• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆမီးၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ယာယီရြက္ဖ်င္တဲအလံုး ၁၀၀ ေက်ာ္ခ်ေပး

ဆမီးၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ယာယီရြက္ဖ်င္တဲအလံုး ၁၀၀ ေက်ာ္ခ်ေပး

0
By Editor on April 6, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္၊ ဆမီးျမိဳ႕ေပၚသို႔ ေရာက္ရွိေနၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ယာယီရြက္ဖ်င္တဲအလံုး (၁၀၀) ေက်ာ္ကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏စီစဥ္မႈျဖင့္ တည္ေဆာက္ေပးလ်က္ရွိသည္ဟု သိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ေနရပ္စြန္႔ခြါၿပီး ဆမီးၿမိဳ႕သို႔ေရာက္ရွိလာၾက သည့္ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ အစုလိုက္ျဖင့္ေနထိုင္ၾကသည့္အတြက္ ကမၻာ့ကပ္ေရာဂါ Covid-19 မွ ၾကိဳတင္ကာကြယ္ ႏုိင္ရန္ ရြက္ဖ်င္တဲမ်ားတည္ေဆာက္ေပးကာ ေနရာခ်ေပးမည္ျဖစ္သည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီးဦးစိုးထက္ကေျပာသည္။

“မေန႔ကတည္းက ရြာအစပ္ေခ်ာင္းေဘးေရရႏိုင္တဲ့ေနရာမွာ ေနရာခ်ထားတယ္၊ ယာယီတဲအလံုး (၈၀) ေဆာက္ေပးျပီ ေနာက္ထပ္ အလံုး (၇၀) က်န္ေသးတယ္၊ စစ္ေဘးေရွာင္ျပည္သူေတြက အစုအဖြဲ႔နဲ႔ေနလို ႔ရွိရင္ ၾကာလာရင္ အႏၱရာယ္ရွိလာႏုိင္တယ္ ဒါေၾကာင့္ ခုလိုစီစဥ္ေပးတာ’’ ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

Samee Refugees

ယခုလက္ရွိ ဆမီးၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ျပည္သူ အိမ္ေထာင္စု (၆၃၀) လူဦးေရ(၂၆၁၂) ဦးရွိသည္ဟုသိရၿပီး အမွတ္ (၁) ရပ္ကြက္ ဘုန္းၾကီးေက်ာင္း၊ အမွတ္ (၂) အ.လ.က လိပ္ကုန္းစာသင္ေက်ာင္း၊ အမွတ္ (၃) ရပ္ကြက္ ခန္းမေဆာင္ႏွင့္ ဘုရားေက်ာင္း၊ လူေနအိမ္မ်ားစသည္တို႔တြင္ အဆင္ေျပသလို ေနရာခ်ထားဆဲျဖစ္ေၾကာင္းသိရသည္။

ကမၻာ့စားနပ္ရိကၡာအစီစဥ္(WFP)၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ႏွင့္ ေစတနာအလွဴရွင္မ်ား၏ ကူညီေထာက္ပံ့မႈ ေၾကာင့္ စစ္ေဘးေရွာင္ျပည္သူမ်ားစားေသာက္ရန္ တစ္လစာဖူလံုမႈရွိေနေသာ္လည္း အ၀တ္အစား လိုအပ္မႈမ်ားရွိေ နသည္ဟု စစ္ေဘးေရွာင္ျပည္သူမ်ားအား အနီးကပ္ကူညီမႈေပးေနသည့္ ျပည္သူ႔ေမွ်ာ္လင့္ခ်က္လူမႈအဖြဲ႔အစည္း (People Hope Organization) မွ ညြန္ၾကား ေရးမွဴး ဦးေဇာ္လီေအာင္က ေျပာသည္။

“ခုေလာေလာဆယ္ စစ္ေဘးေရွာင္ေတြအတြက္ တစ္လစာ စားဖို႔အတြက္ေတာ့လံုေလာက္တယ္၊ WFP ကေန ဆန္အိတ္ ၁၀၀၀ ခ်ေပးပါတယ္ ဆီ၊ ဆား၊ ကုလားပဲခ်ေပးပါတယ္၊ ခ်င္းျပည္နယ္အစိုးရမွ အလံုး ၁၅၀ ယာယီတဲ ခ်ေပးပါတယ္ ျပီးေတာ့ ေပ ၁၀၀ မိုးကာ သံုးလံုးေလးလံုးေလာက္ခ်ေပးထားပါတယ္၊ စားတာအဆင္ေျပတယ္ ၀တ္တာအဆင္မေျပဘူး ေနတာအဆင္မေျပဘူး အခုေလာေလာဆယ္ ေ၀႒ဳေက်ာ္ေဖာင္ဒင္းရွင္းကေန အ၀တ္အစား ၂၆၀၀ ကူညီတယ္၊ အခုက်ေနာ္တို႔အခုျဖန္႔ေနပါတယ္” ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

