• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆမီးၿမိဳ႕စစ္ေဘးေရွာင္ကေလးငယ္မ်ား အခ်ိန္မီေက်ာင္းမတက္ႏုိင္မွာကို စိုးရိမ္ရ

ဆမီးၿမိဳ႕စစ္ေဘးေရွာင္ကေလးငယ္မ်ား အခ်ိန္မီေက်ာင္းမတက္ႏုိင္မွာကို စိုးရိမ္ရ

0
By Editor on May 28, 2020 Headline

#Zawgyi

By လားႏြန္ – အေျခခံပညာေက်ာင္းမ်ားကို လာမည့္ ဇူလိုင္လ (၂၁) ရက္ေန႔မွစတင္ကာ ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္ၿပီး ဆမီးၿမိဳ႕စစ္ေဘးေရွာင္စခန္းသို႔ ေရာက္ရွိေနၾကသည့္ ေက်ာင္းေနအရြယ္ကေလးငယ္မ်ားသည္ ေက်ာင္းေဆာင္အခက္အခဲေၾကာင့္ အခ်ိန္မီတက္ေရာက္ရန္ အခက္အခဲျဖစ္လာႏုိင္သည္ဟု သိရသည္။

စစ္ေရးပဋိပကၡေၾကာင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ဆမီးၿမိဳ႕သို႔ ထြက္ေျပးလာၾကသည့္ စစ္ေဘးေရွာင္ျပည္သူ (၃၀၀၀) နီးပါးရွိသည့္အနက္ မူလတန္းမွ (၁၀) တန္းအထိ တက္ေရာက္မည့္ ေက်ာင္းသားေက်ာင္းသူ (၇၀၀) ေက်ာ္ရွိၿပီး ၎တို႔ပညာသင္ၾကားႏုိင္ရန္အတြက္ ေက်ာင္းေဆာင္မ်ားအခ်ိန္မီ ေဆာက္လုပ္ေပးရန္လိုအပ္သည္ဟု စစ္ေဘးေရွာင္ျပည္သူမ်ားအေရးေဆာင္ရြက္ေပးေနသည့္ People Hope Organization မွ ဒါရိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။

“ အခုေလာေလာဆယ္မွာ ေက်ာင္းဖြင့္ဖို႔က ဘယ္ေလာက္မွမလိုေတာ့ဘူး၊ ဇြန္လိုင္ (၂၁) ဆိုေတာ့ေလ  အခုကဇြန္ေရာက္ေတာ့မယ္ဆိုေတာ့ ဒီၾကားထဲမွာ မိုးရာသီျဖစ္တဲ့ခါက်ေတာ့ က်ေနာ္တို႔ခ်င္းေတာင္မွာက်ေတာ့ မိုးက (၂၄) နာရီရြာတယ္ဆိုေတာ့ အလုပ္လုပ္ဖို႔ကအခက္အခဲအမ်ားၾကီးရိွတဲ့အခါမွာ အခ်ိန္မွီပါ့မလားဆိုတာ က်ေနာ့္အေနနဲ႔ စိုးရိမ္မိပါတယ္၊  က်ေနာ္ထင္တာကေတာ့ အခုေက်ာင္းသားက (၇၀၀) ေက်ာ္ဆိုေတာ့ ဆမီး အ.ထ.က ေက်ာင္းနဲ႔ အ.လ.က လိပ္ကုန္းေက်ာင္းမွာလည္းပဲ သူ႔ေက်ာင္းသားနဲ႔သူရိွတဲ့အခါမွာ အေဆာင္လံုေလာက္မႈ ဘယ္လိုမွမရိွတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ (၇၃၃) ေယာက္ေသာ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ၂၀၂၀ -၂၀၂၁ ပညာသင္ႏွစ္အတြက္ ေက်ာင္းေဆာင္ေတြ အျမန္ဆံုးလိုအပ္မယ္ ျပီးေတာ့စားပြဲထိုင္ခံုလည္း လံုး၀မရိွဘူး ေက်ာင္းေဆာင္ေဆာက္မယ္ဆိုတာေတြလည္းရိွတဲ့အခါ က်ေနာ္တို႔က အခ်ိန္မွီမလားဆိုတာကို နည္းနည္းသံုးသပ္ဖို႔ခက္ေနတယ္ အခက္အခဲျဖစ္ေနတယ္” ဟု People Hope Organization ဒါရိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။

