Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီမှ အစားထိုးခန့်အပ်သော ရပ်/ကျေးအုပ်ချူပ်ရေးမှုးများကို အသိအမှတ်မပြုရန် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီမှ တိုက်တွန်း

စစ်ကောင်စီမှ အစားထိုးခန့်အပ်သော ရပ်/ကျေးအုပ်ချူပ်ရေးမှုးများကို အသိအမှတ်မပြုရန် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီမှ တိုက်တွန်း

0
By Editor on February 22, 2021 Headline
#Unicode
အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ပြည်သူများရွေးချယ်တင်မြောက်ထားသည့် ရက်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အား တာဝန်မှရပ်စဲကာ ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားအား နာခံဦးညွှတ်မည့်သူများဖြင့် အစားထိုးခန့်အပ်မှုများကို ပြည်သူ များအနေဖြင့် လုံးဝအသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRCH) က ဖေဖော်ဝရီလ ၂၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာတောင်းဆိုလိုက်သည်။
ထိုကဲ့သို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစားထိုးခန့်အပ်လာခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ သြဇာ အာဏာကို ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများအထိရောက်ရှိခြေကုပ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာသိမ်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည့် အစိုးရဝန်ထမ်းနှင့် အရပ်သားများ အား ဖမ်းဆီးနှိပ်ကွက်ရေးအတွက်သာဖြစ်သည်ဟု CRCH က သုံးသပ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဆလိုင်မျိုးထိုက်က “ စစ်အာဏာရှင်ဆိုတာကတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ပြည်သူတွေရွေးချယ်ခန့်ထားတဲ့အဖွဲ့မဟုတ်ဘူးလေ၊ သူတို့က အာဏာကို သိမ်းပြီးမှ လုပ်ထားတဲ့ကိစ္စတွေ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကျတော့ ဒီနေ့ပြည်သူတွေရွေး ချယ်ထားတဲ့ ကိုယ်စားလှယ်သာလျှင် ပြည်သူတွေရွေး ချယ်ထားတဲ့ အစိုးရသာလျှင် ကျွန်တော်တို့ရဲ့ အစိုးရဖြစ်တယ်၊ အခုလက်ရှိရွေးချယ်ထားတဲ့ကိုယ်စားလှယ်နဲ့ ဖွဲ့ထားတဲ့ ဟာက ပြည်သူတွေရဲ့ ကိုယ်စားဖြစ်တယ်ဆိုတဲ့ အနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်တာ ဖြစ်တယ်။” ဟု ပြောသည်။
ယခုလက်ရှိ ချင်းပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး မည်မျှတာဝန်မှရပ်စဲပြီး မည်မျှ အစားထိုးခန့်အပ်ထားမှု အခြေအနေကိုမူ မသိရသေးပေ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာမူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအနည်းဆုံး ၁၅ ဦးခန့်က စစ်ကောင်စီမှတိုက်ရိုက်ခန့်အပ်မှုရှိနေပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းပုံအဆင့်ဆင့်က တိုက်ရိုက်ခန့်အပ် သော ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအမှုးများအပါအဝင် ရာအိမ်မှုး၊ ဆယ်အိမ်မှုးများကို လုံးဝ (လုံးဝ) အသိအမှတ်မပြုရန် နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် CRCH ၏ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့စွဲဖြင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီစဉ်လမ်းညွန်ချက်ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်မြို့နယ်အသီးသီးမှ စစ်အာဏာသိမ်းဆန့်ကျင်မှုကို ဦးစီးဦးဆောင်ပြုနေသူများအနေဖြင့် မိမိတို့မြို့နယ်/ရပ်ကွက်ကျေးရွာအုပ်စုရှိ ပြည်သူ့ဘက်တော်သားရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့်လူငယ်ခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းအကြီးအမှူးများစသူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ဒေသအသီးသီးနှင့် ဆီလျော်ကိုက်ညီသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ကျေးရွာ/ကျေးရွာအုပ်စု/ရပ်ကွက်/မြို့နယ်အဆင့် အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်ကြရန်လည်း CRCH က တိုက်တွန်းနိုးဆော်ထားသည်။
