• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»“တခါတလေကျရင်လည်း ၄-၅ ပေအကွာကနေ ပစ်တဲ့အခါရှိတယ်။ တခေါက်ပစ်တာကျတော့ သေနတ်ပြောင်းကို ရွှေ့ရတယ်၊ တည့်တည့်ချိန်မယ်ဆိုရင် လူကိုထိတော့မှာ အဲ့လောက်အကွာအဝေးထိ ပစ်တဲ့အခါတွေလည်းရှိခဲ့တယ်”

“တခါတလေကျရင်လည်း ၄-၅ ပေအကွာကနေ ပစ်တဲ့အခါရှိတယ်။ တခေါက်ပစ်တာကျတော့ သေနတ်ပြောင်းကို ရွှေ့ရတယ်၊ တည့်တည့်ချိန်မယ်ဆိုရင် လူကိုထိတော့မှာ အဲ့လောက်အကွာအဝေးထိ ပစ်တဲ့အခါတွေလည်းရှိခဲ့တယ်”

0
By Editor on March 21, 2022 Featured

Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း (၂)

ခိုနူမ်းသုန်သတင်း၊ ၁၉ မတ် ၂၀၂၂

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးစတင်လာသည့်အချိန်မှာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ ထောင်နှင့်ချီသောဒေသခံပြည်သူများက လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင် လည်းပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူထဲက ထင်ရှားတဲ့လူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တော်လှန်ရေးနယ် မြေထဲရောက်ရှိသွားပြီး ယခုလက်ရှိမှာ Chinland Defense Force – Hakha တပ်ဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦး လည်ဖြစ်သည်။ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းထားသည့် အပိုင်း (၂) ကို ဖော်ပြလိုက်သည်။

မေး- လက်နက်တော်လှန်ရေးစကတည်းက ဒီချင်းပြည်နယ်မှာ အကြီးမားဆုံးအောင် မြင်မှုရခဲ့တဲ့ အဖြစ်အ ပျက်တွေရှိခဲ့လား။

ဖြေ- ဒီလိုအကြီးမားဆုံးလို့ပြောလို့မရဘူး ဒါပေမယ့် ကျွန်တော်တို့ တိုက်ပွဲတိုင်းမှာတော့ အောင်မြင်မှုတော့ ရပါတယ်။ ပြီးတော့ အသက်ဆုံးရတဲ့အခြေအနေလည်း ရှိခဲ့ပါတယ်။ ကိုယ့် လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ရ တာကျေနပ်ပါတယ် အဲ့တော့ တိုက်ပွဲတိုင်းကို အောင်မြင်မှုလို့ ကျွန်တော်တို့က ဒီကနေ့အထိ ခံယူပါတယ်။ အကြီးမားဆုံးရယ်မရှိဘူးပေါ့။

မေး- ဒီတော်လှန်ရေးကာလမှာ ပေးဆပ်ခဲ့ရတာတွေတော့ အများကြီးရှိမှာပေါ့လေ၊ အကြီးမားဆုံးပေးဆပ်ခဲ့ရမှုလို့ ပြောနိုင်မယ့်အရာက ဘာဖြစ််မလဲ။

ဖြေ- လူအသက်ပေးရခြင်းက အကြီးမားဆုံးပေါ့။ ပေးဆပ်မှုကတော့ တိုက်ပွဲတစ်ခုကိုဆင်နွဲနေပြီဆိုရင်တော့ အနည်းနဲ့အများ လူ့အသက်ရော တခါတလေ ငွေရေးကြေးရေးရော၊ ပြီးတော့ ပြည်သူတွေရဲ့ အိုးအိမ်တွေရော ပေးဆပ်ရတာမျိုးရှိပါတယ်၊ ကျွန်တော်တို့ အရင်နာရဆုံးကတော့ ထန်တလန်မြို့မီးရှို့ဖျက်ဆီးခံရတဲ့ အဖြစ်အပျက်က သိပ်ရင်နာတာပေါ့။

မေး- အခု ကိုယ်ကိုတိုင်လက်နက်ကိုင်တော်လှန်ရေးထဲမှာ ဦးဆောင်သူအနေနဲ့ရောက်နေပြီပေါ့လေ။ ဒီတော်လှန်ရေးမဝင်ခင် အရင်တုန်းက ဖြစ်ချင်ခဲ့တဲ့ ဘဝပုံစံမျိုးက ဘယ်လိုရှိခဲ့လဲ။

