Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ ယန္တရားကို လည်ပတ်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်(ပအဖ) ကြေညာ

စစ်ကောင်စီ ယန္တရားကို လည်ပတ်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်(ပအဖ) ကြေညာ

0
By Editor on July 5, 2023 Khonumthung

Salai Vakok

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးကို ထိခိုက်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်မှာ ကြေညာလိုက်သည်။ 

“အမည်ပျက်ကြေငြာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် ပေးမှာ မဟုတ်ဘူး။ သူတို့ကို ထပ်ဆောင်းပြီးမှ အရေးယူမှုတွေ လုပ်သွားမှာပါ။ ဘာလို့ဆိုတော့ ကန်ပက်လက်မှာ စကစ ကျောင်း၊ တကျောင်းမှ မရှိစေရဘူး။ ဒါပေမဲ့ NonCDM ကို အရေးယူချင်တဲ့ ဆန္ဒနဲ့ အခုက ပထမ ဦးစားပေးမဟုတ်ပါဘူး။ ဘယ်သူက CDM ဝင်တယ်၊ ဘယ်သူက Non CDM ဖြစ်နေတယ်ဆိုတာ ဝေဝါးနေတဲ့အတွက် ဒီစာရင်းကို ကြည့်ပြီး ဆက်သွယ်စုံစမ်းလို့ ရအောင်ပါ”လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။ 

ယနေ့ အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် ကန်ပက်လက်မြို့နယ် ပညာရေးဌာန၏ ဝန်ထမ်း ၈၀၀ ကျော်ထဲမှ Non- CDM အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်း (၃၂၂) ဦးကို ထုတ်ပြန်ခြင်းဖြစ်သည်။ 

သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု သိရသည်။ 

အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် စစ်ကောင်စီလက်အောက် ကျောင်းများမှာ စာသင်နေသူများ (Non-CDM)၊ CDM လုပ်သည်ဟု ပြောပြီ လစာခိုးထုတ်နေသူများနှင့် တချို့က ဝိုင်းကျူရှင်တွေဖွင့်ပြီး စာသင်နေသူများ ဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကန်ပက်လက်မြို့နယ်တွင်းမှ ဌာနအသီးသီးက Non-CDM များကို အမည်ပျက်စာရင်းထည့်သွင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရသည်။

ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်မြို့ပေါ်က စာသင်ကျောင်းများနှင့် ကျင်ဒွေးမြို့က စာသင်ကျောင်းတွေသာ စစ်ကောင်စီက ဖွင့်လှစ်ထားနိုင်ပြီး ကျန်ရှိသော ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူ့စာသင်းကျောင်းတွေ ဖွင့်လှစ်ထားသည်ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။ 

ကန်ပက်လက်မြို့နယ်ထဲက ပြည်သူ့ကျောင်းတွေမှာ CDM ပညာရေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေနှင့် မူလတန်းမှ အထက်တန်းအထိ သင်ကြားပေးနေသည်။ 

ထိုကျောင်းများမှာ စာရေးကိရိယာအပါအဝင် ကျောင်းသုံးပစ္စည်းတချို့ အခက်အခဲ ရင်ဆိုင်နေရပြီး ဆရာ/မ ရှားပါးမှု အနည်းငယ်လည်း ရှိနေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.