• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆန္ျပတ္လပ္သည့္ ပလက္၀အတြက္ တပ္လံုျခံဳေရးႏွင့္ ဆန္အိတ္ ၁၇၀၀ ပို႔ေဆာင္

ဆန္ျပတ္လပ္သည့္ ပလက္၀အတြက္ တပ္လံုျခံဳေရးႏွင့္ ဆန္အိတ္ ၁၇၀၀ ပို႔ေဆာင္

0
By Editor on October 13, 2020 Headline

#Unicode

By လားနွန် – ဆန်ပြုတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွက် ဆန်အိတ် ၁၇၀၀ နှင့် လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများကို တပ်လုံခြုံရေးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီးမြို့မှ ပလက်ဝမြို့သို့ ယမန်နေ့က ပို့ဆောင်ပေးလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။

“အခု ဆန်အိတ် (၁၇၀၀) ဆမီးကနေပြီးတော့ ဆန်ပဲတင်တဲ့ ကား (၁၂) စီး နောက်ပြီးတော့ အခြားလူသုံးကုန်ပစ္စည်း စားစရာတွေ တည်ဆောက်ရေးလုပ်ငန်း ဘီလပ်မြေ သံချောင်းအပါ အဲဒါနဲ့ ကားအစီး (၂၉) စီးနဲ့ မနေ့က ဆမီးကနေ ပလက်ဝကိုသွားပြီ လမ်းမှာ အိပ်တယ် ဒီနေ့တော့ ရောက်လိုက်မယ်ထင်တယ် တပ်ကနေ လုံခြုံရေးအပြည့်အဝယူပေးထားပါတယ် ပလက်ဝစားရေးရိက္ခာမပြတ်လပ်ဖို့အတွက် ကျနော်တို့ ပြည်သူလူထုလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ ဆန်တွေ ပခုက္ကူကဝယ်တယ် ပြီးတော့ တောက်လျှောက်ပို့နေတာ နောက်ပြည်ထောင်စု လူကယ်ပြန်ကနေပြီးဝယ်ထားတဲ့ ဆန်တွေ ကျနော်တို့ ကလေးကနေဆက်တိုက်လည်း ပို့နေတယ် ဒါပေမဲ့ လက်ရှိမှ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးဆိုးရွားတဲ့အတွက် ကားကြီးတွေကသွားလို့မရဘူး ကျနော်တို့ ခြောက်ဘီးတွေနဲ့ပဲ သွားခိုင်းတယ် ၁၀ တန်လောက်ပဲသယ်ခိုင်းတယ် ဆန်ဆက်တိုက်မပြတ်အောင် ကြိုးစားပြီးလုပ်ဆောင်နေပါတယ်” ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ပလက်ဝ၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့် အတွက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်စျေးနှုန်းများ မြင့်တက်မှုနှင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ပလက်ဝမြို့ဒေသခံအမျိူးသမီးတစ်ဦးက “ အခုစစ်ဘေးရှောင်တွေကို တစ်ယောက်ကို ဟိုတစ်ရက်ကတော့ သုံးရက်စာပေးတယ် အခုက တစ်ယောက်ကို နှစ်ဘူးနှစ်ဘူးပေးတယ်လို့သိရတယ် ၊ ဆန်အိတ်လာပို့တာတော့ အခု ပလက်ဝကိုမရောက်သေးဘူး ဆမီးကနေထွက်လာပြီလို့တော့ သတင်းရတယ်၊ ကျမတို့က ဆန်နဲ့ ပတ်သက်ရင် ဆန်ကို လုံလုံလောက်လောက်ရရှိရေးကိုလိုချင်တယ် လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းကောင်းမွန်မွန်ဖြစ်အောင် စားဝတ်နေရေးမှာလည်း ဆန်ကမပြတ်လပ်အောင်ပေါ့ သူတို့ပေးတာမက ကျမတို့ ဒီလူထုတွေကို ဝေလိို့ရအောင် စျေးနှုန်းချိုသာစွာနဲ့ လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

#Zawgyi

By လားႏြန္ – ဆန္ျပဳတ္လပ္မႈႏွင့္ ရင္ဆိုင္ေနရသည့္ ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္အတြက္ ဆန္အိတ္ ၁၇၀၀ ႏွင့္ လူသံုးကုန္ပစၥည္း၊ ေဆာက္လုပ္ေရးပစၥည္းမ်ားကို တပ္လံုျခံဳေရးႏွင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔က ဆမီးၿမိဳ႕မွ ပလက္၀ၿမိဳ႕သို႔ ယမန္ေန႔က ပို႔ေဆာင္ေပးလိုက္ၿပီဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေ ျပာသည္။ 

