• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်းကြီးများအားလုံး ဝန်ကြီးအိမ်ရာမှ ယနေ့ထွက်ခွါကြမည်
ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်းကြီးများအားလုံး ဝန်ကြီးအိမ်ရာမှ ယနေ့ထွက်ခွါကြမည်
0
By Editor on March 3, 2021 Headline
#Unicode
By မာဂရက် – ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌများအပါအဝင် ဝန်ကြီးများအားလုံးကို ဝန်ကြီးအိမ်ရာမှ ထွက်ခွါကြရန် စစ်ကောင်စီကအမိန့်ထုတ်ပြန်လိုက်ပြီး ယနေ့ညနေပိုင်း ၆ နာရီအတိုင်ခင် မိမိနေအိမ်များသို့ အသီးသီးပြန်ကြမည်ဟု ချင်းပြည်နယ်၊ လူူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။
“ မနေ့က ညနေပိုင်း ၅ နာရီလောက်လာပြောပါတယ်၊ ဒီနေ့ ညနေ ၆ နာရီ အပြီးပေါ့ သွားလို့ရပြီ ပြန်လို့ရပြီ၊ ဝန်ကြီးချုပ်တို့ ဥပဒေချုပ်တို့ရောအားလုံးပါပဲ၊ ကိုယ့်အိမ်ကိုပဲပြန်ရ မယ်၊ ဒီမှာဆိုရင် အပြင်မထွက်ရဘူး၊ ကိုယ့််အိမ်မှာနေရတော့မယ်ဆိုရင် အချုပ်အနှောင်မရှိတော့ဘူးပေါ့ သူတို့က အာဏာသိမ်းတယ်လို့မပြောပေမယ့်လည်း အစိုးရလုပ်ငန်းကို အုပ်ချုပ်ရေး ကောင်စီက တာဝန်ယူတာဆိုတော့လေ ဝန်ကြီးအဟောင်းတွေကို ပြန်ခိုင်းတဲ့သဘောဖြစ်မယ်ထင်တယ်။” ဟု ဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်သည် ဟားခါးမြို့ရှိ ဝန်ကြီးအိမ်ရာမှ ယနေ့မွန်းလွဲပိုင်းတွင်ထွက်ခွါပြီး နေပြည်တော်ရှိ နေအိမ်သို့ပြန်သွားမည်ဟုလည်း လူမှုရေး ဝန်ကြီးကပြောသည်။
ချင်းပြည်နယ် ဝန်ကြီးချူပ်ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌဦးဇိုဘွဲ့အပါအဝင် ချင်းပြည်နယ်ဝန်ကြီးအားလုံးသည် တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖမ်းဆီးခံခဲ့ကြရပြီး ဝန်ကြီးအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံနေကြရခြင်းဖြစ်သည်။
#Zawgyi
By မာဂရက် – ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌများအပါအ၀င် ဝန်ကြီးများအားလုံးကို ဝန်ကြီးအိမ်ရာမှ ထွက်ခွါကြရန် စစ်ကောင်စီကအမိန့်ထုတ်ပြန်လိုက်ပြီး ယနေ့ညနေပိုင်း ၆ နာရီအတိုင်ခင် မိမိနေအိမ်များသို့ အသီးသီးပြန်ကြမည်ဟု ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ
မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်
ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
September 28, 2023
ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ
September 26, 2023
စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း
September 26, 2023
“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း
September 21, 2023
“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.