• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆောင်းဝင်စပြုသောကြောင့် ဆမီးမြို့က စစ်ရှောင်များအတွက် အနွေးထည်များလိုအပ်နေ

ဆောင်းဝင်စပြုသောကြောင့် ဆမီးမြို့က စစ်ရှောင်များအတွက် အနွေးထည်များလိုအပ်နေ

0
By Editor on October 20, 2023 Headline

(002HH)

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသော ပြည်သူများသည် ဆောင်းဝင်စပြုလာပြီဖြစ်သောကြောင့် အနွေးထည်များအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေသည်ဟု ဆမီးမြို့ပေါ်က စစ်ဘေးရှောင်တာဝန်ခံ တစ်ဦးက ပြောသည်။

“အခုက မိုးကုန်ပြီဆိုတော့ အနွေးထည်လိုအပ်ပြီ၊အခုတောင်မှ အေးလာပြီဆိုတော့ ကလေးတွေအတွက် အနွေးအထည်၊ စောင်တွေက လိုအပ်ချက်ရောက်နေပြီ၊ အာဏာသိမ်းမှုနောက်ပိုင်းမှာ အထောက်အပံ့လည်း မရှိဘူး” ဟု စစ်ဘေးရှောင် တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည်မှာ လေးနှစ်နီးပါး ရှိလာပြီးဖြစ်သည့်အပြင်  လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ၏ ထောက်ပ့့ံမှုတခုတည်းဖြင့်သာ စားသောက်နေကြရကြောင်း သိရသည်။ 

ထို့အပြင် ဆမီးမြို့ပေါ်က စစ်ရှောင်ပြည်သူများတွင် အမျိုးသမီးဦးရေ ပိုများပြီး ၎င်းတို့အတွက် အမျိုးသမီးလစဉ်သုံးနှင့်  တကိုယ်ရေသုံးပစ္စည်းများလည်း လိုအပ်နေဆဲဖြစ်ကြောင်း ဆမီးမြို့ပေါ်က စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့က လစဉ်သုံးပစ္စည်းတွေလည်း ဝယ်လို့မရဘူး၊ အဝတ်အစတွေနဲ့သုံးကြရတယ်၊ တကိုယ်ရေသုံးပစ္စည်း၊ လုံချည်၊ ဆပ်ပြာ လိုအပ်တယ်” ဟု စစ်ရှောင်အမျိုးသမီးက ပြောသည်။

အဆိုပါ ဆမီးစစ်ရှောင်များအတွက် တကိိုယ်ရေအသုံးအဆောင်ပစ္စည်းများ၊ ကလေးငယ်များအတွက် အာဟာရမှုန့်များကို ဂရုဏာလူမှုကူညီရေးအဖွဲ့က အောက်တိုဘာလအထိသာ ထောက်ပံ့နိုင်တော့မည်ဖြစ်သောကြောင့် အကူညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။

၎င်းတို့သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးခိုလှုံခဲ့ကြရခြင်းဖြစ်ပြီး စစ်ရှောင်လူဦးရေ သုံးထောင်ကျော်တွင် လူဦးရေ ၁၅၀၄ ဦးမှာ ၂၀၂၃ မတ် ၂၈ ရက်နေ့တွင် စစ်ကောင်စီက နေရပ်ပြန်ခိုင်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။

လက်ရှိ နေရပ်မပြန်ကြသေးသော စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်တို့မှာ ဆမီးမြို့ပေါ်က စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေအုပ်နှင့် ပျံကျစျေး  စစ်ရှောင်စခန်းတို့တွင် စစ်ဘေးခိုလှုံနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.