အခုပြောပြပေးသွားမှာက ဆေးဘက်ဆိုင်ရာနှာခေါင်းစည်း (Mask) ကို မဝတ်ဆင်ခင် ပြုလုပ်သင့်တဲ့ အချက်တစ်ချို့နဲ့ မပြုလုပ်သင့်တဲ့ အချက်တစ်ချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပြုလုပ်သင့်ရာများ
၁) ပါးစပ်နဲ့ နှားခေါင်းစည်း (Mask) ကို မကိုင်တွယ်ခင် လက်ကို စနစ်တကျဆေးကြောပါ။
၂) နှားခေါင်းစည်း (Mask) မှာ စုပ်ပြဲခြင်း (သို့) အပေါက်များရှိ/မရှိ သေချာစွာ စစ်ဆေးပါ။
၃) အရောင်ရှိသောဘက်ကို အပြင်ကိုထားပြီးမှ နှာခေါင်းစည်းကို ဝတ်ဆင်ပါ။
၄) Mask ကို သတ္ထုချောင်း (သို့) ကော်ချောင်း (သို့) မာကျောသောအပိုင်းကို အပေါ်ထားရှိပြီး သင့်နှားခေါင်းပေါ်တွင်တက်ဆင်ပါ။
၅) Mask ကို နှားခေါင်း၊ ပါးစပ်၊ မေးစေ့ ကိုကာမိအောင် ဝတ်ဆင်ပါ။
၆) နှားခေါင်းစည်း (Mask) ကို ဝတ်ဆင်ပြီးပါက လက်ဖြင့်ကိုင်တွယ်ခြင်း မပြုလုပ်ပါနဲ့။
၇) အသုံးပြုပြီး သာ နှားခေါင်းစည်း (Mask) ကို အမှိုက်ပုံးထဲသို့သေချာစွာ စွန့်ပစ်ပါ။
၈) စွန့်ပစ်ပြီးပါက လက်ကိုသေချာစွာ ဆပ်ပြာနဲ့ဆေးကြောပါ။
မပြုလုပ်သင့်ရာများ
၁) စုပ်ပြဲနေတဲ့ ဒါမှမဟုတ် စိုစွတ်နေတဲ့ နှားခေါင်းစည်း (Mask) ကို လုံးဝ အသုံးမပြုပါနဲ့။
၂) နှားခေါင်းစည်း (Mask) ကို ပါးစပ်ပေါ်တွင် မတပ်ဆင်ရပါဘူး။
၃) သင်ရဲ့မျက်နှာနဲ့ ချောင်နေတဲ့ နှားခေါင်းစည်း (Mask) ကို အသုံးမပြုပါနဲ့။
၄) ဝတ်ဆင်ထားစဉ်နှားခေါင်းစည်း (Mask) ရဲ့အရှေ့ဘက်ကို သွားမထိပါနဲ့။
၅) တစ်စုံတစ်ယောက်နဲ့ စကားပြောနေစဉ် နှားခေါင်းစည်း (Mask) ကို မဖယ်ရှားမိအောင်သတိထားပါ။
၆) အသုံးပြုပြီးသော နှားခေါင်းစည်း (Mask) ကို ပြန်လည်ပြီး မသုံးရပါဘူး။
ဒီအချက်လေးတွေကို လိုက်နာပြီး နှားခေါင်းစည်း (Mask) ကို နည်းလမ်းမှန်ကန်စွာ အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။