• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်ကြီးဖြင့် မင်းတပ်ဘက်သို့တောက်လျှောက်ပစ်ခတ်ပြီး မင်းတပ်ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

စစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်ကြီးဖြင့် မင်းတပ်ဘက်သို့တောက်လျှောက်ပစ်ခတ်ပြီး မင်းတပ်ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

0
By Editor on May 13, 2021 Headline
စစ်ကောင်စီနှင့် အပစ်ရပ်စဲမှုပျက်ပြယ်ပြီးနောက် မင်းတပ်မြို့တွင် ယမန်နေ့ညကစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်အကြီး၊ အမြောက်ကျည်ဆံများဖြင့် မင်းတပ်မြို့သို့ တောက် လျှောက်ပစ်ခတ်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦး ကျဆုံးကာ ၄ ဦးဒဏ်ရာရရှိကြသည်ဟု သိရသည်။
“ဒီမနက် ၆ နာရီလောက်က တိုက်နေတာ သူတို့ဘက်က ကျောက်ထုလေယာဉ်ကွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ် ပစ်လိုက်တက်လာလိုက်လုပ်နေတယ် ကျနော်တို့ကလည်း အသက်နဲ့ရင်းပြီး မြို့ကို ကာကွယ်ထားပါတယ် မြို့ပေါ်ကိုတော့ လက်နက်ကြီးနဲ့မပစ်ဘူး ကျနော်တို့ CDF တပ်ဖွဲ့တွေရှိတဲ့နေရာလောက်ကိုပေါ့ ၃ မိနစ်ခြားတစ်ခါလောက် ပစ်နေတာ’’ ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော အမြောက်ဆံကျည်ထိမှန်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း ၎င်းကဆက်ပြောသည်။
ကျောက်ထုမြို့သို့ စစ်ကူ စစ်ကား ၃ စီးထပ်မံရောက်ရှိနေပြီး မင်းတပ်မြို့ဘက်သို့ စစ်ကား ၂ စီးတက်လာ နေသည်ဟု သိရသည်။
ယခုလက်ရှိအခြေအနေအရ ချင်းပြည်နယ်မြို့နယ်များအားလုံးအနေဖြင့် အတူတကွပူးပေါင်းပါဝင်လှုပ်ရှားရန် အရေးကြီးပြီ ဟုလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျနော်တို့ ဘာကြောင့် ခုချိန်ထိအတူတူမလှုပ်ရှားသေးတာလဲ ကျနော်တို့ညီနောင်တွေအားလုံး အချင်းချင်းပါဝင်မယ် တိုက်ခိုက်မယ်ပြောထားရဲ့သားနဲ့ ကျန်နေသေးတဲ့မြို့တွေဘာကြောင့်မလှုပ်ရှားကြသေးတာလဲ’’ ဟု သူကပြောသည်။
အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် မင်းတပ်မြို့ဒေသခံ ၅ ဦးကို စစ်ကောင်စီဘက် က ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အတွက် မေလ ၁၂ ရက်နေ့မွန်းလွဲပိုင်းကစ၍ စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့အကြား သဘောတူထားသည့် အပစ်ခတ်ရပ်စဲမှုသည့် ပျက်ပြယ်သွားခဲ့ပြီး မေလ ၁၂ ရက်ညက မင်းတပ်မြို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
ယမန်နေ့ညက မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၄ နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂၇၄ တပ်ရင်း၊ ရဲစခန်း၊ ဘဏ်အနီးစသည့်နေရာများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.