• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တက္ကသိုလ်ဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် ချင်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးမည်

တက္ကသိုလ်ဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် ချင်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးမည်

0
By Editor on June 17, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်သို့ ပညာဆက်လက်သင်ယူရန် အခက်အခဲဖြစ်နေသည့် ချင်းကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် အစီစဉ်တရပ်ကို The Hills Education နှင့် The Chinbridge Institute တို့က စတင်လိုက်ပြီဖြစ်သည်။

တက္ကသိုလ်ဆက်တက်ချင်သော်လည်း အ​ခြေ​နေတရပ်​ရပ်​​ကြောင့်​ မတက်ရောက်နိုင်သည့် ချင်းကျောင်းသား/သူ များ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် The Hills Educatioan နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်ဟု The Chin bridge Institute မှ ညွန်ကြားရေးမှူးချူပ် ဗန်ကျူံးလျန်ကပြောသည်။

“ကျောင်းတက်ချင်ပေမဲ့မတက်နိုင်တဲ့ကျောင်းသူ၊ ကျောင်းသားတွေကို သူတို့ဆန္ဒတွေဖြစ်စေဖို့ တတ်နိုင်ဖို့ ကျနော်တို့ အဲဒါကိုကြိုးစားပေးတယ် နောက်တစ်ခုကတော့ ဒီပညာသင်ထောက်ပံ့စရိတ်ကိုရတဲ့သူက အဲဒီပိုက်ဆံတစ်ခုတည်းကိုမပေး ပဲနဲ့ သူတို့ကို ရှေ့ဆောင်လမ်းပြမှုတွေကိုပါ ပေးမှာ သူတို့ရဲ့ ပညာသင်စွမ်းရည်ကျွမ်းကျင်မှုတွေကိုပါ ပေးမှာ၊ ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်ကတော့ ကျနော်တို့ဒီချင်းကျောင်းသူ၊သားတွေကနေ နောင်မှာတစ်ကယ့် ပညာရှင်လို့ပြောမလား နိုင်ငံရေးအသိုင်အ၀ိုင်းမှာပဲဖြစ်ဖြစ် ပညာရှင်အသိုင်းအ၀ိုင်းမှာပဲဖြစ်ဖြစ် ပါဝင်လာနိုင်တဲ့ ကျောင်းသူကျော င်းသားတွေ မွေးထုတ်ဖို့ ကျနော်တို့ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်” ဟု ဗန်ကျုံးလျန်ကပြောသည်။

၂၀၁၉ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအစီစဉ်တွင် ကျောင်းသား/သူ (၂) ဦးသာ ရွေးချယ်မည်ဖြစ်ပြီး ထောက်ပံ့ကြေးတစ်ဦးစာသည် အမျိုးသမီး(မိန်းကလေး)များအတွက် သီးသန့်လျာထားကာ၊ ကျန်ထောက်ပံ့ကြေးတစ်ဦးစာသည် အမျိုးသားနှင့် အမျိုးသမီးများအတွက် လျာထားသည်ဟု သိရသည်။

အဆိုပါထောက်ပံ့ကြေးကို www.thehillseducation.com (သို့) info@thehillseducation.com သို့ လျှောက်ထားမေးမြန်းနိုင်ပြီး ဇူလိုင် (၃၁) နေ့အထိ မည်သူမဆိုလျှောက်ထားနိုင်သည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားမည့် ကျောင်းသား/ကျောင်းသူများသည် ချင်းပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်းတန်းစာမေးပွဲအောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး မိဘများမှာလည်း တက္ကသိုလ်မတက်ဖူးသူများဖြစ်ရမည်ဟု The Chinbridge Institute ညွှန်ကြားရေးမှူးချုပ်ကဆက်ပြောသည်။

ထောက်ပံ့ကြေးအတွက် ရွေးချယ်ခံရသူသည် ကလေးတက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများထဲမှ ပထ၀ီ၊ သမိုင်း၊ ဒသနာ၊ မြန်မာစာ၊ အင်္ဂလိပ်(သို့) အရှေ့တိုင်းပညာ ဘာသာရပ်တစ်ခုခုကို အထူးပြုယူထားသူဖြစ်ကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ (၄) နှစ်အထိထောက်ပံ့ကြေးရရှိမည်ဟု သိရသည်။

ယခုထောက်ပံ့ကြေးအစီစဉ်သည် ယခုနှစ်မှစ၍ ပထမဆုံးအကြိမ်စတင်သည့်အတွက်ကြောင့် ရန်ပုံငွေအခြေအနေအရ (၂) ဦးသာ ရွေးချယ်ရခြင်းဖြစ်ကြောင်း နှောင်နှစ်များတွင် ယခုထက်ပိုများသော ကျောင်းသား၊ ကျောင်းသူများ ထောက်ပံ့ကြေး ပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်ဟု ဗန်ကျူံးလျန်ကပြောသည်။

The Hills Education သည် ဒေသခံများနှင့် နိုင်ငံတကာပညာရှင်များ ပူးပေါင်းပါဝင်သော ချင်းပြည်နယ်နှင့် ဆက်စပ်နယ်ပယ်များအတွက် အလုပ်လုပ်သည့် အဖွဲ့အစည်းဖြစ်ပြီး ချင်းပြည်နယ်မှ အဆင့်မြင့်ပညာ သင်ကြားသူများဆက်လက်တိုးပွားရန်နှင့် ဆက်စပ်သော အရည်အသွေးရှိ သုတေသနများ ထွက်ပေါ်လာအောင် ပံ့ပိုးပေးဖို့ရန် ၂၀၁၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ ချင်းပြည်နယ်သုတေသနကွန်ယက်နှင့် ပညာရပ်ဆိုင်ရာ အကြံပေးခြင်းဟူသောလုပ်ငန်း (၃) ခုကိုဆောင်ရွက်လက်ရှိသည်။

The Chinbridge Institute သည် သုတေသနနှင့် သင်ယူရေးဌာနအဖြစ် ၂၀၁၇ ခုနှစ်၊ဇွန်လတွင် စတင်တည်ထောင်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.