္းထုတ္ၿပီး ယေန႔မနက္ပိုင္းတြင္ ဓာတ္ပုံမ်ားကိုလိုက္ကပ္ေၾကာင္းသိ ရသည္။
ဖလမ္းၿမိဳ႕မွ ဖမ္းဝရမ္းထုတ္ခံရသူမ်ားမွာ လူငယ္အဖြဲ႕ဥကၠဌ ဗ်က္လ်န္ဆန္းႏွင့္ CNLD ပါတီ ဖလမ္းၿမိဳ႕လူငယ္အတြင္း ေရးမႈး ေဒးဗစ္နယူး တို႔ျဖစ္ၾကသည္။
ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) သည္ အာမခံေပးခြင့္မရွိေသာ ပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္ (၃) ႏွစ္အထိ က်ခံနိုင္ၿပီး ေငြဒဏ္လည္းက်ခံနိုင္ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.