#Zawgyi
အာဏာသိမ္းစစ္ေကာင္စီအဖြဲ႔မွ ျပည္သူမ်ားေရြးခ်ယ္တင္ေျမာက္ထားသည့္ ရက္ကြက္/ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးမ်ား အား တာ၀န္မွရပ္စဲကာ ၎တို႔၏ အုပ္ခ်ဳပ္မႈယႏၲရားအား နာခံဦးၫႊတ္မည့္သူမ်ားျဖင့္ အစားထိုးခန္႔အပ္မႈမ်ားကို ျပည္သူ မ်ားအေနျဖင့္ လံုး၀အသိအမွတ္မျပဳရန္ႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္းမျပဳၾကရန္ ခ်င္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ (CRCH) က ေဖေဖာ္၀ရီလ ၂၁ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာေတာင္းဆိုလိုက္သည္။
ထိုကဲ့သို႔ ရပ္ကြက္/ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ားအား အစားထိုးခန္႔အပ္လာျခင္းသည္ စစ္ေကာင္စီအေနျဖင့္ ၎တို႔၏ ၾသဇာ အာဏာကို ရပ္ကြက္၊ ေက်းရြာအုပ္စုႏွင့္ ေက်းရြာမ်ားအထိေရာက္ရွိေျခကုပ္ယူႏိုင္ရန္ စီစဥ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ား၊ စစ္အာဏာသိမ္းလႈပ္ရွားမႈတြင္ ပူးေပါင္းပါ၀င္ၾကသည့္ အစိုးရ၀န္ထမ္းႏွင့္ အရပ္သားမ်ား အား ဖမ္းဆီးႏွိပ္ကြက္ေရးအတြက္သာျဖစ္သည္ဟု CRCH က သံုးသပ္ေၾကာင္း ယင္းေၾကညာခ်က္တြင္ေဖာ္ျပထားသည္။
ခ်င္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီအဖြဲ႔၀င္ ဆလုိင္မ်ဳိးထုိက္က “ စစ္အာဏာရွင္ဆုိတာကေတာ့ တကယ္တမ္း ေျပာရမယ္ဆုိရင္ ျပည္သူေတြေရြးခ်ယ္ခန္႔ထားတဲ့အဖြဲ႔မဟုတ္ဘူးေလ၊ သူတို႔က အာဏာကုိ သိမ္းျပီးမွ လုပ္ထားတဲ့ကိစၥေတြ အဲ့ဒါေၾကာင့္ ကြ်န္ေတာ္တုိ႔အေနနဲ႔က်ေတာ့ ဒီေန႔ျပည္သူေတြေရြး ခ်ယ္ထားတဲ့ ကုိယ္စားလွယ္သာလွ်င္ ျပည္သူေတြေရြး ခ်ယ္ထားတဲ့ အစုိးရသာလ်ွင္ ကြ်န္ေတာ္တုိ႔ရဲ႕ အစုိးရျဖစ္တယ္၊ အခုလက္ရွိေရြးခ်ယ္ထားတဲ့ကုိယ္စားလွယ္နဲ႔ ဖြဲ႔ထားတဲ့ ဟာက ျပည္သူေတြရဲ႕ ကုိယ္စားျဖစ္တယ္ဆုိတဲ့ အေနနဲ႔ ကြ်န္ေတာ္တုိ႔ ထုတ္ျပန္တာ ျဖစ္တယ္။” ဟု ေျပာသည္။
ယခုလက္ရွိ ခ်င္းျပည္နယ္တြင္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မည္မွ်တာ၀န္မွရပ္စဲၿပီး မည္မွ် အစားထိုးခန္႔အပ္ထားမႈ အေျခအေနကိုမူ မသိရေသးေပ။ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕မွာမူ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမႉးအနည္းဆံုး ၁၅ ဦးခန္႔က စစ္ေကာင္စီမွတိုက္႐ိုက္ခန္႔အပ္မႈရွိေနၿပီျဖစ္ေၾကာင္းသိရသည္။
ခ်င္းျပည္နယ္အတြင္းရွိ ျမဳိ႕နယ္အသီးသီးမွ ျပည္သူလူထုအေနျဖင့္ မိမိတုိ႔၏ လြတ္လပ္မႈႏွင့္ လုံျခဳံမႈကို ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္ အာဏာသိမ္းစစ္ေကာင္စီ ဖြဲ႔စည္းပုံအဆင့္ဆင့္က တုိက္ရုိက္ခန္႔အပ္ ေသာ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ အုပ္ခ်ဳပ္ေရးအမႈးမ်ားအပါအဝင္ ရာအိမ္မႈး၊ ဆယ္အိမ္မႈးမ်ားကုိ လုံးဝ (လုံးဝ) အသိအမွတ္မျပဳရန္ ႏွင့္ ၎တုိ႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္းမျပဳၾကရန္ CRCH ၏ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအေနျဖင့္ ယေန႔ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔စြဲျဖင့္ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီစဥ္လမ္းၫြန္ခ်က္ထုတ္ျပန္ခဲ့ၿပီး ခ်င္းျပည္နယ္ၿမိဳ႕နယ္အသီးသီးမွ စစ္အာဏာသိမ္းဆန္႔က်င္မႈကို ဦးစီးဦးေဆာင္ျပဳေနသူမ်ားအေနျဖင့္ မိမိတို႔ၿမိဳ႕နယ္/ရပ္ကြက္ေက်းရြာအုပ္စုရွိ ျပည္သူ႔ဘက္ေတာ္သားရပ္မိရပ္ဖမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ အမ်ဳိးသမီးႏွင့္လူငယ္ေခါင္းေဆာင္မ်ား၊ ဘာသာေရးအဖဲြ႕အစည္းအႀကီးအမွဴးမ်ားစသူတို႔ႏွင့္ ညွိႏိႈင္းတိုင္ပင္ကာ မိမိတို႔ေဒသအသီးသီးႏွင့္ ဆီေလ်ာ္ကိုက္ညီေသာ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားကို ေက်းရြာ/ေက်းရြာအုပ္စု/ရပ္ကြက္/ၿမိဳ႕နယ္အဆင့္ အျမန္ဆံုးဖြဲ႔စည္းေဆာင္ရြက္ၾကရန္လည္း CRCH က တိုက္တြန္းႏိုးေဆာ္ထားသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.