• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဆာကုိဗုိင္းရပ္စ္ေၾကာင့္ ႏွစ္လအတြင္း ဝက္ေကာင္ေရ (၂၀၀) နီးပါးေသဆုံး

ဆာကုိဗုိင္းရပ္စ္ေၾကာင့္ ႏွစ္လအတြင္း ဝက္ေကာင္ေရ (၂၀၀) နီးပါးေသဆုံး

0
By Editor on June 4, 2020 Khonumthung

#Zawgyi

ခ်င္းျပည္နယ္၊ ထန္တလန္ျမဳိ႕နယ္ရွိ အိမ္ေမြးဝက္မ်ားတြင္ Porcine Circovirus Type-2 (PCV-2) ဟုေခၚသည့္ ဝက္အားနည္းေရာဂါေၾကာင့္ ႏွစ္လအတြင္း ဝက္ေကာင္ေရ (၁၈၇) ေကာင္ေသဆုံးခဲ့ျပီး လက္ရွိအခ်ိန္တြင္လည္း ထပ္မံေသဆုံးလ်က္ရွိေနေသးေၾကာင္း သိရသည္။

ထန္တလန္ျမဳိ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနရုံး  ဦးစီးအရာရွိ ေဒါက္တာလ်န္ေဘြးက “ဝက္ေတြ ေသဆုံးတာ ဒီမနက္အထိဆိုရင္ (၁၉၈) ေကာင္ရွိျပီ၊ ထိေရာက္တဲ့ကုသေဆးက မရွိေသးဘူး၊ ဝက္နည္းနည္းသက္သာေအာင္ ကုတဲ့ေဆး၊ အပူက်ေဆးေပါ့ေနာ္၊ ကုသေဆးက ထန္တလန္ျမဳိ႕မွာပဲမဟုတ္ဘူး၊ ျမန္မာတစ္ႏိုင္ငံလုံးမွာလဲ မရွိေသးဘူး၊ ကြ်န္ေတာ္တုိ႔က ေဆးေတာ့ ထုိးေပးတာေပါ့၊ ကုေတာ့ ကုသေပးတယ္၊ ဒါေပမယ့္ ထိေရာက္မႈသိပ္မရွိဘူးေပါ့၊ ကြ်န္ေတာ္တုိ႔က ကာကြယ္ထိန္းခ်ဳပ္ေရးအပုိင္းကိုပဲ ဦးစားေပးလုပ္ႏိုင္ပါတယ္” ဟုေျပာသည္။

ထန္တလန္ျမဳိ႕ေပၚတြင္ ဧျပီလပထမပတ္မွစျပီး ဝက္မ်ား ေသဆုံးေနေသာေၾကာင့္  ေသဆုံးရသည့္ အေၾကာင္းအရင္းသိႏိုင္ရန္ လိုအပ္သည့္နမူနာမ်ားကုိ မႏၱေလးျမဳိ႕ရွိ ဓာတ္ခြဲခန္းသုိ႔ တင္ပုိ႔စစ္ေဆးခဲ့ရာတြင္ ဝက္ဗုိင္းရပ္စ္ေရာဂါတစ္မ်ိဳးျဖစ္သည့္ Porcine Circovirus Type- 2 (PCV-2) (ေခၚ) ဝက္အားနည္းေရာဂါေၾကာင့္ ေသဆုံးျခင္းျဖစ္သည္ဟု  ေမလ (၁၈) ရက္ေန႔တြင္ အတည္ျပဳသိရွိရသည္။

Porcine Circovirus Type-2 (PCV-2)

လက္ရွိအခ်ိန္တြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအပုိင္းအေနႏွင့္  ထန္တလန္ျမဳိ႕ေပၚတြင္ ဝက္အဝင္/အထြက္မ်ားကို ပိတ္ထားကာ ဝက္ပုိင္ရွင္မ်ားကုိလည္း ဝက္ျခံမ်ား သန္႔သန္႔ရွင္းရွင္းထားရန္၊ ဝက္ျခံေအာက္တြင္ ေရမဝပ္ေစရန္၊ ဝက္ေခ်းမ်ားကုိ မနက္တုိင္းဖယ္ရွားရန္၊ ပုိးသတ္ေဆးမဖ်န္းႏိုင္လ်င္ ထုံးျဖဴးေပးရန္ အစရွိသည္တို႔အပါအဝင္ အသိပညာေပးအစီအစဥ္မ်ား၊  လက္ကမ္းစာေစာင္မ်ား ေဝငွခဲ့ျပီး ေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ၾကသည္ဟု သိရသည္။

