Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့်အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကိုချိူးဖျက်ကာ ယောကျာင်္းမှန်သမျှကို ဖမ်းဆီးနေ

စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့်အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကိုချိူးဖျက်ကာ ယောကျာင်္းမှန်သမျှကို ဖမ်းဆီးနေ

0
By Editor on May 15, 2021 Headline
By လားနွန် – စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူများ အိမ်တွင်းထွင်းဖောက်ပြီး ယောက်ျားမှန်သမျှ ဖမ်းဆီးမှုများရှိပြီး လက်နက်ကြီးများဖြင့် မြို့ထဲထိ ပစ်ခတ်မှုတွေရှိဆဲဖြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မြို့ထဲက အိမ်တွေခြေထောက်နဲ့ ကန်ဖွင့် ဖျက်ဆီးဖွင့် အဲဒီမှာ ယောက်ျားဘယ်သူရှိလဲ ဘာတွေရှိလဲ ရှိရှိသမျှဖမ်းတဲ့သဘောရှိနေတော့ ကျနော်တို့လည်းတောထဲပြေးနေရတဲ့သဘောရှိတယ် အဲလိုဖမ်းတော့ ယောက်ျားမှန်သမျှတော့ တောထဲပြေးနေရတယ် မြို့ထဲမှာ သက်ကြီးပိုင်းနဲ့ ကလေးသူငယ် အမျိုးသမီးများလောက်သာကျန်နေကြတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းတပ်မြို့ထဲရှိ ဖမ်းဆီးခံရသူများကိုလည်း အာဏာသိမ်းစစ်ကောင်စီများမှ လူသားဒိုင်းကာအဖြစ်ထားပြီး မြို့ထဲပတ်ကာ Sniper သမားနှင့် ပတ်နေရကြောင်းသူကဆက်ပြောသည်။
ယခုချိန်တွင် အာဏာသိမ်းစစ်ကောင်စီများ လာသည့် ကုန်းလမ်းနှင့် လာသမျှကိုထိုးစစ်ကားများ တားဆီးနိုင်သော်လည်း ရဟတ်ယာဥ်ဖြင့် တစ်နေ့ထဲတွင် အခေါက် ၃၀ လောက်သယ်ယူပြီး မြို့ထဲတွင် လက်နက်များနှင့်စစ်သားများတပ်ဖြန့်နေကြဟုလည်းသိရသည်။
မင်းတပ်မြို့ကို မနက် ၇ နာရီမှ အာဏာသိမ်းစစ်ကောင်စီအဖွဲ့များက မကွေးတိုင်း ကျောက်ထုမှ အမြှောက်တပ်ဖြင့်အဆက်မပြတ်အမြှောက်ကြီးဖြင့် ပစ်ခတ်နေရပြီး အကြိမ် (၆၀) မည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
အများပြည်သူများနေထိုင်သည့် မြို့လယ်လူနေအိမ်ထဲအထိ လက်နက်ကြီးတွေများကျကာ ကလေးသူငယ်များနှင့်အမျိုးသား အမျိုးသမီးအချို့ထိခိုက်မှုတွေလည်းရှိသည်။
မြို့ထဲလမ်းသွားလမ်းလာသမျှကိုလည်း စနိုက်ပါနှင့် ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေကြောင်းသိရသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူတို့လုပ်ရက်က KNU KIA AA တို့လိုမျိုး အင်အားကြီးတဲ့လက်နက်အဖွဲ့ကိုယ်တောင်မှ တစ်နေ့ထဲ ရဟတ်ယာဉ် အခေါက် ၂၀ / ၃၀ သုံးတာမရှိဘူး မြို့ထဲမှာ ရမ်းသန်းပြီးမှ တကယ်လက်နက်ကြီးတွေကို ၆၀/၇၀ လောက် တနေကုန်နီးပါး ပစ်ပြီးမှ ရက်စက်တာမျိုးမရှိဘူး ဆိုတော့ ဒီလောက်လူမျိုးလေးကို လူမျိုးတုန်းသတ်ဖြတ်ပါစေလို့ သေချာသေပါစေလို့ အကုန်လုံးအစွမ်းကုန်လုပ်နေတဲ့ သဘောဖြစ်နေတယ် အဲလိုမျိုးအခြေအနေနဲ့ကျနော်တို့ ကြုံနေရတယ် ဒါပေမဲ့ ကျနော်တို့တပ်တွေက နောက်မဆုတ်သွားဘူး အားလုံးက ကျနော်တို့ တော်လှန်နေရမှာပဲ ပြန်လာဖို့ရှိတယ် ဆက်လက်ပြီးမှ သူတို့ မကျမဆုံးမခြင်း ကျနော်တို့လှန်သွားမယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် ကျန်ရှိနေသည့် အခြားလက်နက်ကိုင် ညီကိုများမှလည်း ရရာနည်းဖြင့် တော်လှန်ပေးရန် ဆန္ဒပြနေရမည့်အစား လက်နက်ကိုင်ပြီး ရဲရဲတင်းတင်းတော်လှန်ပြသရမည့်အချိန်ဖြစ်ပြီး မင်းတပ်မြို့ပြည်သူများအတွက်ရုန်းကန် တိုက်ခိုက်ကူညီပေးရန် တောင်းဆိုထားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြား ပစ်ခတ်ရပ်ဆဲမှုပျက်ပြယ်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့ညကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM များကို အရေးယူမည်ဟု တီးတိန်မြို့ပညာရေးဘုတ်အဖွဲ့ ကြေညာ

မင်းတပ်မြို့ပေါ် မော်တော်ယာဉ်စည်းကမ်းများ ပြဌာန်းလိုက်ကြောင်း မင်းတပ်ပအဖ ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.