Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးတပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြရန် NUG ယာယီသမ္မတ တိုက်တွန်း

ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးတပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြရန် NUG ယာယီသမ္မတ တိုက်တွန်း

0
By Editor on February 22, 2023 Headline

တူမီးသေနတ်တွေကိုစွဲကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတဲ့ ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက် ဦးဆောင်ပေးကြရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (UNG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဦးဆောင်မှုနဲ့ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ကြရာမှာ ယာယီသမ္မတ ဒူဝါလရှိးလက ထိုကဲ့သို့တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အခါမှာလည်း ချင်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဓလေ့အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူးမီးသေနတ်တွေကိုကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ သူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒါထက် အရေးကြီးတာက ဘာလဲဆိုရင် ချင်းလူမျိုးတွေဟာ ဒီမိုကရေစီကို ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြသလဲဆိုတဲ့ သက်သေသာဓကဘဲ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောပါတယ်။

ယခုလက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို ကြည့်မယ်ဆိုရင်လည်း ချင်းလူမျိုးများဟာ တော်လှန်ရေးတပ်ဦးမှာ အနစ်နာခံ ပေးဆပ်ပါဝင်တိုက်ခိုက်နေကြတာကိုတွေ့ရပြီး ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်ဟု ယာယီသမ္မတကဆိုပါတယ်။

“တပြိုင်တည်းမှာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာမှာလည်း ချင်းလူမျိုးတွေ ဆက်လက်ပါဝင်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ချင်းလူမျိုးတွေ ချင်းအမျိုး သားခေါင်းဆောင်တွေ လိုလားတဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့် အပြည့်အဝရတဲ့ ချင်းပြည်ကိုရရှိမှာဖြစ်ပါတယ်” လို့ NUG ယာယီသမ္မတ ဒူးဝါလရှိးလ ကပြောပါတယ်။

တနေ့စစ်အာဏာရှင် ပြုတ်ကျပြီး ချင်းပြည် ငြိမ်းချမ်းသွားတဲ့အခါ ယခုလို Zoom ထဲကနေမဟုတ်ဘဲ လက်တွေ့မြေပြင်မှာ ချင်းအမျိုးသားနေ့ကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ကြမှာဖြစ်ပြီး အဲလိုနေ့ရောက်လာဖို့ ကျနော်တို့ ယနေ့ ချင်းအမျိုးသားနေ့ကနေ အားမာန်သွင်းပြီး ဆက်လက် တိုက်ပွဲဝင်ကြဖို့၊ ချင်းအမျိုးသားနေ့မှာ ချင်းလူမျိုးများအားလုံး ပျော်ရွှင်ကြပါစေလို့ ယာယီ သမ္မတကဆန္ဒပြုပြောဆိုခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် လွတ်လပ်ရေးနေ့ အောင်ပွဲသဘင်အခမ်းအနားနှင့် ချင်းလူထု ၅၀၀၀ ကျော်တက်ရောက်သော ပထမဦးဆုံးအကြိမ် ချင်းအမျိုးသားညီလာခံမှာ တိုက်သူကြီးများအုပ်ချုပ်မှု စနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်မှု စနစ်သစ်သို့ ကူးပြောင်းရန်အဆိုကို တက်ရောက်လာသော ချင်းကိုယ်စားလှယ်ကြီးများမှ ဒီမိုကရေစီနည်းလမ်းတကျ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။

အဲဒီချင်းလူထုညီလာခံကျင်းပခဲ့တဲ့နေ့ကို အစွဲပြုပြီး ၁၉၅၀ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးမှာ တက်ရောက်လာကြသူများအားလုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တညီတညွတ်တည်း သဘောတူ သတ်မှတ်ခဲ့ကြတာဖြစ်ပြီး ၁၉၅၁ ခုနှစ်ကစတင်ပြီး ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံတဝန်းလုံးအပြင် ကမ္ဘာ့နယ်ပယ် အရပ်ရပ်မှာ စည်းကားသိုက်မြိုက်စွာ ဂုဏ်ယူစွာ ကျင်းပလာခဲ့ကြရာမှ ယခုနှစ်ဆိုရင် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.