ဆမီးၿမိဳ႕တြင္ အ.ထ.က ေက်ာင္းႏွင့္ အ.လ.က လိပ္ကုန္းေက်ာင္း (၂) က်ာင္းရွိေသာ္လည္း (၇၀၀) ေက်ာ္ခန္႔ရွိေသာ စစ္ေဘးေရွာင္ေက်ာင္းသားမ်ားကို တက္ေရာက္ခိုင္းမည္ဆိုပါက ေက်ာင္းေဆာင္အေနအထားႏွင့္ မျဖစ္ႏုိင္ေၾကာင္း  စစ္ေဘးေရွာင္ေက်ာင္းသားမ်ားအတြက္ ေက်ာင္းေဆာင္အသစ္ေဆာက္ရန္ လိုအပ္ေၾကာင္း သို႔ေသာ္လည္း မိုးတြင္းကာလျဖစ္သည့္အတြက္ ေက်ာင္းမဖြင့္ခင္ အခ်ိန္မီမၿပီးႏုိင္မွာကို စိုးရိမ္ေနၾကျခင္းျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေတာ့ ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ေက်ာင္းသားေက်ာင္းသူမ်ား ပညာသင္ၾကားႏုိင္ရန္အတြက္ ယာယီေက်ာင္းေဆာင္မ်ားေဆာက္ေပးမည္ဟု ေျပာသည္။

“သူတို႔ေနဖို႔ထိုင္ဖို႔ေတာင္မွ ေဆာက္ေနတုန္းဘဲ ဘာမွမျပီးေသးဘူး၊ အိမ္ေလးေတြေဆာက္ထားတယ္ ေနာက္ပိုင္းမွာ ေပ (၈၀ x ၃၀) ေလးေတြေဆာက္ဖို႔ရိွတယ္၊ အဲဒါေလးေတြ ညိဳႏိႈင္းေပးေတာ့ ပညာေရးလည္းမပ်က္ေအာင္ ေလာေလာဆယ္ တိုက္ပြဲျဖစ္ေနဆဲျဖစ္တုန္းပဲဆိုေတာ့ စနစ္တက်ေတာ့ ဘာမွလုပ္လို႔မရေသးဘူး ဒါေပမဲ့ IDP camp မွစာသင္လို႔ရေအာင္ စီစဥ္ေပးရမယ္၊ စစ္ေဘးေရွာင္အတြက္ ေက်ာင္းေဆာင္ေတာ့ ခ်က္ခ်င္းေဆာက္ေပးႏုိင္မွာမဟုတ္ဘူး စာသင္လို႔ရေအာင္ေတာ့ စီစဥ္ေပးဖို႔ရိွတယ္၊ ဆိုလိုတာက ေက်ာင္းေဆာင္ေတြက အဲဒီမွာသြားေဆာက္ေပးလို႔ရိွရင္ စစ္ျဖစ္ရင္ေတာ့ တစ္ေနရာမွာသြားရင္လည္း သြားရမွာေပ့ါ ဒါေပမဲ့ စစ္ေရးကလည္း ဘာမွခန္႔မွန္းလို႔မရဘူး ၾကားထဲမွာ စာသင္လို႔ရေအာင္ တစ္နည္းေတာ့ စီစဥ္ရမယ္၊ စစ္ေဘးျဖစ္တဲ့ေနရာမွာေတာ့ ေက်ာင္းျပန္တက္တာေတာ့ နည္းနည္းေနာက္က်သြားရင္ေနာက္က်သြားႏုိင္တယ္ လိုအပ္ခ်က္ေတြျဖည့္စည္းႏိုင္ဖို႔ ႏိုင္ငံေတာ္အစိုးရကေန ၾကိဳးစားေနတာဆိုေတာ့ ပညာေရးမပ်က္သြားဖို႔ေဆာင္ရြက္မယ္ အားလံုးစစ္မျဖစ္တဲ့ေနရာေတြနဲ႔ ႏိႈင္းယွဥ္လို႔ေတာ့ မရဘူး သူတို႔ထက္နည္းနည္းေနာက္က်ႏိုင္တယ္” ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ယခုလက္ရွိ ဆမီးျမိဳ႕တြင္ (IDPs Camp) စစ္ေဘးေရွာင္စခန္း (၈) ေနရာရွိၿပီး အိမ္ေထာင္စု (၆၉၀) လူဦးေရ (၂၉၀၀) ေက်ာ္ရွိသည္။ အဆိုပါစစ္ေဘးေရွာင္စခန္းမ်ားတြင္ လာမည့္ ၂၀၂၀ – ၂၀၂၁ ပညာသင္ႏွစ္အတြက္ ေက်ာင္းသား (၃၇၄) ေယာက္၊ ေက်ာင္းသူ (၃၆၀) ရွိကာ မူလတန္းႏွင့္ အထက္တန္း အမ်ားဆံုးျဖစ္ေၾကာင္းသိရသည္။

