• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်တွင် ငှက်ဖျားဖြစ်ပွားမှုနှုန်း နှစ်ဆမြင့်တက်လာ

စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်တွင် ငှက်ဖျားဖြစ်ပွားမှုနှုန်း နှစ်ဆမြင့်တက်လာ

0
By Editor on August 15, 2023 Headline

(06SV)

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာနေပြီး ယမန်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာနေပြီဟု ချင်းပြည်နယ်မှ အရပ်ဖက်ကျန်းမာရေးအဖွဲ့အစည်းများက ပြောဆိုသည်။ 

ငှက်ဖျားရောဂါများ အဓိက အများဆုံးဖြစ်ပွားနေသော မြို့နယ်များသည် ပလက်ဝ၊ ထန်တလန်၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီ နှင့် မင်းတပ်မြို့နယ်တို့ ဖြစ်ပြီး ယမန်နှစ်က ငှက်ဖျားမဖြစ်ပွားခဲ့သော ဖလမ်းမြို့နယ်တွင် ယခုနှစ်မှာ ငှက်ဖျားရောဂါများ ဖြစ်ပွား နေကာ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှာလည်း ငှက်ဖျားဖြစ်နေသော လူနာများကို တွေ့နေရသည်ဟု ၂၀၂၁ ခုနှစ်မှစ၍ ချင်း ပြည်နယ်အတွင်း ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းကြီးတခုမှ အတွင်းရေးမှူးတစ်ဦးက ပြောသည်။ 

“ချင်းပြည်နယ်မှာ ငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့်အထိကို မြင့်တက်လာနေတယ်။ ဒီတစ်နှစ်၊ ၂ နှစ်အတွင်းမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေကနေ ငှက်ဖျားရောဂါဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိတ်စိတ်ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆလောက် ပိုများလာတယ်။ ငှက်ဖျားကြောင့် ဦးနှောက်ကို ငှက်ဖျားပိုးရောက်ပြီးတော့ ဆေးရုံတင်ရတဲ့ သူတွေထဲမှာ အသက် ၃ နှစ်အရွယ် ကလေးတွေပါ ပါလာတယ်။ ကိုယ်ဝန်ဆောင်တွေပါ ပါလာတယ်” ဟု သူက ပြောသည်။ 

ချင်းပြည်နယ်တွင် ငှက်ဖျားဆေးဝါးနှင့် ငှက်ဖျားကာကွယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ စတင်ဆောင်ရွက်သင့်နေပြီဖြစ်သော်လည်း စစ်ကောင်စီသည် လက်နက်တစ်ခုကဲ့သို့ အသုံးချ၍ ငှက်ဖျားဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ပြည်သူလူထုထံ မရောက်ရှိနိုင်ရေးအတွက် ဒေသတွင်းရှိ အဖွဲ့အစည်းများအား နည်းမျိုးစုံဖြင့် ကန့်သတ်ဖိအားပေး၍ ထိန်းချုပ်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားသူများတွင် အသက် ၁၅ နှစ်အထက် အသက်အပိုင်းအခြားတွင် အများဆုံး ဖြစ်ပွားနေပြီး Plasmodium falciparum (PF) ဖြစ်ပွားမှုသည် (၃၆) ရာခိုင်နှုန်း၊ Plasmodium Vivax (PV) ငှက်ဖျားဖြစ်ပွားမှုသည် (၄၀) ရာခိုင် နှုန်း၊ ငှက်ဖျား နှစ်မျိုးတစ်ပြိုက်နက် တွေ့ရှိသော လူနာ (Mixed Infection) က (၂၄) ရာခိုင်နှုန်းဖြစ်သည်ဟု ချင်းပြည်နယ်အတွင်း ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်းကြီးတခု၏ စာရင်းအရ သိရသည်။

