• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ပလက်ဝစစ်ဘေးရှောင်ပြည်သူတချို့ကို နေရပ်ပြန်ခိုင်း

စစ်ကောင်စီက ပလက်ဝစစ်ဘေးရှောင်ပြည်သူတချို့ကို နေရပ်ပြန်ခိုင်း

0
By Editor on October 29, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ၂ နှစ်နီးပါး စစ်ဘေးခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူတချို့ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး စစ်ကောင်စီက မိမိနေရပ်သို့ ပြန်ခိုင်းနေပြီဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးထံမှ သိရသည်။

“တချို့ရွာတွေက ၂၆ ရက်နေ့ကစပြန်ကြပြီ၊ ၉ ရွာပဲ ပြန်အုံးမယ် ပထမဦးစားပေးအနေနဲ့ပြန်ခိုင်းတာ။ ကျန်တဲ့သူတွေက များသေးတယ်။ မပြန်တဲ့သူတွေက ၃ ထောင်ကျော်ကျန်မယ် သူတို့က ပျက်စီးအိမ်နဲ့ ပြုပြင်အိမ်တွေအတွက် သူတို့ထောက်ပံ့ ကြေးမရသေးလို့မလွှတ်သေးတာပါ။ အခုက ပိုက်ဆံရပြီဆိုတော့ ပြန်ဖို့အစီစဉ်ဖြစ်သွားပြီ” စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူးက ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာလကုန်ပိုင်းက အစည်းအဝေးခေါ်ယူပြီး နေရပ်ပြန်ရေးကိစ္စပြောဆို ဆွေးနွေးခဲ့ပြီးနောက် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ပြုပြင်ရန် အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အချိူ့ကို ထောက်ပံ့ကြေး စတင်ပေးအပ်ကာ ယခုကဲ့သို့ နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးရာတွင် နေအိမ်များ ပြန်လည်ပြုပြင်ရန် တစ်အိမ်ထောင်လျှင် ပြုပြင်စရိတ်အဖြစ် ငွေကျပ် ၃၈၆,၀၀၀၊ ပျက်စီးသွားသော နေအိမ်များ အသစ်ပြန်လည် ဆောက်လုပ်ရန် စရိတ်အဖြစ် ၅၈၆,၀၀၀ ကျပ်ဖြင့်ထောက်ပ့ံပေးခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီမှ နေအိမ်များဆောက်လုပ်ပြုပြင်ရန်ဟုဆိုကာ ငွေကြေး အနည်းငယ် ထောက်ပံ့ပေးပြီး အိမ်ပြန်ခိုင်းသည့်အပြင် မြေမြုပ်မိုင်းအန္တရာယ်အပါအဝင် လမ်းပန်း ဆက်သွယ်ရေးအခက်ခဲများကြောင့် နေရပ်ပြန် ပြည်သူများစိုးရိမ်မှုများရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦး ကပြောသည်။

“အခုလောလောဆယ်က လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းဘူးဆိုတော့ နည်းနည်းတော့ပြောရ ခက်တာပေါ့၊ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆိုတော့။ လောလောဆယ် ဘောင်ဝဖက်မှာလည်း တိုက်ပွဲ တွေဖြစ်နေတဲ့ နေရာရှိတယ်။ အဲ့နေရာမှာကြတော့ ကို်ယ်က မသွားသင့်တဲ့နေရာကို ရှောင်တိမ်းဖို့ကျွန်တော် တို့တာဝန်ဖြစ်နေပြီ မလုံခြုံရင်မသွားရတော့ဘူးပေါ့။ မိုင်းရှင်းပေးတာတွေမရှိဘူး အရင်တခေါက်က ကားလမ်း တလျှောက်ပဲရှင်းထားပြီလို့ ပြောတာပဲ။ ရွာမှာ ဒီလောက်ထိ အန္တရာယ်ရှိမှာမဟုတ်ဘူးဆို တဲ့အထင်နဲ့လွတ်တာပေါ့ ကျွန်တော်တို့ကို။” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

ထောက်ပံ့ငွေရရှိပြီး နေရပ်ပြန်သောကျေးရွာများမှာ အောက်တင်းမဝ၊ ဘောင်ဝ၊ ငပွေ၊ စိမ်းစင်း၊ ပလက်ချောင်းဝ၊ ဆီးပလာင်း၊ အင်ခိုဝ၊ ဒမန်သား၊ အောက်မီးလက်ဝ ကျေးရွာတို့ဖြစ်ကြပြီး လူဦးရေအားဖြင့် (၁၁၀၀) ခန့်ရှိမည်ဟုသိရပြီး လှေလှအုပ်စု၊ နန်မတန်အုပ်စု၊ ရုန်းဝအုပ်စု၊ မွန်းချောင်းအုပ်စု၊ ဒမန်သား အုပ်စုမှ စစ်ဘေးရှောင်များမှာ ထောက်ပံ့ငွေ မရရှိကြသောကြောင့်နေရပ် ပြန်ခွင့်မရသေးကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူကပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများသည် WFB မှ ထောက်ပ့ံပေးသော ရိက္ခာများကိုသာ စားသုံးနေကြရခြင်းဖြစ်ပြီး နေရပ်ပြန်ရောက်ချိန်တွင်းလည်း ရိက္ခာများ ဆက်လက်ကူညီထောက်ပ့ံပေးနိုင်ရန် စစ်ဘေးရှောင်ပြည်သူများမှ တောင်းဆိုထားသည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ နှစ်ဆန်းပိုင်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် သောင်းနဲ့ချီသောဒေသခံပြည်သူများသည် ပလက်ဝမြို့နဲ့ ဆမီးမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော် လူဦးရေ ၆၀၀၀ နီးပါးခန့် စစ်ဘေးခိုလုံလျှက်ရှိကြသည်။

