• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆူရ္ဘုန္ေလယာဥ္ကြင္း စမ္းသပ္မႈေအာင္ျမင္ေသာ္လည္း ေလယာဥ္ဆင္းသက္ရန္ ေတာင္အနည္းငယ္ၿဖိဳခ်ရန္ လိုအပ္ေနေသးဟုဆို

ဆူရ္ဘုန္ေလယာဥ္ကြင္း စမ္းသပ္မႈေအာင္ျမင္ေသာ္လည္း ေလယာဥ္ဆင္းသက္ရန္ ေတာင္အနည္းငယ္ၿဖိဳခ်ရန္ လိုအပ္ေနေသးဟုဆို

0
By Editor on June 30, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၏ ပထမဦးဆံုးေလယာဥ္ကြင္း ဆူရ္ဘုန္ေလဆိပ္တြင္ ထပ္ဆင္ထားသည့္စက္ကိရိယာမ်ားစမ္းသပ္စစ္ေဆးမႈ ေအာင္ျမင္ေသာ္လည္း ေလယာဥ္ဆင္းသက္ႏိုင္ရန္အတြက္  ေတာင္အနည္းငယ္ျဖိဳခ်ဖို႔လိုအပ္ေသးေၾကာင္း ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွသူ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ဖလမ္းျမိဳ႕အနီးရိွ ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈ ၉၇ ရာခိုင္ႏႈန္းျပီးစီး၍ ဇြန္လ (၂၅) ရက္ေန႔မွ (၂၇) ေန႔အထိ ေလေၾကာင္းပို႔ေဆာင္ေရးဌာနမွ ေလယာဥ္ျဖင့္စမ္းသပ္မႈျပဳလုပ္ျပီး ေလယာဥ္ႏွင့္ ေျမျပင္တာ၀ါတိုင္မ်ားဆက္သြယ္မႈ၊ ေလတိုက္ႏႈန္းမ်ားအား (၃) ရက္ဆက္တိုက္လုပ္ေဆာင္ခဲ့ျပီးျဖစ္သည္။

