• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်တွေကို ပို့ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တပ်က ရဲလက်ထဲမအပ်ဘဲ ထိန်းသိမ်းထား၊ မိသားစုများ စိုးရိမ်နေ

စစ်တွေကို ပို့ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တပ်က ရဲလက်ထဲမအပ်ဘဲ ထိန်းသိမ်းထား၊ မိသားစုများ စိုးရိမ်နေ

0
By Editor on June 23, 2021 Headline

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ပို့ဆောင်ခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးသည် ယနေ့ချိန်ထိ ရဲလက်ထဲသို့မရောက်သေးဘဲ စစ်တပ်လက်ထဲတွင်ရှိနေဆဲဟု ယူဆရသည့်အတွက် မိသားစုဝင်များက စိုးရမ်နေကြသည်။

“သူတို့ကို ပလက်ဝမြို့ရဲစခန်းမှူးကနေ အမှုဖွင့်တာလေ ၅၀၅ (က) နဲ့ စစ်တွေမြို့ကိုလွှဲလိုက်တယ်ဆိုတော့ စစ်တွေက ရဲလက်ထဲကို အပ်ရတော့မှာလေးသဘောက ဒါပေမယ့်အခုဟာက စစ်တပ်ထဲမှာပဲထိန်းသိမ်းထားတဲ့သဘောဖြစ်နေတယ် မိသားစုဝင်တွေနဲ့လည်း တွေ့လို့မရကြတော့ စိတ်ပူနေကြတယ်’’ ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ဇွန်လ ၁၈ ရက်နေ့က ပလက်ဝမြ်ို့ ၂၈၉ တပ်ရင်းကနေ စစ်တွေမြို့သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း(အဆိုတော်)၊ အိုက်ထွန်းမင်း(ကုမ္ပဏီ)၊ အိုက်ထွန်းမင်း(သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူး နှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံပြီး ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.