Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် MZP တို့တွေ့ဆုံမှု အချက် ၃ ချက်ကို ဆွေးနွေးသဘောတူ

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် MZP တို့တွေ့ဆုံမှု အချက် ၃ ချက်ကို ဆွေးနွေးသဘောတူ

0
By Editor on August 21, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ နှင့် မီဇိုးကျောင်းသားသမဂ္ဂ MZP အဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး အချက် ၃ ချက်သဘောတူခဲ့ကြသည်ဟု သိရသည်။

အိုင်ဇောလ်မြို့ MZP ဗဟိုရုံးချုပ်မှာ ဩဂုတ်လ ၂၀ ရက် မနက် ၁၁ နာရီမှာတွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် မိမိတို့သည် ညီအကိုတွေဖြစ်ကြပြီး၊ စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့၏ ကြိုးစားဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း အကြမ်းဖက်သောနည်းလမ်းကို အသုံးမပြုရန် နှင့် ချင်းလဲန်းကောင်စီအနဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြသည်ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးမှာ ချင်းပြည်ဝန်ကြီးချုပ်ပူးပါထန်း၊ ချင်းလဲန်းကောင်စီ ဒု-ဥက္ကဌ ဆလိုင်းမင်းညိုနှင့် ချင်းပြည်လွှတ်တော်က တာဝန်ရှိသူတချို့လည်း ပါဝင်ခဲ့ကြသည်ဟုသိရသည်။

မီဇိုးကျောင်းသားသမဂ္ဂ MZP သည် ချင်းမျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးလိုလား သောအဖွဲ့ဖြစ်ပြီး ယင်းအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ယခုလ ၇ ရက်နေ့တုန်းကလည်း မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တချို့တို့ အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ချင်းညီညွတ်ရေးကိစ္စကိုဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.