• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းလူမှုကူညီရေးအသင်းအတွက် လှူဒါန်းသော ကားတစ်စီးကို စစ်ကောင်စီက ဖမ်းဆီး

ချင်းလူမှုကူညီရေးအသင်းအတွက် လှူဒါန်းသော ကားတစ်စီးကို စစ်ကောင်စီက ဖမ်းဆီး

0
By Editor on October 7, 2022 Headline

စစ်ကိုင်းတိုင်း ကလေးမြို့က ချင်းလူမှုကူညီရေးအသင်းတစ်ခုအတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းသော ကားတစ်စီးကို ရွှေဘိုမြို့ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ယနေ့ချိန်ထိ ပြန်မရသေးကြောင်း သိရသည်။

Toyota Alphard အမျိုးအစားဖြစ်သည့် အဆိုပါကားကို အလှူရှင်တစ်ဦး၏ လှူဒါန်းမှုဖြင့် ရန်ကုန်မြို့တွင် သွားရောက်ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က အငှားယာဉ်မောင်းနှင့်လွှတ်ကာ ကလေးမြို့သို့ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ချင်းလူမှုကူညီရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။

“အဲမှာ စစ်ဆေးတဲ့သူ (စစ်သား) က ကား driver ကို ခင်ဗျားက ချင်းလား၊ ဗမာလားဆိုပြီး မေးတယ်တဲ့၊ ကားသမားက ဗမာလို့ပြောတော့၊ ခင်ဗျားက ချင်းဆိုရင် ဒီမှာတင်သတ်ပစ်မှာ၊ ချင်းတွေက အားလုံး သူပုန်တွေ ဘာလို့ သူပုန်ကားမောင်းတာလဲ၊ တောခိုတဲ့လူတွေနဲ့ ခင်ဗျားတို့ အချိတ်အဆက်ရှိသလား၊ ဘာညာနဲ့ မေးတော့တာပေါ့ ခင်ဗျား မုံရွာကဆိုတော့ မုံရွာမှာပြန်လိုက်၊ ကားကတော့ သိမ်းထားလိုက်မယ်ဆိုပြီး ပြောပြီးမှ ကားသမားကလည်း မုံရွာကို ထွက်သွားတယ်လို့ သတင်းကြားတယ်” ဟု ချင်းလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကားသည် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော မော်တော်ယာဉ်မှတ်တင်သက်သေခံလက်မှတ်လည်း ရှိထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လူမှုရေးအသင်းကားအား ဖမ်းဆီးခံရပြီးနောက် ၆ ရက်မြောက်နေ့တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ အကြောင်းကြားပြီး ရွှေဘိုမြို့အထိ လိုက်သွားကာ ပြန်လည်ရရှိနိုင်ရန် တောင်းခံခဲ့သော်လည်း ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

ချင်းလူမှုကူညီရေးအဖွဲ့ဝင်က “ကျွန်တော်တို့က ဘယ်သူမဆို လူမျိုးဘာသာမရွေးဘဲနဲ့ ကူညီပေးတဲ့ ပရဟိတအဖွဲ့ဖြစ်တယ်၊ အခု မြန်မာပြည်တ စ်ပြည်လုံးမှာ လူမှုရေးကားမှန်သမျှဟာ ဘယ်အစိုးရပဲတက်တက် နားလည်ပေးကြတယ်၊ နားလည်ပေးပြီး ကျွန်တော်တို့ နှစ်ပေါင်းများစွာ အသုံးပြုကြတယ်၊ အလှူရှင်က ပိုလျှံလွန်းလို့မဟုတ်ဘူး၊ အလှူရှင်က ကျေကျေနပ်နပ်နဲ့ လှူမယ့်ဟာဆိုတော့၊ အခုလိုကြုံရတော့ ဝမ်းနည်းတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဘာမှ ပြောပိုင်ခွင့်မရှိဘူးလေ၊ အလှူရှင်အတွက်လည်း စဉ်းစားရင် သနားတယ်” ဟု ပြောသည်။

ရွှေဘိုမြို့ဝင်ဂိတ်တွင် ကားကို ဖမ်းဆီးခဲ့သူမှာ သုံးပွင့်ရဲအရာရှိ စည်သူဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.