ဖြေ- ကျွန်တော်ကျတော့ ခရီးသွားတာ သဘောကျတယ်။ အဲ့တုန်းကလည်း တော်တော်လေးခရီး သွားဖြစ်ခဲ့ တယ်။ ဥရောပဖက်၊ အာရှဖက် သွားဖြစ်တယ်။ သုသေတနလုပ်ရတာ ဝါသနာပါတယ်။ လုပ်ခဲ့တဲ့ စာတန်းတွေလည်းရှိခဲ့တယ်။ အဲ့တော့ကျွန်တော် ရည်မှန်းထားခဲ့တာကကျတော့ ဒီရန်ကုန်တက္ကသိုလ်ကနေ Master ပြီးလာပြီဆိုရင် ဟားခါး တက္ကသိုလ်မှာ ဝန်ထမ်းဝင်မယ် ကျွန်တော်က သမိုင်းဘာသာယူတာဆိုတော့ သမိုင်းသုတေတနလုပ်မယ်။ သုတေတနတယောက်အနေနဲ့ ချင်းတွေရဲ့ မဖော်ထုတ်သေးတဲ့ထုံးတမ်းဓလေ့ တွေကော ပြီးတော့ သုုတေတနတော်တော်များများလုပ်ပြီးမှ ကြိုးစားမယ် စာအုပ်ထုတ်မယ် ဒါကိုစဉ်းစား ခဲ့တယ်။

မေး- ဖြစ်ချင်တဲ့အိမ်မက်နဲ့ လက်တွေ့က ကွာခြားသွားတော့ ဘယ်လိုခံစားရလဲ။

ဖြေ- တဖက်မှာက ကျွန်တော်ရည်မှန်းထားတဲ့ဘဝပေါ့။ ဒါပေမယ့်ကျွန်တော်ရဲ့အတွင်းထဲမှာက ကိန်းအောင်း နေတာက နိုင်ငံရေးကို ရှိခဲ့တယ်။ ဒါကြောင့် ဒီတခေါက်ကိုလည်း ဒီတော်လှန်ရေးလမ်းစဉ်ကို ရွေးလာတဲ့အခါမှာ လည်း ကျွန်တော်ကျေနပ်ပါတယ်။ ပြီးတော့ ကျွန်တော်က ခရစ်ယာန်တယောက်အနေနဲ့ ဘုရားသခင်က ကိုယ် ရှိသင့်တဲ့နေရာမှာထားတယ်လို့ပဲခံယူပါတယ်။ အဲ့တော့ ဒီဘဝမှာ ကွာခြားတယ်လို့လည်း တိုက်ရိုက်မခံစားရပါ ဘူး။ ကျေနပ်ပါတယ်။

မေး- တကယ်လို့တော်လှန်ရေးပြီးသွားရင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်ရွေးချယ်မလား။ ဒါမဟုတ် ဘာဆက်လုပ်မလဲ။

ဖြေ- တော်လှန်ရေးပြီးမှတော့ လက်နက်ကြီးမကိုင်ချင်တော့ပါဘူး။ အခုတောင်မှ ကိုင်ချင်လို့မဟုတ်ဘူး လက်နက်ဆိုတာက မဖြစ်မနေမှကိုင်ရတာပေါ့။ အဲ့တော့ကျွန်တော်ကတော့ နောက်ဆယ်နှစ်ပဲကြာကြာ နောက် ၁၅ နှစ်ပဲကြာကြာ ဆံပင်ပဲဖြူဖြူ ကျောင်းပြန်တက်မှာပဲ။ ပြောချင်တာက ကိုယ်တက်ခဲ့တဲ့ကျောင်းကိုတော့ Master လေးကိုတော့ ပြီးအောင်တော့ ပြန်တက်ချင်တယ်။ အဲ့နောက်ပိုင်းမှာတော့ ကိုယ့်ခြံလေးနဲ့ ကိုယ့်အိမ် လေးနဲ့ နေချင်ပါတယ်။ နိုင်ငံရေးအပိုင်းကိုတော့ ခုနပြောသလို ဘုရားသခင်က ဒီနယ်ပယ်မှာထားတယ်ဆိုရင်တော့ တမျိူးပေါ့။ ဒါပေမယ့် ကျွန်တော့်ဘဝမှာကျတော့ ဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်မနေချင်တော့ဘူး။

မေး- တော်လှန်ရေးလှုပ်ရှားမှု ဖြတ်သန်းနေတဲ့အခါမှာ စိတ်လှုပ်ရှားမှုအကောင်းဆုံးတခုက ဘာဖြစ်မလဲ။

ဖြေ- ကျွန်တော်တို့ဖက်ကနေ လက်နက်ငယ်တွေပဲသုံးနိုင်တယ်။ သူတို့ဖက်ကနေ လက်နက်ကြီး တွေပစ်တဲ့ ဟာမျိုးရှိတယ်။ ပြီးတော့ အနီးကပ်နဲ့ ဆင်နွှဲရတဲ့အချိန်ရှိတယ်။ တခါတလေကျရင်လည်း ၄-၅ ပေအကွာကနေ ပစ်တဲ့အခါရှိတယ်။ တခေါက်ပစ်တာကျတော့ သေနတ်ပြောင်းကိုနည်းနည်းရွေ့ရတယ်။ သေနတ် ပြောင်းကို တည့်တည့်ချိန်မယ်ဆိုရင် လူကိုထိတော့မှာ အဲ့လောက်အကွာအဝေးထိပစ်တဲ့အခါတွေလည်းရှိခဲ့တယ်။

