Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့ NUG ယာယီသမ္မတပြော

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့ NUG ယာယီသမ္မတပြော

0
By Editor on June 27, 2023 Khonumthung

(03PT)

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို မိမိတို့၏ တော်လှန်သော သွေးသားများအဖြစ် အတုယူလေ့ကျင့် တည်ဆောက်သွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ယနေ့ဇွန်လ ၂၆ ရက်နေ့သည် ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ ဦးဆောင်မှုဖြင့် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်းအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းခဲ့ရာတွင် NUG ယာယီသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို ကျွန်တော်တို့ရဲ့ တော်လှန်သောသွေးသားများအဖြစ် အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့” ဒူဝါလရှီးလက ပြောဆိုခဲ့သည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းက တိတ်တဆိတ်ကြိုးပေးကွက် မျက်ခဲ့သည်။

ဆလိုင်းတင်မောင်ဦးသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ကြိုးပေးကွက်မျက်ခံရသော ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ကြိုးပေးကွက်မျက်ခံရစဉ်တွင် အသက် ၂၅ နှစ်သာရှိသေးသည်။

ဆလိုင်းတင်မောင်ဦးသည် ၎င်းအားကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာရှင်လက်ပါးစေများကို “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး(I will never kneel down under military boots.)” “မင်းတို့ ငါရဲ့ခန္ဓာ ကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး( You can kill my body but you can never kill my belief and what I stood for)” ဟု ရဲရဲတောက်ပြောကြားခဲ့သည်။

ဆလိုင်းတင်မောင်ဦး၏ ရုပ်ခန္ဓာသည် ကျဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူ၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်သည် ယနေ့ချိန်ထိရှင်သန်နေဆဲဖြစ်ပြီး ဆလိုင်းတင်မောင်ဦး၏ ပြတ်သားသောရပ်တည်ချက်ကို အလေးမြတ်ပြု လေးစားစံပြ ထားကြဖို့လည်း ယာယီသမ္မတက ပြောဆိုသည်။

“ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကေ တာ့ မသေဆုံးသေးပါဘူး။ အသက်ငယ်ရွယ်ပေမယ့် မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင် အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကို ပြန်လည် အောက်မေ့ပြီး ကျွန်တော်တို့ဟာ ဆလိုင်းတင်မောင်ဦးရဲ့ ပြတ်သားသော ရပ်တည်ချက်ကို အလေးအမြတ် ပြုကြပါစို့…လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကလည်း ယနေ့ကျရောက်သော ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့်မြောက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုကရေးစီပြည် ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံဖြင့် ကျရာကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်နေကြသူများ အားလုံး အနေဖြင့် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက် ချီတက်ကြရန် အလေးအနက်တိုက်တွန်းခဲ့သည်။

စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသရွေ့ ကာလပတ်လုံး ချင်းလူမျိုးအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည်အခြေအနေမရှိကြောင်း ပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်း ရွေးချယ်နိုင်ခွင်များ မည်သည့်အချိန်တွင်မျှ ရရှိလာမည် မဟုတ်ကြောင်း ICNCC ကဆိုသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုသူတိုင်း စံနစ်မူနာထားလေးစားအသိ အမှတ်ပြုရန်ထိုက်တန်သည့် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အား ပြည်ထောင်စုမြန်မာနိုင်ငံတဝန်းလုံးတွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်လည်း ICNCC က တိုက်တွန်းထားသည်။

ဆလိုင်းတင်မောင်ဦးသည် မြေပြန့်အရှိုချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် သတ္တဗေဒအထူးပြုဘာသာရပ်သင်ကြားနေစဉ် ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားလာခဲ့သည်။

၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက်အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကျောင်းသားများဆန္ဒပြလှုပ်ရှားမှု၊ ၁၉၇၀ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဇွန်အလုပ်သမားအရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတို့တွင် တက်ကြွစွာဦးဆောင်ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၇၆ ခုနှစ် သခင်ကိုယ်တော်မှိုင်း (မှိုင်းရာပြည့်) အရေးအခင်းလှုပ်ရှားမှုအတွက် ပြင်ဆင်နေချိန် မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၉၇၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် မဆလ စစ်အစိုးရက သေဒဏ်ချမှတ်ခဲ့သည်။

ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် အင်စိန်ထောင်မှာ တိတ်တဆိတ်ကြိုးပေး ကွက်မျက်ခံခဲ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.