#Unicode

By လားနွန် – အခြေခံပညာကျောင်းများကို လာမည့် ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ဆမီးမြို့စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေကြသည့် ကျောင်းနေအရွယ်ကလေးငယ်များသည် ကျောင်းဆောင်အခက်အခဲကြောင့် အချိန်မီတက်ရောက်ရန် အခက်အခဲဖြစ်လာနိုင်သည်ဟု သိရသည်။

စစ်ရေးပဋိပက္ခကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူ (၃၀ဝ၀) နီးပါးရှိသည့်အနက် မူလတန်းမှ (၁၀) တန်းအထိ တက်ရောက်မည့် ကျောင်းသားကျောင်းသူ (၇၀ဝ) ကျော်ရှိပြီး ၎င်းတို့ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဆောင်များအချိန်မီ ဆောက်လုပ်ပေးရန်လိုအပ်သည်ဟု စစ်ဘေးရှောင်ပြည်သူများအရေးဆောင်ရွက်ပေးနေသည့် People Hope Organization မှ ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“ အခုလောလောဆယ်မှာ ကျောင်းဖွင့်ဖို့က ဘယ်လောက်မှမလိုတော့ဘူး၊ ဇွန်လိုင် (၂၁) ဆိုတော့လေ  အခုကဇွန်ရောက်တော့မယ်ဆိုတော့ ဒီကြားထဲမှာ မိုးရာသီဖြစ်တဲ့ခါကျတော့ ကျနော်တို့ချင်းတောင်မှာကျတော့ မိုးက (၂၄) နာရီရွာတယ်ဆိုတော့ အလုပ်လုပ်ဖို့ကအခက်အခဲအများကြီးရှိတဲ့အခါမှာ အချိန်မှီပါ့မလားဆိုတာ ကျနော့်အနေနဲ့ စိုးရိမ်မိပါတယ်၊  ကျနော်ထင်တာကတော့ အခုကျောင်းသားက (၇၀ဝ) ကျော်ဆိုတော့ ဆမီး အ.ထ.က ကျောင်းနဲ့ အ.လ.က လိပ်ကုန်းကျောင်းမှာလည်းပဲ သူ့ကျောင်းသားနဲ့သူရှိတဲ့အခါမှာ အဆောင်လုံလောက်မှု ဘယ်လိုမှမရှိတဲ့အတွက်ကြောင့် ကျနော်တို့ (၇၃၃) ယောက်သော ကျောင်းသူကျောင်းသားများအတွက် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းဆောင်တွေ အမြန်ဆုံးလိုအပ်မယ် ပြီးတော့စားပွဲထိုင်ခုံလည်း လုံးဝမရှိဘူး ကျောင်းဆောင်ဆောက်မယ်ဆိုတာတွေလည်းရှိတဲ့အခါ ကျနော်တို့က အချိန်မှီမလားဆိုတာကို နည်းနည်းသုံးသပ်ဖို့ခက်နေတယ် အခက်အခဲဖြစ်နေတယ်” ဟု People Hope Organization ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

