• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မတူပီ မြို့အဝင်/အထွက်အားလုံး ပိတ်ထားပြီး ခရီးသွားလာခွင့်တားမြစ်

စစ်ကောင်စီက မတူပီ မြို့အဝင်/အထွက်အားလုံး ပိတ်ထားပြီး ခရီးသွားလာခွင့်တားမြစ်

0
By Editor on September 28, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့၏ အဝင်/အထွက်အားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ဒေသခံပြည်သူများ ခရီးသွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့်ကိုလည်း တားမြစ်ထားသည်ဟု သိရသည်။

မတူပီမြို့တွင် ယခင်က ဒေသခံပြည်သူများခရီးသွားလိုပါက အထွေထွေအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ခရီးသွားလာခွင့်ရှိသော်လည်း မကြာသေးခင်ရက်ပိုင်းကစ၍ ထောက်ခံစာဖြင့်လည်း ခရီးသွားလာခွင့်မပြုတော့ကြောင်း မတူပီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“အဝင်ထွက်သွားလာလို့လုံးဝမရဘူး၊ နှစ်လလောက်ပိတ်မယ်လို့ကြားတယ်၊ မင်းတပ်လမ်းဖက်ဆိုရင် သူတို့တွေက တောထဲတွေမှာ အလံနီတွေအကုန်စိုက်ထားတယ် အရင်ကမရှိဘူး အခုတလော ပဲစိုက်ထားတာ၊ အဲ့တာကိုကျော်ရင် ပစ်မိန့်ပေးထားတယ်လို့ကြားတယ်၊ အခုတလော ဘယ်သူမှ မြို့ပြင်ဖက်မထွက်တာ၊ သွားလာချင်တဲ့သူတွေကိုလည်း သူတို့ ထောက်ခံစာလုံးဝမပေးဘူး။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့ အဝင်အထွက်လမ်းမကြီး ၃ ခုဖြစ်သည့် မတူပီ-မင်းတပ်၊ မတူပီ-ဟားခါးနှင့် မတူပီ-ပလက်ဝမြို့သို့ ဆက်သွယ် သောကားလမ်းမကြီးများကို မြို့အဝင်အထွက်တွင် စစ်ရေးဂိတ်များထားရှိကာ မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရသည်။

မတူပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းတွင် အချက်အချာကျသည့်မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေစိုက်ရာမြို့ဖြစ်သလို စစ်ကောင်စီတပ်ရင်း ၂ ခု အခြေစိုက်ထားသည့်မြို့ဖြစ်သည်။

နှစ်လခန့်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်ခဲ့သော်လည်း ယခုစက်တင်ဘာလလယ်ပိုင်းကစ၍ CDF-Matupi တပ်ဖွဲ့နှင့် ထိတွေ့မှုများပြန်လည်ဖြစ်ပွားလာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ မတူပီမြို့အဝင်အထွက်အားလုံးကို ပိတ်ပင်ကာ ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းများ သယ်ယူခွင့်ပိတ်ပင်မှုပြုလုပ်ရသည့်အကြောင်းရင်းအားမသိရသော်လည်း စက်တင်ဘာလ ၁၉ ရက်နေ့ကစ၍ CDF-Matupi တပ်ဖွဲ့နှင့် မြို့အနီးတိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ မတူပီမြို့၏ အဝင်/အထွက်အားလုံးပိတ်ပင်ကာ ခရီးသွားလာခွင့်နှင့် မည်သည့်ကုန်ပစ္စည်းမှ သယ်ယူခွင့်ကို ရက်ရှည်လများပိတ်ပင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် အခက်ကြုံလာနိုင်သည်ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။

“ပြည်သူတွေအတွက်ကတော့ အခုတလော လမ်းတွေပိတ်တယ်ဆိုတော့ ကုန်ပစ္စည်း တွေမသယ်နိုင်တော့ ပြီးခဲ့တဲ့ လတွေကဝင်တဲ့ဟာပဲဝယ်စားကြတယ်၊ တချိုူ့ကုန်သည်တွေ လှောင်ထားတဲ့ ဆီတို့၊ ဆန်တို့တော့ရှိတယ်။ မြို့ထဲမှာ ကျန်တဲ့ကုန်တွေရဲ့ ဈေးနှုန်းက ပိုပိုပြီးဈေးတက်ရုံပဲပေါ့။ အဲ့လိုပိတ်နေတယ်ရင်တော့ စားဝတ်နေရေးရော အားလုံး အခက်အခဲဖြစ်လာနိုင်တယ်” ဟု မတူပီမြို့ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၉ ၊ ၂၄ ၊ ၂၅ နှင့် ယနေ့ စက်တင်ဘာလ ၂၇ တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

CDF-Matupi ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.