Zawgyi

စစ္ေကာင္စီက ပလက္ဝစစ္ေဘးေရွာင္ျပည္သူတခ်ဳိ႕ကို ေနရပ္ျပန္ခိုင္း

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝျမိဳ႕ေပၚတြင္ ၂ ႏွစ္နီးပါးစစ္ေဘးခုိလႈံေနၾကေသာ စစ္ေဘးေရွာင္ျပည္သူ တခ်ဳိ႕ကို ေအာက္တုိဘာလ ၂၆ ရက္မွစတင္ျပီး စစ္ေကာင္စီက မိမိေနရပ္သို႔ ျပန္ခိုင္းေနၿပီဟု အမည္မေဖာ္လိုသည့္ စစ္ေဘးေရွာင္စ ခန္း တာဝန္ခံတစ္ဦးထံမွ သိရသည္။

“တခ်ဳိ႕ရြာေတြက ၂၆ ရက္ေန႔ကစျပန္ၾကျပီ၊ ၉ ရြာပဲ ျပန္အုံးမယ္ ပထမဦးစားေပးအေနနဲ႔ျပန္ခုိင္းတာ။ က်န္တဲ့သူေတြက မ်ားေသးတယ္။ မျပန္တဲ့သူေတြက ၃ ေထာင္ေက်ာ္က်န္မယ္ သူတုိ႔က ပ်က္စီးအိမ္နဲ႔ ျပဳျပင္အိမ္ေတြအတြက္ သူတို႔ေထာက္ပံ့ ေၾကးမရေသးလုိ႔မလႊတ္ေသးတာပါ။ အခုက ပုိက္ဆံရျပီဆုိေတာ့ ျပန္ဖုိ႔အစီစဥ္ျဖစ္သြားျပီ” စစ္ေဘးေရွာင္စခန္း တာဝန္ခံတစ္ဦးကေျပာသည္။

ပလက္၀ၿမိဳ႕အေျခစိုက္ ခလရ ၂၈၉ တပ္ရင္းမွ တပ္ရင္းမွဴးက ပလက္၀ၿမိဳ႕ စစ္ေဘး ေရွာင္စခန္းတာ၀န္ရွိသူမ်ားအား ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွာ စက္တင္ဘာလကုန္ပိုင္းကအစည္းအေ၀းေခၚယူၿပီး ေနရပ္ျပန္ေရးကိစၥေျပာဆို ေဆြးေႏြးခဲ့ၿပီးေနာက္ ပ်က္စီးသြားသည့္ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ျပဳျပင္ရန္ ေအာက္တိုဘာလ ၁၇ ရက္ေန႔က စစ္ေဘးေရွာင္အခ်ဴိ႕ကို ေထာက္ပံ့ေၾကးစတင္ေပးအပ္ကာ ယခုကဲ့သို႔ေနရပ္ျပန္ခိုင္းခဲ့ျခင္းျဖစ္သည္။

စစ္ေကာင္စီမွ ပလက္ဝျမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ေထာက္ပံ့ေငြေပးရာတြင္ ေနအိမ္မ်ား ျပန္လည္ျပဳျပ င္ရန္တစ္အိမ္ေထာင္လွ်င္ ျပဳျပင္စရိတ္အျဖစ္ ေငြက်ပ္ ၃၈၆,၀၀၀ ၊ ပ်က္စီးသြားေသာ ေနအိမ္မ်ား အသစ္ျပန္လည္ ေဆာက္လုပ္ရန္ စရိတ္အျဖစ္ ၅၈၆,၀၀၀ က်ပ္ျဖင့္ေထာက္ပ့ံေပးခဲ့ေၾကာင္းသိရသည္။

