• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဆောမြို့နယ်အတွင်း ယနေ့တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးဟုဆို

ဆောမြို့နယ်အတွင်း ယနေ့တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးဟုဆို

0
By Editor on November 20, 2021 Khonumthung

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်နှင့်တောမရွာအကြားတွင် CDF (Kanpetlet)၊ CDF (Mindat)၊ YDF၊ PDF-Saw ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်း၈ နာရီကစ၍ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်မှအနည်းဆုံး ၄၀ ခန့်ကျဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းအများအပြားရှိကြောင်း CDF (Kanpetlet) ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး တစ်နာရီကြာခန့် ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း
CDF ရဲဘော်များနှင့် YDFရဲဘော်များသည် တစ်စုံတစ်ရာထိလိုက်မှုမရှိပဲ PDF-Sawတပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ နေ့လည်တစ်နာရီအချိန်ခန့်မှာလည်း ကန်ပက်လက်မြို့တွင် CDF (Kanpetlet) အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးသည်ဟု CDF (Kanpetlet) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတစ်ဦးကို CDF(Kanpetlet)ရဲဘော်တစ်ဦးမှမော်တော်ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခိုက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း CDF(Kanpetlet) က သတင်းထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.