“အသက် ၁၀ နှစ်အောက် ကလေးတွေမှာတောင် ငှက်ဖျားဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ ဥပမာအားဖြင့် ၁၀ နှစ်အောက် ကလေးမှာဆိုရင် ဖြစ်ပွားမှု နှုန်းက (၁၈) ရာခိုင်နှုန်းလောက် ရှိနေတာပေါ့နော်။ ဒါက တော်တော်လေးကို စိုးရိမ်း စရာကောင်းတယ်။ ချင်းပြည်နယ်မှာက ကလေးတွေမှာတင်မကဘဲ လူကြီးတွေမှာတောင် ငှက်ဖျားရောဂါမတွေ့ခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ။ အာဏာသိမ်းဖို့ ကြိုးစားမှု (Attempted Coup) မတိုင်ခင်က ထန်တလန်၊ ဟားခါး ဖလမ်း တွန်းဇန်၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်တွေဆိုရင် Malaria Elimination Strategy – ငှက်ဖျား အမြစ်ဖြတ် စီမံချက် လုပ်ဆောင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်နေပါပြီ။ အခုတော့ ဒီမြို့နယ်တွေမှာ ငှက်ဖျား ဖြစ်ပွားမှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် မြင့်တက်လာနေတဲ့အပြင် Malaria Outbreak ဖြစ်နေတယ်လို့ကို ကျမတို့ ပြောလို့ ရနေတယ်” ဟု ချင်းပြည်နယ်အတွင်း ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းကြီးတခု၏ အတွင်းရေးမှူးက ပြောသည်။ 

ငှက်ဖျားဖြစ်ပွားမှု မြှင့်တက်နေသော ချင်းပြည်နယ်တွင် တောတောင်များထဲ စစ်ဘေးရှောင်ရမှု၊ တစ်ဒေသမှ တခြားဒေသသို့ လူဦးရေ ရွှေ့ပြောင်းနေထိုင်ရမှု များပြားပြီး ငှက်ဖျားကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်း မပြုနိုင်တော့ခြင်း၊ ငှက်ဖျားရောဂါဖြစ်ပွားသူများအား စောလျင်စွာ ဆေးဝါးကုသမှု မပေးနိုင်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ငှက်ဖျားရောဂါရှိသူများမှတဆင့် အခြားသူများသို့ ဆက်လက်ကူးစက်ခြင်းနှင့် အရည်အသွေး ပြည့်မီသည့် ငှက်ဖျား ဆေးဝါးများအား ဝယ်ယူခြင်း၊ ပို့ဆောင်ခြင်းများ ပြုလုပ်ရာတွင် အခက်အခဲများရှိခြင်းကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြား လာရခြင်းဖြစ်သည်။ 

ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက “လက်ရှိအခြေအနေကကြတော့ ဒီလိုပဲ ကြုံရာကျပန်းနဲ့ ဖြေရှင်းနေရတဲ့ အနေအထားပေါ့နော်။ လုံလောက်တဲ့၊ ထိရောက်တဲ့ ကုသမှုက ခုချိန်ထိ မရှိသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဓိကက ဆေးဝါးလုံလောက်မှု မရှိတဲ့ အပိုင်းပေါ့နော်။ ဘာလို့လုံလောက်မှု မရှိလဲဆိုတော့ ဘဏ္ဍာရေးပိုင်းမှာ demand က အရမ်းကြီးတဲ့ အခါကြတော့ funding မနိုင်တဲ့အပိုင်း၊ လူအင်အား မနိုင်တဲ့အပိုင်းတွေ တွေ့နေရတာပါ” ဟု ပြောသည်။ 

ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ်ဧပြီလအထိ ငှက်ဖျားလူနာပေါင်း ၄၅၀ ခန့်ရှိခဲ့ပြီး ငှက်ဖျားကြောင့် သေဆုံးမှုများလည်း ရှိလာနေသည်ဟုသိရသော်လည်း ငှက်ဖျားကြောင့် သေဆုံးမှုစာရင်း အတိအကျကိုတော့ မရနိုင်သေးကြောင်း ကျန်းမာရေးအဖွဲ့အစည်း တာ၀န်ရှိသူများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.