Relief & Rehabilitation Committee for Chin IDPs ၏ စာရင္းအရ ယခုလက္ရွိ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္အိမ္ေထာင္စု (၄၃၇)စု၊ လူဦးေရ (၁၉၈၆)၊ ဆမီးၿမိဳ႕ေပၚတြင္ အိမ္ေထာင္စု (၆၃၀)စု၊ လူဦးေရ (၂၆၁၂) စုစုေပါင္း ၄၅၉၈ ဦးရွိၿပီး ရခိုင္ျပည္နယ္ ၆ ၿမိဳ႕နယ္တြင္ ခ်င္းစစ္ေဘးေရွာင္ လူဦးေရ ၆၁၈၅ ဦးရွိသည္ဟု သိရသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီရွက်ဖျင်တဲအလုံး (၁၀ဝ) ကျော်ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တည်ဆောက်ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ဆမီးမြို့သို့ရောက်ရှိလာကြ သည့် စစ်ဘေးရှောင်ပြည်သူများသည် အစုလိုက်ဖြင့်နေထိုင်ကြသည့်အတွက် ကမ္ဘာ့ကပ်ရောဂါ Covid-19 မှ ကြိုတင်ကာကွယ် နိုင်ရန် ရွက်ဖျင်တဲများတည်ဆောက်ပေးကာ နေရာချပေးမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မနေ့ကတည်းက ရွာအစပ်ချောင်းဘေးရေရနိုင်တဲ့နေရာမှာ နေရာချထားတယ်၊ ယာယီတဲအလုံး (၈၀) ဆောက်ပေးပြီ နောက်ထပ် အလုံး (၇၀) ကျန်သေးတယ်၊ စစ်ဘေးရှောင်ပြည်သူတွေက အစုအဖွဲ့နဲ့နေလို ့ရှိရင် ကြာလာရင် အန္တရာယ်ရှိလာနိုင်တယ် ဒါကြောင့် ခုလိုစီစဉ်ပေးတာ’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုလက်ရှိ ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၆၃၀) လူဦးရေ(၂၆၁၂) ဦးရှိသည်ဟုသိရပြီး အမှတ် (၁) ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် (၂) အ.လ.က လိပ်ကုန်းစာသင်ကျောင်း၊ အမှတ် (၃) ရပ်ကွက် ခန်းမဆောင်နှင့် ဘုရားကျောင်း၊ လူနေအိမ်များစသည်တို့တွင် အဆင်ပြေသလို နေရာချထားဆဲဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)၊ ချင်းပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာအလှူရှင်များ၏ ကူညီထောက်ပံ့မှု ကြောင့် စစ်ဘေးရှောင်ပြည်သူများစားသောက်ရန် တစ်လစာဖူလုံမှုရှိနေသော်လည်း အဝတ်အစား လိုအပ်မှုများရှေိ နသည်ဟု စစ်ဘေးရှောင်ပြည်သူများအား အနီးကပ်ကူညီမှုပေးနေသည့် ပြည်သူ့မျှော်လင့်ချက်လူမှုအဖွဲ့အစည်း (People Hope Organization) မှ ညွန်ကြား ရေးမှူး ဦးဇော်လီအောင်က ပြောသည်။

“ခုလောလောဆယ် စစ်ဘေးရှောင်တွေအတွက် တစ်လစာ စားဖို့အတွက်တော့လုံလောက်တယ်၊ WFP ကနေ ဆန်အိတ် ၁၀ဝ၀ ချပေးပါတယ် ဆီ၊ ဆား၊ ကုလားပဲချပေးပါတယ်၊ ချင်းပြည်နယ်အစိုးရမှ အလုံး ၁၅၀ ယာယီတဲ ချပေးပါတယ် ပြီးတော့ ပေ ၁၀ဝ မိုးကာ သုံးလုံးလေးလုံးလောက်ချပေးထားပါတယ်၊ စားတာအဆင်ပြေတယ် ဝတ်တာအဆင်မပြေဘူး နေတာအဆင်မပြေဘူး အခုလောလောဆယ် ဝေဋ္ဌုကျော်ဖောင်ဒင်းရှင်းကနေ အဝတ်အစား ၂၆၀ဝ ကူညီတယ်၊ အခုကျနော်တို့အခုဖြန့်နေပါတယ်” ဟု ဦးဇော်လီအောင်ကပြောသည်။

Relief & Rehabilitation Committee for Chin IDPs ၏ စာရင်းအရ ယခုလက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၁၉၈၆)၊ ဆမီးမြို့ပေါ်တွင် အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ (၂၆၁၂) စုစုပေါင်း ၄၅၉၈ ဦးရှိပြီး ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် ချင်းစစ်ဘေးရှောင် လူဦးရေ ၆၁၈၅ ဦးရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.