အသိပညာေပးျခင္းႏွင့္ ပတ္သက္ျပီး ေဒါက္တာလ်န္ေဘြးက “ကြ်န္ေတာ္တုိ႔ ကာကြယ္ကုသေရးဖက္က လက္ကမ္းစာေစာင္ေတြျဖန္႔ေပးတယ္၊ ဝက္ရွိတဲ့အိမ္ေတြ၊ လမ္းေဘးလက္ဖက္ရည္ဆိုင္ေတြ၊ ေစ်းတန္းေတြ၊ ျမဳိ႕မေစ်း၊ လူအမ်ားၾကီး ရွိတဲ့ေနရာေတြမွာ အသိပညာေပးသလုိ ပညာေပးပုိစတာေတြလည္း ကပ္တယ္” ဟု ဆက္ေျပာသည္။ ၎ဝက္အားနည္းေရာဂါကုိ ကုသရန္အတြက္ ထိေရာက္ေသာ ေဆးဝါးမရွိေသးေသာေၾကာင့္ ကာကြယ္ထိန္းခ်ဳပ္ေရးအပုိင္းကုိသာ အဓိက ဦးစားေပးလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

#Unicode

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ အိမ်မွေးဝက်များတွင် Porcine Circovirus Type-2 (PCV-2) ဟုခေါ်သည့် ဝက်အားနည်းရောဂါကြောင့် နှစ်လအတွင်း ဝက်ကောင်ရေ (၁၈၇) ကောင်သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ထပ်မံသေဆုံးလျက်ရှိနေသေးကြောင်း သိရသည်။

ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး  ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေးက “ဝက်တွေ သေဆုံးတာ ဒီမနက်အထိဆိုရင် (၁၉၈) ကောင်ရှိပြီ၊ ထိရောက်တဲ့ကုသဆေးက မရှိသေးဘူး၊ ဝက်နည်းနည်းသက်သာအောင် ကုတဲ့ဆေး၊ အပူကျဆေးပေါ့နော်၊ ကုသဆေးက ထန်တလန်မြို့မှာပဲမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံးမှာလဲ မရှိသေးဘူး၊ ကျွန်တော်တို့က ဆေးတော့ ထိုးပေးတာပေါ့၊ ကုတော့ ကုသပေးတယ်၊ ဒါပေမယ့် ထိရောက်မှုသိပ်မရှိဘူးပေါ့၊ ကျွန်တော်တို့က ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုပဲ ဦးစားပေးလုပ်နိုင်ပါတယ်” ဟုပြောသည်။

ထန်တလန်မြို့ပေါ်တွင် ဧပြီလပထမပတ်မှစပြီး ဝက်များ သေဆုံးနေသောကြောင့်  သေဆုံးရသည့် အကြောင်းအရင်းသိနိုင်ရန် လိုအပ်သည့်နမူနာများကို မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းသို့ တင်ပို့စစ်ဆေးခဲ့ရာတွင် ဝက်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် Porcine Circovirus Type- 2 (PCV-2) (ခေါ်) ဝက်အားနည်းရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု  မေလ (၁၈) ရက်နေ့တွင် အတည်ပြုသိရှိရသည်။

လက်ရှိအချိန်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းအနေနှင့်  ထန်တလန်မြို့ပေါ်တွင် ဝက်အဝင်/အထွက်များကို ပိတ်ထားကာ ဝက်ပိုင်ရှင်များကိုလည်း ဝက်ခြံများ သန့်သန့်ရှင်းရှင်းထားရန်၊ ဝက်ခြံအောက်တွင် ရေမဝပ်စေရန်၊ ဝက်ချေးများကို မနက်တိုင်းဖယ်ရှားရန်၊ ပိုးသတ်ဆေးမဖျန်းနိုင်လျင် ထုံးဖြူးပေးရန် အစရှိသည်တို့အပါအဝင် အသိပညာပေးအစီအစဉ်များ၊  လက်ကမ်းစာစောင်များ ဝေငှခဲ့ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အသိပညာပေးခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာလျန်ဘွေးက “ကျွန်တော်တို့ ကာကွယ်ကုသရေးဖက်က လက်ကမ်းစာစောင်တွေဖြန့်ပေးတယ်၊ ဝက်ရှိတဲ့အိမ်တွေ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေ၊ ဈေးတန်းတွေ၊ မြို့မဈေး၊ လူအများကြီး ရှိတဲ့နေရာတွေမှာ အသိပညာပေးသလို ပညာပေးပိုစတာတွေလည်း ကပ်တယ်” ဟု ဆက်ပြောသည်။ ၎င်းဝက်အားနည်းရောဂါကို ကုသရန်အတွက် ထိရောက်သော ဆေးဝါးမရှိသေးသောကြောင့် ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုသာ အဓိက ဦးစားပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.