Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန် ချင်းလဲန်းကောင်စီနှင့် ICNCC တို့ သဘောတူ

“ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန် ချင်းလဲန်းကောင်စီနှင့် ICNCC တို့ သဘောတူ

0
By Editor on February 26, 2025 Headline

ချင်းတော်လှန်ရေးအင်အားစု ၂ ခုဖြစ်သည့် ချင်းလဲန်းကောင်စီ(CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က “ချင်းအမျိုးသားကောင်စီ” အမည်ဖြင့် ကောင်စီသစ်တရပ်ကို ပူးပေါင်းဖွဲ့စည်းရန် ယနေ့သဘောတူညီခဲ့ ကြသည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့သဘောတူညီချက်တရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ချင်းပြည်သူလူထုအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်း လက်ခံယုံကြည်ကြသည်နှင့် အညီ ကောင်စီသစ်တရပ်အဖြစ်ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ကောင်စီအမည်ကို “ ချင်းအမျိုးသား ကောင်စီ” ဟု ခေါ်တွင်ရန် သဘောတူညီခဲ့ကြသည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်သော ချင်းလဲန်းကောင်စီနှင့် ICNCC တို့၏ ပူးတွဲကြေညာချက်မှာဖော်ပြထားသည်။

ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

“ဒီဟာကို ဖွဲ့စည်းဖို့အတွက်ကတော့ အခြေခံဖွဲ့စည်းပုံတစ်ခုပြန်ပြီးတော့ ချဉ်းကပ်ဖို့လိုအပ်တယ်လေ ချင်းလဲန်းကောင်စီ ဘက်ကရော၊ ICNCC ဘက်ကရော ကျနော်တို့လက်ရှိကိုင်စွဲနေတဲ့ Constitution၊ Charter မူကြမ်းတွေကိုယူလာပြီး တော့မှ Combine ပြန်လုပ်ရမှာပေါ့၊ သဘောထားတွေစုစည်းပြီးတော့မှ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဒီ Constitution ကနေတဆင့် စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ လက်တွဲနိုင်ဖို့အတွက်ကို Drafting ကော်မတီဖွဲ့မယ်ဆိုတာသဘောတူ ခဲ့ကြပါတယ် အမြန်ဆုံးဖြစ်မြောက်ဖို့ ကြိုးစားကြရမှာပေါ့” ချင်းလဲန်းကောင်စီ ဒုဥက္ကဌ ၁ ဆလိုင်းမင်းညိုက ပြောသည်။

ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးနောက်မှာ ကောင်စီသစ်တရပ်ကိုဖွဲ့စည်းရမှာ ဖြစ်ပြီး ယခင်ရှိခဲ့သည့် ချင်းလဲန်းကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ကို ဖျက်သိမ်းပြီး တစ် ခုတည်းသော ကောင်စီအောက်မှာ တစ်စုတစ်စည်းတည်း ရပ်တည်သွားကြမယ်လို့သိရပါတယ်။

“သေချာတာကတော့ အခြေခံဥပဒေတရပ်ကို အမြန်ဆုံးရေးဆွဲပြီးတော့မှ ပြည်သူနဲ့အတူ လူထုရဲ့သဘောထားဆန္ဒကို ရယူပြီးတော့မှ ဒီဟာကို အပြီးသတ်ရေးဆွဲတဲ့အချိန်ကစပြီးတော့မှ ကောင်စီသစ်တရပ်ဖွဲ့စည်းရတော့မယ်လေ ICNCC ကို ဖျက်သိမ်းရမယ်၊ ချင်းလဲန်းကောင်စီကိုလည်းဖျက်သိမ်းရမယ် တစ်ခုတည်းသော ကောင်စီ တရပ်အနေနဲ့ တစ်စုတစ် စည်းတည်းရပ်တည်ဖို့ပေါ့သဘောတူကြတာပါ” ဟု ဆလိုင်းမင်းညိုကပြောသည်။

