Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဇိုတုန်နယ်မှ အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ဇိုတုန်နယ်မှ အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

0
By Editor on June 23, 2022 Headline

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung ၏ လှုပ်ရှားနယ်မြေထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးကာ ၎င်းတို့ထဲမှ ၂ ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၄ ရက်နေ့ကစ၍ CDF-Zotung နယ်မြေထဲသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းကာ၊ လမ်းပြအဖြစ် အသုံးပြုခဲ့ပြီး ၎င်းတို့ထဲမှာ ဇိုတုန်နယ် အန်းတားကျေးရွာတွင်နေထိုင်သူ ဦးဝင်းလွင်စိုး (၂၈ နှစ်) နှင့် ဦးမြင့်မောင် (၅၅ နှစ်) တို့နှစ်ဦးကို ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၈ နှင့် ၂၁ ရက်နေ့တို့တွင် ရှာဖွေတွေ့ရှိခဲ့ကြပြီး မီးသဂြိုလ်ပေးခဲ့ကြသည်ဟု CDF-Zotung ကဆိုသည်။

အန်းတားကျေးရွာသည် မကွေးတိုင်း ဂန့်ဂေါ်မြို့နယ်တွင်တည်ရှိသည့် ဇိုတုန်ရွာတစ်ရွာဖြစ်ပြီး ဂန့်ဂေါ်မြို့မှ မိုင် ၂၀ ခန့်ကွာဝေးသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

၅ ကြိမ်မြောက် ဖလမ်းမြို့ နေရပ်ပြန်ရေး ခရီးစဉ်ကို လာမည့် ဩဂုတ် ၂၇ ရက်တွင် ပြန်လည်စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

August 20, 2026

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

August 20, 2026

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.