ပလက္ဝျမိဳ႕စစ္ေဘးေရွာင္ျပည္သူမ်ားကုိ စစ္ေကာင္စီမွ ေနအိမ္မ်ားေဆာက္လုပ္ျပဳျပင္ရန္ဟုဆုိကာ ေငြေၾကး အနည္းငယ္ ေထာက္ပံ့ေပးျပီး အိမ္ျပန္ခုိင္းသည့္အျပင္ ေျမျမဳပ္မုိင္းအႏၱရာယ္အပါအဝင္ လမ္းပန္း ဆက္သြယ္ေရးအခက္ခဲမ်ားေၾကာင့္ ေနရပ္ျပန္ ျပည္သူမ်ားစုိးရိမ္မႈမ်ားရွိေနသည္ဟု စစ္ေဘးေရွာင္တစ္ဦး ကေျပာသည္။

“အခုေလာေလာဆယ္က လမ္းပန္းဆက္သြယ္ေရးလည္းမေကာင္းဘူးဆုိေတာ့ နည္းနည္းေတာ့ေျပာရ ခက္တာေပါ့၊ လမ္းပန္းဆက္သြယ္ေရးမေကာင္းဘူးဆုိေတာ့။ ေလာေလာဆယ္ ေဘာင္ဝဖက္မွာလည္း တုိက္ပြဲ ေတြျဖစ္ေနတဲ့ ေနရာရွိတယ္။ အဲ့ေနရာမွာၾကေတာ့ ကုိ္ယ္က မသြားသင့္တဲ့ေနရာကုိ ေရွာင္တိမ္းဖုိ႔ကြ်န္ေတာ္ တုိ႔တာဝန္ျဖစ္ေနျပီ မလုံျခဳံရင္မသြားရေတာ့ဘူးေပါ့။ မုိင္းရွင္းေပးတာေတြမရွိဘူး အရင္တေခါက္က ကားလမ္း တေလ်ွာက္ပဲရွင္းထားျပီလုိ႔ ေျပာတာပဲ။ ရြာမွာ ဒီေလာက္ထိ အႏၱရာယ္ရွိမွာမဟုတ္ဘူးဆုိ တဲ့အထင္နဲ႔လြတ္တာ ေပါ့ ကြ်န္ေတာ္တုိ႔ကုိ။” ဟု စစ္ေဘးေရွာင္တစ္ဦးကေျပာသည္။

ေထာက္ပံ့ေငြရရွိျပီး ေနရပ္ျပန္ေသာေက်းရြာမ်ားမွာ ေအာက္တင္းမဝ၊ ေဘာင္ဝ၊ ငေပြ၊ စိမ္းစင္း၊ ပလက္ေခ်ာင္းဝ၊ ဆီးပလာင္း၊ အင္ခုိဝ၊ ဒမန္သား၊ ေအာက္မီးလက္ဝ ေက်းရြာတုိ႔ျဖစ္ၾကျပီး လူဦးေရအားျဖင့္ (၁၁၀၀) ခန္႔ရွိမည္ဟုသိရျပီး ေလွလွအုပ္စု၊ နန္မတန္အုပ္စု၊ ရုန္းဝအုပ္စု၊ မြန္းေခ်ာင္းအုပ္စု၊ ဒမန္သား အုပ္စုမွ စစ္ေဘးေရွာင္မ်ားမွာ ေထာက္ပံ့ေငြ မရရွိၾကေသာေၾကာင့္ေနရပ္ ျပန္ခြင့္မရေသးေၾကာင္း စစ္ေဘးေရွာင္တာဝန္ရွိသူကေျပာသည္။

လက္ရွိ ပလက္ဝျမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ေနရေသာ ျပည္သူမ်ားသည္ WFB မွ ေထာက္ပ့ံေပးေသာ ရိကၡာမ်ားကုိသာ စားသုံးေနၾကရျခင္းျဖစ္ျပီး ေနရပ္ျပန္ေရာက္ခ်ိန္တြင္းလည္း ရိကၡာမ်ား ဆက္လက္ကူညီေထာက္ပ့ံေပးႏုိင္ရန္ စစ္ေဘးေရွာင္ျပည္သူမ်ားမွ ေတာင္းဆုိထားသည္ဟု သိရသည္။

ပလက္၀ၿမိဳ႕နယ္တြင္ လြန္ခဲ့သည့္ ၂၀၁၈ ႏွစ္ကုန္ပိုင္းႏွင့္ ၂၀၁၉ ႏွစ္ဆန္းပိုင္းက ရကၡိဳင့္တပ္ေတာ္ AA နဲ႔ စစ္ေကာင္စီ တပ္တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားမႈေၾကာင့္ ေသာင္းနဲ႔ခ်ီေသာေဒသခံျပည္သူမ်ားသည္ ပလက္၀ၿမိဳ႕နဲ႔ ဆမီးၿမိဳ႕ေပၚမွာ စစ္ေဘးတိမ္းေရွာင္ေနၾကရျခင္းျဖစ္သည္။

ပလက္၀ၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္စခန္း ၅ ခုရွိၿပီး အိမ္ေထာင္စုေပါင္း ၁၂၀၀ ေက်ာ္ လူဦးေရ ၆၀၀၀ နီးပါးခန္႔ စစ္ေဘး ခိုလံုလွ်က္ရွိၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.