“ေလယာဥ္ပ်ံသန္းစမ္းသပ္မႈျပဳရာမွာ က်ေနာ္တို႔သိတာ လုပ္ငန္းကေတာ့ ၉၇ ရာခိုင္ႏႈန္းလုပ္ျပီးေနျပီ လုပ္ရမယ့္ဥစၥာက ဟိုဘက္က ခ်ဥ္းကပ္လမ္းေပ့ါ၊ ခ်ဥ္းကပ္လမ္းမွာ ေတာင္တက္ေတာင္ျဖိဳတဲ့ဥစၥာမွာ နည္းနည္းေလး လက္စသတ္ဖို႔က်န္ေနတယ္၊ အဲဒီလတ္စသတ္ဖို႔လိုတဲ့ဥစၥာျပီးမွ ေလယာဥ္ကလြတ္လြတ္လပ္လပ္နဲ႔ အထဲကို၀င္ၿပီး ဆင္းတဲ့အခါမွာ ပိုျပီးေတာ့ အႏၱရာယ္ကင္းတယ္ေပါ့ေလ အဲလိုေလးေျပာတဲ့အတြက္ ဒါေလးမၾကာခင္ က်ေနာ္တို႔ ဘက္ဂ်က္ရတဲ့အေပၚမူတည္ျပီးမွ ဆက္လုပ္ဖို႔ရိွပါတယ္၊ ေတာင္ျဖိဳတဲ့ကိစၥေတြမလုပ္လို႔ရိွရင္ ေလယာဥ္တကယ္ဆင္းတဲ့အခါက်ရင္ နည္းနည္းေလး အခက္အခဲျဖစ္ႏိုင္တယ္ အဲဒါေၾကာင့္ က်ေနာ္တို႔ အဲဒီေတာင္ကိုေတာ့ မျဖစ္မေနျဖိဳဖို႔လုပ္ရမွာေပါ့” ဟု ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွသူ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းစမ္းသပ္မႈသည္ ဇြန္လ (၂၅) ရက္ေန႔မွစျပီး ျမန္မာ့ေလေၾကာင္းလိုင္းမွ BEEK-2900 ေလယာဥ္အမ်ိဳးအစားျဖင့္ ေလယာဥ္ကြင္းအေပၚမွ ပ်ံသန္းျခင္း ေတာင္ႏွင့္ေျမာက္ ပ်ံသန္းျခင္းမ်ားျပဳလုပ္ခဲ့ျပီး ၎စမ္းသပ္မႈအေျဖအရ ေတာင္ျဖိဳရန္လိုအပ္ျခင္းျဖစ္သည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းတြင္ ေလယာဥ္ဆင္းသက္ႏိုင္ရန္ ေတာင္ျဖိဳမႈမ်ားေဆာင္ရြက္ျပီး ေနာက္ထပ္စမ္းသပ္မႈမ်ားျပဳလုပ္မည္ျဖစ္ကာ ေျမျပင္ဆင္းသက္မႈလုပ္ေဆာင္ႏုိင္မွသာ ေလေၾကာင္းလိုင္း၏ဆံုးျဖတ္ခ်က္အရ ဖြင့္လွစ္မည့္ရက္မွာ သတ္မွတ္ႏိုင္မည္ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ခ်င္းျပည္နယ္၏ ပထမဦးဆံုးေလယာဥ္ကြင္းျဖစ္လာမည့္ ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ လြန္ခဲ့သည့္ ၂၀၁၅ – ၂၀၁၆ ဘ႑ာေရးႏွစ္ကစတင္ေဆာင္ရြက္ခဲ့ျပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ (၆၀၀၀)  တြင္တည္ရိွသည့္ ေလဆိပ္ျဖစ္သည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္လုပ္မႈသည့္ ျမန္မာ့ေလေၾကာင္းလိုင္းမွ တာ၀န္ယူတည္ေဆာက္ျပီး ေလဆိပ္တည္ေဆာက္မႈ ကုန္က်စရိတ္မွ က်ပ္ေငြ (၃၄) ဘီလီယံခန္႔ရိွသည္။

ေလယာဥ္ေျပးလမ္းမွာ အလ်ား (၆၀၀၀) ေပ၊ အက်ယ္ေပ (၁၀၀) ရိွျပီး Flexible Pavement ေျပးလမ္းအမ်ိဳးအစားျဖစ္တည္ေဆာက္ထားကာ  ေျပးလမ္းအရိွန္သတ္စြန္း Over Run အလ်ား ေပ (၂၀၀) အက်ယ္ေပ (၁၀၀) ႏွင့္ ေလယာဥ္ရပ္နားရာေနရာ အလ်ားေပ (၂၅၀) ေပရိွ၍ ေျပးလမ္းခံႏုိင္ရည္ေပါင္ (၅၀၀၀၀) ရိွျပီး ATR 72 (MTOW-49604) ေလယာဥ္အမ်ိဳးအစားဆင္းသက္အသံုးျပဳႏိုင္မည္ျဖစ္သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်း ဆူရ်ဘုန်လေဆိပ်တွင် ထပ်ဆင်ထားသည့်စက်ကိရိယာများစမ်းသပ်စစ်ဆေးမှု အောင်မြင်သော်လည်း လေယာဉ်ဆင်းသက်နိုင်ရန်အတွက် တောင်အနည်းငယ်ဖြိုချဖို့လိုအပ်သေးကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ၉၇ ရာခိုင်နှုန်းပြီးစီး၍ ဇွန်လ (၂၅) ရက်နေ့မှ (၂၇) နေ့အထိ လေကြောင်းပို့ဆောင်ရေးဌာနမှ လေယာဉ်ဖြင့်စမ်းသပ်မှုပြုလုပ်ပြီး လေယာဉ်နှင့် မြေပြင်တာဝါတိုင်များဆက်သွယ်မှု၊ လေတိုက်နှုန်းများအား (၃) ရက်ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