ဆမီးမြို့တွင် အ.ထ.က ကျောင်းနှင့် အ.လ.က လိပ်ကုန်းကျောင်း (၂) ကျာင်းရှိသော်လည်း (၇၀ဝ) ကျော်ခန့်ရှိသော စစ်ဘေးရှောင်ကျောင်းသားများကို တက်ရောက်ခိုင်းမည်ဆိုပါက ကျောင်းဆောင်အနေအထားနှင့် မဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကျောင်းသားများအတွက် ကျောင်းဆောင်အသစ်ဆောက်ရန် လိုအပ်ကြောင်း သို့သော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် ကျောင်းမဖွင့်ခင် အချိန်မီမပြီးနိုင်မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ ဆမီးမြို့ရှိ စစ်ဘေးရှောင်ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယာယီကျောင်းဆောင်များဆောက်ပေးမည်ဟု ပြောသည်။

“သူတို့နေဖို့ထိုင်ဖို့တောင်မှ ဆောက်နေတုန်းဘဲ ဘာမှမပြီးသေးဘူး၊ အိမ်လေးတွေဆောက်ထားတယ် နောက်ပိုင်းမှာ ပေ (၈၀ x ၃၀) လေးတွေဆောက်ဖို့ရှိတယ်၊ အဲဒါလေးတွေ ညိုနှိုင်းပေးတော့ ပညာရေးလည်းမပျက်အောင် လောလောဆယ် တိုက်ပွဲဖြစ်နေဆဲဖြစ်တုန်းပဲဆိုတော့ စနစ်တကျတော့ ဘာမှလုပ်လို့မရသေးဘူး ဒါပေမဲ့ IDP camp မှစာသင်လို့ရအောင် စီစဉ်ပေးရမယ်၊ စစ်ဘေးရှောင်အတွက် ကျောင်းဆောင်တော့ ချက်ချင်းဆောက်ပေးနိုင်မှာမဟုတ်ဘူး စာသင်လို့ရအောင်တော့ စီစဉ်ပေးဖို့ရှိတယ်၊ ဆိုလိုတာက ကျောင်းဆောင်တွေက အဲဒီမှာသွားဆောက်ပေးလို့ရှိရင် စစ်ဖြစ်ရင်တော့ တစ်နေရာမှာသွားရင်လည်း သွားရမှာပေါ့ ဒါပေမဲ့ စစ်ရေးကလည်း ဘာမှခန့်မှန်းလို့မရဘူး ကြားထဲမှာ စာသင်လို့ရအောင် တစ်နည်းတော့ စီစဉ်ရမယ်၊ စစ်ဘေးဖြစ်တဲ့နေရာမှာတော့ ကျောင်းပြန်တက်တာတော့ နည်းနည်းနောက်ကျသွားရင်နောက်ကျသွားနိုင်တယ် လိုအပ်ချက်တွေဖြည့်စည်းနိုင်ဖို့ နိုင်ငံတော်အစိုးရကနေ ကြိုးစားနေတာဆိုတော့ ပညာရေးမပျက်သွားဖို့ဆောင်ရွက်မယ် အားလုံးစစ်မဖြစ်တဲ့နေရာတွေနဲ့ နှိုင်းယှဉ်လို့တော့ မရဘူး သူတို့ထက်နည်းနည်းနောက်ကျနိုင်တယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ယခုလက်ရှိ ဆမီးမြို့တွင် (IDPs Camp) စစ်ဘေးရှောင်စခန်း (၈) နေရာရှိပြီး အိမ်ထောင်စု (၆၉၀) လူဦးရေ (၂၉၀ဝ) ကျော်ရှိသည်။ အဆိုပါစစ်ဘေးရှောင်စခန်းများတွင် လာမည့် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသား (၃၇၄) ယောက်၊ ကျောင်းသူ (၃၆၀) ရှိကာ မူလတန်းနှင့် အထက်တန်း အများဆုံးဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.