“အခု ဆန္အိတ္ (၁၇၀၀) ဆမီးကေနၿပီးေတာ့ ဆန္ပဲတင္တဲ့ ကား (၁၂) စီး ေနာက္ၿပီးေတာ့ အျခားလူသံုးကုန္ပစၥည္း စားစရာေတြ တည္ေဆာက္ေရးလုပ္ငန္း ဘီလပ္ေျမ သံေခ်ာင္းအပါ အဲဒါနဲ႔ ကားအစီး (၂၉) စီးနဲ႔ မေန႔က ဆမီးကေန ပလက္၀ကိုသြားၿပီ လမ္းမွာ အိပ္တယ္ ဒီေန႔ေတာ့ ေရာက္လိုက္မယ္ထင္တယ္ တပ္ကေန လုံျခံဳေရးအျပည့္အ၀ယူေပးထားပါတယ္ ပလက္၀စားေရးရိကၡာမျပတ္လပ္ဖို႔အတြက္ က်ေနာ္တို႔ ျပည္သူလူထုလွဴဒါန္းတဲ့ ပိုက္ဆံေတြနဲ႔ ဆန္ေတြ ပခုကၠဴက၀ယ္တယ္ ၿပီးေတာ့ ေတာက္ေလွ်ာက္ပို႔ေနတာ ေနာက္ျပည္ေထာင္စု လူကယ္ျပန္ကေနၿပီး၀ယ္ထားတဲ့ ဆန္ေတြ က်ေနာ္တို႔ ကေလးကေနဆက္တိုက္လည္း ပို႔ေနတယ္ ဒါေပမဲ့ လက္ရွိမွ က်ေနာ္တို႔ လမ္းပန္းဆက္သြယ္ေရးဆိုးရြားတဲ့အတြက္ ကားႀကီးေတြကသြားလို႔မရဘူး က်ေနာ္တို႔ ေျခာက္ဘီးေတြနဲ႔ပဲ သြားခိုင္းတယ္ ၁၀ တန္ေလာက္ပဲသယ္ခိုင္းတယ္ ဆန္ဆက္တိုက္မျပတ္ေအာင္ ႀကိဳးစားၿပီးလုပ္ေဆာင္ေနပါတယ္” ဟု ၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တိုက္ပြဲေၾကာင့္ ပလက္၀၏ အဓိကစားသံုးကုန္ပစၥည္းသယ္ေဆာင္ေနသည့္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္လမ္းမ်ား ေရလမ္းကုန္းလမ္းမ်ား ပိတ္ပင္ထားသည္မွာ တစ္ႏွစ္နီးပါးျဖစ္ေနၿပီျဖစ္သည့္ အတြက္ေၾကာင့္ စားေသာက္ကုန္ပစၥည္းကုန္ေစ်းႏႈန္းမ်ား ျမင့္တက္မႈႏွင့္ စားေသာက္ရန္ ဆန္ျပတ္လပ္မႈမ်ားႏွင့္ ၾကံဳေတြ႕ေနၾကရျခင္းျဖစ္သည္။ 

ပလက္၀ၿမိဳ႕ေဒသခံအမ်ဴိးသမီးတစ္ဦးက “ အခုစစ္ေဘးေရွာင္ေတြကို တစ္ေယာက္ကို ဟိုတစ္ရက္ကေတာ့ သံုးရက္စာေပးတယ္ အခုက တစ္ေယာက္ကို ႏွစ္ဘူးႏွစ္ဘူးေပးတယ္လို႔သိရတယ္ ၊ ဆန္အိတ္လာပို႔တာေတာ့ အခု ပလက္၀ကိုမေရာက္ေသးဘူး ဆမီးကေနထြက္လာၿပီလို႔ေတာ့ သတင္းရတယ္၊ က်မတို႔က ဆန္နဲ႔ ပတ္သက္ရင္ ဆန္ကို လံုလံုေလာက္ေလာက္ရရွိေရးကိုလိုခ်င္တယ္ လမ္းပန္းဆက္သြယ္ေရးကလည္း ေကာင္းေကာင္းမြန္မြန္ျဖစ္ေအာင္ စား၀တ္ေနေရးမွာလည္း ဆန္ကမျပတ္လပ္ေအာင္ေပါ့ သူတို႔ေပးတာမက က်မတို႔ ဒီလူထုေတြကို ေ၀လိို႔ရေအာင္ ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ လုပ္ေပးေစခ်င္ပါတယ္” ဟု ေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.