“လေယာဉ်ပျံသန်းစမ်းသပ်မှုပြုရာမှာ ကျနော်တို့သိတာ လုပ်ငန်းကတော့ ၉၇ ရာခိုင်နှုန်းလုပ်ပြီးနေပြီ လုပ်ရမယ့်ဥစ္စာက ဟိုဘက်က ချဉ်းကပ်လမ်းပေါ့၊ ချဉ်းကပ်လမ်းမှာ တောင်တက်တောင်ဖြိုတဲ့ဥစ္စာမှာ နည်းနည်းလေး လက်စသတ်ဖို့ကျန်နေတယ်၊ အဲဒီလတ်စသတ်ဖို့လိုတဲ့ဥစ္စာပြီးမှ လေယာဉ်ကလွတ်လွတ်လပ်လပ်နဲ့ အထဲကိုဝင်ပြီး ဆင်းတဲ့အခါမှာ ပိုပြီးတော့ အန္တရာယ်ကင်းတယ်ပေါ့လေ အဲလိုလေးပြောတဲ့အတွက် ဒါလေးမကြာခင် ကျနော်တို့ ဘက်ဂျက်ရတဲ့အပေါ်မူတည်ပြီးမှ ဆက်လုပ်ဖို့ရှိပါတယ်၊ တောင်ဖြိုတဲ့ကိစ္စတွေမလုပ်လို့ရှိရင် လေယာဉ်တကယ်ဆင်းတဲ့အခါကျရင် နည်းနည်းလေး အခက်အခဲဖြစ်နိုင်တယ် အဲဒါကြောင့် ကျနော်တို့ အဲဒီတောင်ကိုတော့ မဖြစ်မနေဖြိုဖို့လုပ်ရမှာပေါ့” ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းစမ်းသပ်မှုသည် ဇွန်လ (၂၅) ရက်နေ့မှစပြီး မြန်မာ့လေကြောင်းလိုင်းမှ BEEK-2900 လေယာဉ်အမျိုးအစားဖြင့် လေယာဉ်ကွင်းအပေါ်မှ ပျံသန်းခြင်း တောင်နှင့်မြောက် ပျံသန်းခြင်းများပြုလုပ်ခဲ့ပြီး ၎င်းစမ်းသပ်မှုအဖြေအရ တောင်ဖြိုရန်လိုအပ်ခြင်းဖြစ်သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် လေယာဉ်ဆင်းသက်နိုင်ရန် တောင်ဖြိုမှုများဆောင်ရွက်ပြီး နောက်ထပ်စမ်းသပ်မှုများပြုလုပ်မည်ဖြစ်ကာ မြေပြင်ဆင်းသက်မှုလုပ်ဆောင်နိုင်မှသာ လေကြောင်းလိုင်း၏ဆုံးဖြတ်ချက်အရ ဖွင့်လှစ်မည့်ရက်မှာ သတ်မှတ်နိုင်မည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်းဖြစ်လာမည့် ဆူရ်ဘုန်လေယာဉ်ကွင်းသည် လွန်ခဲ့သည့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်ကစတင်ဆောင်ရွက်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၆၀ဝ၀)  တွင်တည်ရှိသည့် လေဆိပ်ဖြစ်သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်လုပ်မှုသည့် မြန်မာ့လေကြောင်းလိုင်းမှ တာဝန်ယူတည်ဆောက်ပြီး လေဆိပ်တည်ဆောက်မှု ကုန်ကျစရိတ်မှ ကျပ်ငွေ (၃၄) ဘီလီယံခန့်ရှိသည်။

လေယာဉ်ပြေးလမ်းမှာ အလျား (၆၀ဝ၀) ပေ၊ အကျယ်ပေ (၁၀ဝ) ရှိပြီး Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်တည်ဆောက်ထားကာ  ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ (၂၀ဝ) အကျယ်ပေ (၁၀ဝ) နှင့် လေယာဉ်ရပ်နားရာနေရာ အလျားပေ (၂၅၀) ပေရှိ၍ ပြေးလမ်းခံနိုင်ရည်ပေါင် (၅၀ဝ၀ဝ) ရှိပြီး ATR 72 (MTOW-49604) လေယာဉ်အမျိုးအစားဆင်းသက်အသုံးပြုနိုင်မည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.