• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

0
By Editor on February 10, 2022 Headline

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လှည့်သော စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းသားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှိုမြောင်ထဲ ပုန်းအောင်းစစ်ရှောင်နေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်းရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ စစ်ကားအစီး ၉၀ ဖြင့် ပြန်လှည့်သော စစ်ကောင်စီတပ်နှင့် CDF-Mindat တို့သည် မင်းတပ်-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ ဖေဖောဝါရီ ၈ ရက်နေ့မှ မင်းတပ်မြို့သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.