Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ချင်းပြည်၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ မပါဝင်လာနိုင်သေးတဲ့ အစုအဖွဲ့တွေ ပါဝင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်”

“ချင်းပြည်၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ မပါဝင်လာနိုင်သေးတဲ့ အစုအဖွဲ့တွေ ပါဝင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်”

0
By Editor on March 13, 2024 Featured

(006SV)

တော်လှန်ရေးကာလ ချင်းပြည်ကို ဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖေဖော်၀ါရီလ ၁ ရက်နေ့က ချင်းလဲန်းကောင်စီက ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်လကျော်ကျော်ခန့် ရှိလာပြီဖြစ်သည်။

၀န်ကြီးချုပ် ဦးပါထန်း ဦးဆောင်သည့် ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံကိန်းများချမှတ်ကာ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

ကန့်ကွက်မှုကြားမှ ပေါ်ပေါက်လာသော ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ဘာတွေကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီလဲ၊ အနာဂတ်ချင်းပြည်တည်ဆောက်ရေးအတွက် ဘယ်လိုအစီအမံများချမှတ်ဆောင်ရွက်နေပြီလဲ၊ လက်ရှိချင်းနိုင်ငံရေးအခင်းအကျင်း အပေါ်ဘယ်လိုသဘောထားရှိပါလဲ၊ ယင်းအခြေအနေများနှင့်ပတ်သက်၍ ချင်းပြည်၀န်ကြီးချုပ် ဦးပါထန်းကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

KMG – ချင်းပြည်အစိုးရအဖွဲ့ ယန္တရား လည်ပတ်နေမှု အခြေအနေတွေကို ပြောပြပေးပါဦးဆရာ။ချင်းပြည်အစိုးရဲ့ ရက် ၁၀၀ စီမံကိန်းအရ မြို့နယ်နဲ့ ဒေသတွေက ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။ အကောင်အထည်ဖော်မှုက ဘယ်လိုအခြေအနေတွေ ရှိနေပါပြီလဲခင်ဗျာ။

ဝန်ကြီးချုပ် – ချင်းပြည်၊ ချင်းလဲန်းအုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကတော့ အခုထိ လုပ်ဆောင်နေဆဲပဲ။ လာမယ့် ဧပြီလထဲ မှာလည်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးကို ဖိတ်ထားတယ်။ သူတို့နဲ့ကျနော်တို့ ဆွေးနွေးတိုင် ပင်မယ်၊ ချိတ်ဆက်မယ်၊၊ အဓိကက သူတို့နဲ့ အတူတူ လက်တွဲပြီးမှ ပညာရေးကဏ္ဍနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေ ၊ နောက်ပြီးမှ လူသားစာနာကဏ္ဍတွေလည်း အများကြီး ဆောင်ရွက်စရာ ရှိတယ်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေ လည်း ဆောင်ရွက်စရာ ရှိတယ်။ အခု ဆောင်ရွက်နေဆဲ၊ လုပ်ဆောင်နေဆဲအနေအထားမှာပဲ ရှိသေးတယ်။

KMG – ချင်းလဲန်းအစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ မတ်လ ၇ ရက်က တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံ ဆွေးနွေးမှုမှာ ဘယ်နှစ်ဖွဲ့ တက်ရောက်ခဲ့ပြီးတော့ ဘာတွေကို ဆွေးနွေးခဲ့ကြပါသလဲခင်ဗျာ။

ဝန်ကြီးချုပ် – CSOs ၊ NGOs တွေနဲ့ တွေ့ဆုံတဲ့ အခန်းကဏ္ဍကတော့ ဘာပဲဖြစ်ဖြစ် CSOs ၊ NGOs တွေဟာ ချင်းပြည်၊ ချင်းလဲန်းအတွက် အရေးပါတယ်။ သူတို့နဲ့ ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ အဓိကက ကျနော်တို့ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ NGO တွေရဲ့ ဆောင်ရွက်ချက်တွေက အိုဗာလစ်(Overlap) ဖြစ်နေတာတွေ အများကြီးရှိတယ်။ တချို့ ဒေသ မှာတော့ ထောက်ပံ့မှုတွေ အကြိမ်ကြိမ် ရပြီးတော့ တချို့ဒေသတွေမှာ ထောက်ပံ့မှုတွေ မရဘူးဆိုတဲ့ မျှမျှတတဖြစ်နိုင်အောင် တွေ့ဆုံ ဆွေးနွေးကြတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ CSO ၊ NGO က ၁၀ ဖွဲ့ လာပါတယ်။

KMG – ရက္ခိုင်တပ်တော် AA ကတော့ ပလက်ဝမြို့နယ်ကို ဆက်လက်ထိန်းချုပ်ထားတယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေ အကောင်အထည် ဖော်နေတယ်၊ စီမံကိန်းတွေလည်း ဖော်ဆောင်နေတယ်လို့ ပြောသွားပါတယ်။ ချင်းလဲန်းအစိုးရအဖွဲ့အနေနဲ့ ပလက်ဝမြိုန့ယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ သဘောထားတွေ ရှိထားပါသလားခင်ဗျာ။ အဲဒါတွေက ဘာတွေ ပါလဲခင်ဗျာ။

ဝန်ကြီးချုပ် – AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသား အချင်းချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အရာတွေ ဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျနော်တို့ စောစောက ပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ၊ ဘယ်လောက်ထိ အောင်မြင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။

KMG – မရာဒေသမှာ ချင်းလန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်က ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ MDF တို့ တိုက်ပွဲတွေက ချင်းအချင်းချင်းဆိုတော့ ဝန်ကြီးချုပ်တို့ ဘယ်လိုဖြေရှင်းဖို့ အစီအမံတွေ ချထားပါသလဲခင်ဗျာ။

