Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် MZP တို့တွေ့ဆုံမှု အချက် ၃ ချက်ကို ဆွေးနွေးသဘောတူ

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် MZP တို့တွေ့ဆုံမှု အချက် ၃ ချက်ကို ဆွေးနွေးသဘောတူ

0
By Editor on August 21, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ နှင့် မီဇိုးကျောင်းသားသမဂ္ဂ MZP အဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး အချက် ၃ ချက်သဘောတူခဲ့ကြသည်ဟု သိရသည်။

အိုင်ဇောလ်မြို့ MZP ဗဟိုရုံးချုပ်မှာ ဩဂုတ်လ ၂၀ ရက် မနက် ၁၁ နာရီမှာတွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် မိမိတို့သည် ညီအကိုတွေဖြစ်ကြပြီး၊ စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့၏ ကြိုးစားဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း အကြမ်းဖက်သောနည်းလမ်းကို အသုံးမပြုရန် နှင့် ချင်းလဲန်းကောင်စီအနဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြသည်ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးမှာ ချင်းပြည်ဝန်ကြီးချုပ်ပူးပါထန်း၊ ချင်းလဲန်းကောင်စီ ဒု-ဥက္ကဌ ဆလိုင်းမင်းညိုနှင့် ချင်းပြည်လွှတ်တော်က တာဝန်ရှိသူတချို့လည်း ပါဝင်ခဲ့ကြသည်ဟုသိရသည်။

မီဇိုးကျောင်းသားသမဂ္ဂ MZP သည် ချင်းမျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးလိုလား သောအဖွဲ့ဖြစ်ပြီး ယင်းအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ယခုလ ၇ ရက်နေ့တုန်းကလည်း မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တချို့တို့ အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ချင်းညီညွတ်ရေးကိစ္စကိုဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.