Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

0
By Editor on March 18, 2024 Headline

(006SV)

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင်အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို ချင်း ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်’’ ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။

နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေ ကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေနှင့်အကျုံး၀င်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါ၀◌င်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။

ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကား မှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။

မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်း တည် ဆောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF/CNA ကို စတင်ဖွဲ့စည်းခဲ့သောနေ့ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး ယခုနှစ်တွင် ၃၆ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည်။

တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်းများ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲကောင်းများကို ဦးညွတ်ဂါဝရပြုပါကြောင်း၊ အလားတူ ချင်းပြည်သူများ၏ စွန့်လွှတ် အနစ်နာခံမှု ၊ ပေးဆပ်မှုများအပေါ် ဂုဏ်ယူလေးစားကြောင်း CNF က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.