ဝန်ကြီးချုပ် – ကျနော်တို့အလုပ်လုပ်တဲ့အချိန်မှာ ချင်းလဲန်းအစိုးရ တစ်ခုထဲနဲ့ မလုပ်ပဲနဲ့ ချင်းလဲန်းကောင်စီနဲ့ လက်တွဲပြီးမှ လုပ်ဆောင်စရာ ရှိပါတယ်။ အဓိကက MDF နဲ့ CDF၊ CNA ကြားမှာ ဖြစ်တဲ့ ပြသာနာတွေကိုလည်း ကျနော်တို့ ဖြေရှင်းဆောင် ရွက်စရာတွေ ရှိပါတယ်။ ပြီးမှ ကျန်တဲ့ AA နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လက်ပြီးမှ တွေ့ဆုံ ညှိနှိုင်းရေး လမ်းကြောင်းနဲ့ ဆက်လက်လုပ်စရာတွေလည်း ရှိပါတယ်။

KMG – ချင်းလန်းကောင်စီ၊ ချင်းလဲန်းအစိုးရအဖွဲ့ဟာ ချင်းညီနောင် အဖွဲ့နဲ့ မတ်လ ထဲမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေတွေက ဘယ်လို ရှိပါသလဲခင်ဗျာ။

ဝန်ကြီးချုပ် – ချင်းညီနောင် အဖွဲ့နဲ့တွေ့ဆုံမယ့် ကိစ္စကတော့ ကျနော်တို့ အစိုးရက ဆောင်ရွက်မှာ မဟုတ်ဘူး။ သူတို့ ကောင်စီက ဆောင်ရွက်မှာဖြစ်တယ်။ ကောင်စီမှာက ညှိနှိုင်းရေးကော်မတီလည်း ရှိပြီးသားဖြစ်တယ်။ အဲဒီညှိနှိုင်းရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်။

KMG – ချင်းလဲန်းကောင်စီနဲ့ ချင်းပြည် အစိုးရအဖွဲ့မှာ နောက်ထပ် ချင်းအင်အားစုတွေ ထပ်မံပူးပေါင်းပါဝင်လာတဲ့ အခြေအနေ တွေ ရှိပါသလဲခင်ဗျာ။ ရှင်းပြပေးပါဦးဆရာ။

ဝန်ကြီးချုပ် – ချင်းပြည်၊ ချင်းလဲန်းကောင်စီမှာသော်လည်းကောင်း၊ ချင်းလဲန်းအစိုးရမှာသော်လည်းကောင်း ပူးပေါင်း ပါဝင် ချင်တဲ့ ကျနော်တို့ ချင်းအမျိုးသားအစုအဖွဲ့တွေ အများကြီး ရှိပါတယ်။ အခု ဇန်ညှာပ်ကလည်း ချင်းပြည်၊ ချင်းလဲန်းကောင်စီမှာ ပူးပေါင်းဖို့ စာတင်ထားတာတွေ ရှိပါတယ်။ ထိုနည်းအတူပဲ မင်းတပ်မြို့နယ် ဒေသ (၁) အနေနဲ့ တင်ထားတာ ရှိတယ်။ ကန်ပက် လက်မြို့နယ် ဒေသ (၁) အနေနဲ့ တင်ထားတာ ရှိတယ်။ ပြီးမှ ရခိုင်နဲ့ ချင်းပြည်နယ် အစပ်မှာ ရှိတဲ့ လေးမြို့ဒေသပေါ့၊ လေးတူ ဒေသက စာတင်ထားတာ ရှိတယ်။ အဲဒါမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကတော့ အစုအဖွဲ့အဖြစ် လက်ခံရေးမှာ ကျနော်တို့ မူဝါဒရှိပါတယ်။ မူဝါဒနဲ့ ကိုက်ညီမှသာလျှင် ကျနော်တို့ လက်ခံမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစုအဖွဲ့အဖြစ် လက်ခံခြင်းက ကျနော်တို့ ချင်းအမျိုးသားတွေရဲ့ စည်းလုံးမှုကို ကွဲပြားစေတဲ့ ကိစ္စမျိုးကို ကျနော်တို့ ရှောင်ရှားဖို့ရန်အတွက် အထူးသတိထားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မူဝါဒ စနစ်တကျ ရေးဆွဲထားပါတယ်။ အဲဒီမူဝါဒအတိုင်း သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည်စုံရင်တော့ ကျနော်တို့က လက်ခံမှာ ဖြစ်ပါတယ်။

KMG – ကျနော် မမေးမိတာဖြစ်ဖြစ်၊ ဖြည့်စွက်ပြောကြားချင်တာ ဖြစ်ဖြစ် ရှိရင် ပြောပါခင်ဗျာ။

ဝန်ကြီးချုပ် – ချင်းပြည်၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ တော်လှန်ရေးကိုလည်း ပိုပြီးမှ အားကောင်းစေဖို့ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ မပါဝင်လာနိုင်သေးတဲ့ အစုအဖွဲ့တွေ ရှိပါတယ်။ သူတို့ကိုလည်း ပါဝင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးထား ပါတယ်။ အစတုန်းက လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဆိုရင်တော့ ကိုယ်စားလှယ်အားလုံး အကြိမ်ကြိမ် အစည်းအဝေး ထိုင်ပြီးမှ ညီညီညွတ်ညွတ်နဲ့ ကောင်စီရဲ့ မူဝါဒကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုးနဲ့ သူတို့ မပါဝင်လာနိုင်တာကိုလည်း ကျနော်တို့ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ချင်းတစ်မျိုးသားလုံးဟာ တစ်ခုထဲနဲ့စည်းလုံး ညီညွတ်မှ ရမယ်ဆိုတာကိုတော့ ကျနော် ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.