မေး- နောက်ဆုံးအနေနဲ့ ပြည်သူလူထုတွေကို ဘယ်လိုမျိုးသတင်းစကားပါးချင်လဲ။

ဖြေ- ဒါက စစ်ပွဲတစ်ခုထဲမဟုတ်ဘူး၊ မမှန်ကန်တဲ့အရာကို မှန်ကန်တဲ့ဖက်ကနေရပ်တည်ပြီးမှ တွန်လှန်တဲ့ တော်လှန်ရေးဖြစ်နေတယ်။ အဲ့တော့ လက်နက်ကိုင်တဲ့လမ်းစဉ် တစ်ခုထဲနဲ့မရဘူး။ CDM လည်းရှိနေတယ် ပြည်သူအားလုံးဝိုင်းဝန်းကူညီဖို့လိုုနေတယ်။ ဒီဟာက ကျွန်တော်တို့ က အသက်ပေးစွန့်ပြီး တောထဲမှာလက်နက်ကိုင်တဲ့သူရှိတယ်။ သတင်းတွေတဖက်ကနေ လုပ်တောင်တဲ့ သူ လည်းရှိရင်ရှိမယ်။ စားနပ်ရိက္ခာပံ့ပိုးတဲ့သူရှိရင်ရှိမယ်။ ဆုတောင်းပေးတဲ့သူရှိရင်ရှိမယ်။ သတင်းပေးပို့တဲ့သူ လည်းရှိရင်ရှိမယ်။ ပြီးတော့ ကျန်းမာရေးအပိုင်းလည်းရှိရင်ရှိမယ်။ ဒီတော်လှန်ရေးက ဒီမနက်မှာစပြီး ဒီညနေ မှာအဖြေရမဲ့ဟာမျိုး လည်းမဟုတ်ဘူး။ ကြာရင်ကြာနိုင်တယ်။ အဲ့တော့ ကျွန်တော်တို့ဒီ ဟာကို စိတ်ရှည်သည်းခံ ပြီးမှ အားလုံးပြိုင်တူတွန်းနေမယ်ဆိုရင်တော့ တနေရာကနေတနေရာကို ရွေ့မှာပါ။ ကျွန်တော်တို့ လိုချင်တဲ့ပန်း တိုင်ကို ရောက်ဖို့အတွက် အားလုံးလက်တွဲပြီးမှ ဒီစည်းလုံးဖို့အဓိကကျတယ်လို့ ခံယူပါတယ်။ ပြည်သူတွေ အားလုံးလည်း ခက်ခဲမှုတွေအားလုံးကို ရင်ဆိုင်ပြီးမှ ကျွန်တော်တို့ပြိုင်တူတွန်းကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ။

ဒီစစ်အာဏာရှင်တွေလည်း ဒီကနေမှာကြားချင်ပါတယ်။ သူတို့ကိုပုဂ္ဂိုလ်အရ ကျွန်တော်တို့မုန်းတာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ဦးတယောက် အာဏာရှုးဖို့ သူတို့ရဲ့ အမြတ်ထုတ်ဖို့အတွက် ခဗျားတို့တွေရဲ့သား သမီးတွေ၊ ခဗျားတို့တွေရဲ့ မိသားစု၊ အနာဂတ်၊ အသက်တွေကို စွန့်ရတာကိုက မတန်ဘူး။ အဲ့တော့ ခဗျားတို့ကို အမှောင်ချပြီးမှ ဘယ်နေ့သေမလဲဆိုတာ မသေချာအောင်၊ ဘာလုပ်လဲဆိုတာ မသိအောင် သတင်း အမှောင်ချပြီးမှ ရှေ့တန်းကိုလွှတ်တယ်၊ ဒါကြောင့်မို့ ခဗျားတို့သိသင့်နေပြီ ပြည်သူတွေနဲ့ပူးပေါင်းပြီးမှ တောက်ပတဲ့ အနာဂတ် တိုင်ပြည်ကို တည်ဆောက်ဖို့ ခဗျားတို့လည်းပါဝင်ကြပါ။ ခဗျားတို့သားသမီးတွေ အတွက်လည်း အဓိက ကျနေတယ်။ အဲ့ဒါကြောင့် ဒီချိန်မှာက တဦးတယောက်အတွက်မဟုတ်ဘဲနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအားလုံး အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးမှ အနာဂတ်မြန်မာနိုင်ငံကို ကျွန်တော်တို့ တည်ဆောက်ကြရအောင် အခုဒီ လိုမျိုးလုပ်ရပ်တွေကို ရပ်တန့်ကရပ်ပြီးမှ ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါလို့ တိုက်တွန်းချင်ပါတယ်။

Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း (၁) ကို အောက်ပါလင့်တွင် ပြန်လည်ကြည့်ရှုနိုင်သည်။

“အကြမ်းဖက်နည်းနဲ့ တုံ့ပြန်မှုရလာတဲ့အခါမှာ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ ဒီလမ်းကို ရွေးရတာပါ” Chinland Defense Force – Hakha ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.