ယခုကဲ့သို့ ချင်းတော်လှန်ရေးအင်အားစု ၂ ခုကြား ပြန်လည်ပေါင်းစည်းရေးခြေလှမ်းသည် အနာဂတ်ချင်းပြည် ချင်းလဲန်း တည်ဆောက်ရေးအတွက် များစွာအကျိုးရှိလာမည်ဟု ၎င်းကဆက်ပြောသည်။

“ခုက ကျနော်တို့ ချင်းပြည်မှာက ကွဲပြားမှုတွေကြောင့်သာလျှင် အင်အားမစုစည်းနိုင်ဘူး တော်လှန်ရေးကိုလည်း အဟန့် အတားဖြစ်စေတယ် အခုလိုကျနော်တို့အမြန်ဆုံးပေါင်းစည်းနိုင်ခြင်းအားဖြင့် စုစည်းမှုအင်အားကိုပြနိုင်မယ် ထိုနည်းတူ စွာပဲ တော်လှန်ရေးကိုပံ့ပိုးမှုပိုပေးနိုင်မယ် မဖြစ်မနေ ချင်းအမျိုးသားတွေစုစည်းဖို့လိုအပ်တယ် စုစည်း ညီညွတ်မှသာ လျှင် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးမှာ အားကောင်းမောင်းသန်နဲ့ ကျနော်တို့လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ကောင်းမွန်စွာဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ကျနော်တို့လိုလားတဲ့ ပန်းတိုင်ဟာ သိပ်မဝေးသေးခင်မှာ ရောက်ရှိလိမ့်မယ်လို့ ကျနော်မျှော်မှန်းတယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ ၁ ကပြောသည်။

ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကတော့ ချင်းခေါင်းဆောင်များ အနေဖြင့် အမှန်တကယ် စည်းလုံးချင်သည့်လိုလားချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ရလာဒ်ကောင်းများထွက်ပေါ် လာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

“ သဘောတူညီချက်ထွက်လာတဲ့ ဆွေးနွေးမှုနောက်ကွယ်က ဘာတွေရှိသလဲဆိုတဲ့ဟာက အဓိကပိုကျတယ်၊ ခေါင်းဆောင်တွေက ငါတို့မစည်းလုံးလို့မရတော့ဘူး စည်းလုံးမယ်ဆိုတဲ့ ချင်းလူမျိုးအတွက် အမှန်တကယ်အပြောင်း အလဲလိုလားချက်နဲ့ ထွက်လာတဲ့စာဆိုရင် ရလာဒ်ကောင်းထွက်မယ်လို့ ကျနော်မြင်တယ် မဟုတ်ဘဲနဲ့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဖိအားကိုမလွန်ဆန်နိုင်လို့ နောက်ပိုင်းလိုအပ်ချက်တွေဆွေးနွေးကြတာပေါ့ဆိုတဲ့ အလွယ်ကူဆုံးဖြစ်တဲ့ အပြုသဘောဆောင်တဲ့သဘောတူညီချက်လောက်ပဲဖြစ်တယ်ဆိုရင်တော့ အမှန်တကယ်ရလာဒ်ကောင်းထွက်လာဖို့ အတွက် မသေချာဘူးလို့မြင်တယ်” ဟု ဆလိုင်းဒိုခါရ်ကပြောသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်စစ်အားကောင်းခဲ့သော ချင်းပြည်မှာ နိုင်ငံရေးသဘောထားကွဲလွဲမှု များကြောင့် ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်သော ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်အဖွဲ့များပါဝင်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဟုဆိုကာ ၂ ခြမ်းကွဲခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နှစ်ခြမ်းကွဲမှုကြောင့် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုများရှိနေသည့်အပြင် ချင်းပြည်၏ တော်လှန်ရေးသည်လည်း အောင်မြင်သင့်သလောက် မအောင်မြင်ပဲ အဟန့်အတားများ ဖြစ်စေခဲ့သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.