Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုများလာ

စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုများလာ

0
By Editor on February 13, 2024 Headline

(04SS)

အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်း လိုက်ပြီးနောက် ကလေးမြို့တွင် အရပ်သားဖမ်းဆီးခေါ်ဆောင်မှုပိုများလာနေသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ဒီတော်လှန်ရေးစကတည်းက စစ်ကောင်စီဘက်ကနေ သံသယရှိတဲ့လူတွေ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေတောင်မှ အိမ်ရှင်ခွင့်ပြုချက်လုံးဝမရှိဘဲ ဝင်ရောက်ရှာဖွေတာ ထိန်းသိမ်းတာတွေရှိတယ် အခုရက်ပိုင်းဆို ခပ်စိတ်စိတ် တွေ့ရတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ ပြဌာန်းတဲ့‌ေနာက်ပိုင်း‌‌ေပါ့နော်” ဟု ကလေးမြို့က တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသော လူငယ်အယောက် ၃၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ထဲသို့ ထိန်းသိမ်းထားကြောင်း ၎င်းကပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့များသည် မြို့ပေါ်တွင် ကင်းလှည့်ရှာဖွေဖမ်းဆီးလေ့ရှိကြောင်း၊ တပ်စခန်းနှင့် နီးစပ်သည့် ရပ်ကွက်များ တွင်လည်း ဝင်ရောက်ရှာဖွေခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။

“ဒီ ချမ်းမြေ့အောင်စည်ရပ်ကွက်ဘက်က ချင်းလုံးကွင်းမှာ ချင်းလုံးခတ်နေတဲ့ လူငယ်တွေတချို့ကိုလဲ ဝင်ဖမ်းသွားတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အထူးသဖြင့် သူတို့စစ်တပ်နဲ့ နီးတဲ့ ရပ်ကွက်တွေပေါ့နော် အဖမ်းအဆီးတွေ ကြားရတယ်” ဟု တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယနေ့မနက်ပိုင်းတွင်လည်း ကလေးမြို့ ဘူတာလမ်းခွဲနှင့် ကြို့သုံပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူလတ်ပိုင်းနှင့် လူငယ်တချို့ ဖမ်းဆီးမှုရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ယမန်နေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ် ဘုံတောကျေးရွာသို့ ဝင်ရောက်ပြီး ရွာသားများ ဖမ်းဆီးသွားကြသည်ဟု မြေလတ်သတင်းဌာနကဖော်ပြထားသည်။

သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“အခု စစ်ကောင်စီက ပြည်သူတွေအပေါ် ရန်သူပီသစွာ လုပ်လာပြီ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သားများ တနည်းအားဖြင့် လူငယ်များအနေနဲ့ ပထမက အစားအသောက် အသွားအလာ၊ အနေအထိုင် အရင်ကထက်ပိုပြီး ဆင်ခြင်ရမယ်၊ ပြီးရင် လိုင်းပေါ်မှာ စာအရေးအသားကအစ ကျွန်တော်တို့ မိမိကိုယ်ကို လုံခြုံရေးပေါ့နော်။ ဒုတိယအနေနဲ့ စစ်ကောင်စီက ကျွန်တော်တို့ ရပိုင်ခွင့်တွေ ချိူးဖောက်ပြီးတော့ အိမ်ရှေ့တံခါးဝရောက်လာပြီဆိုရင် ဘာမှ ရွေးချယ်စရာမရှိတော့ဘူး၊ တော်လှန်ရေးဘက်ပြောင်းကိုပြောင်းရမဲ့အခြေအနေရောက်ပြီဆိုတော့ လူငယ်တွေအနေနဲ့ ကိုယ့်ကို လုံခြုံမှုပေးနိုင်မဲ့ နီးစပ်ရာနေရာတွေ ‌ဆက်သွယ်မယ်၊ အကြောင်းကြားမယ်၊ တော်လှန်ရေးမှာ ဘယ်လိုပါဝင်ရမလဲ ဆိုတာ ‌စဉ်းစားရမဲ့ အချိန်မဟုတ်တော့ဘူး ရွေးချယ်ရမယ့် အချိန်လို့လူငယ်တွေကိုပြောချင်ပါတယ်” ဟု တော်လှန်ရေးသပိတ်ဦးဆောင်သူက ပြောသည်။

စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှု ထမ်းဥပဒေကို ဖေဖော်၀ါရီလ ၁၀ ရက်နေ့ကစ၍ အာဏာတည်စေကြောင်း အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်းကို အနည်းဆုံး ၂ နှစ် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ် နိုင်သည်ဟု ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.