• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းပိတ္ဆို႔၍ ေက်းရြာ (၄၀) ေက်ာ္ ဆန္ျပတ္လပ္ေန

တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းပိတ္ဆို႔၍ ေက်းရြာ (၄၀) ေက်ာ္ ဆန္ျပတ္လပ္ေန

0
By Editor on June 24, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ဆို႔ထားသည့္အတြက္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္အတြင္းရွိ ခ်င္းလူမ်ဴိးအမ်ားစုေနထိုင္ၾကေသာ ေက်းရြာေပါင္း (၄၀) ေက်ာ္မွေဒ သခံျပည္သူမ်ား ဆန္ျပတ္လပ္ေနၿပီဟုသိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡဳိင့္တပ္ေတာ(AA) အၾကားျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡေၾကာင့္ တပ္မေတာ္က အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်းရြာေပါင္း (၄၂) ရြာႏွင့္ ဆက္သြယ္ေသာ ေရလမ္း ကုန္လမ္းမ်ားအားလံုးကို ၿပီးခဲ့သည့္ ဇန္န၀ါရီလဆန္းကတည္းက ယေန႔ခ်ိန္ထိ ပိတ္ဆို႔ေနသည့္အတြက္ ေဒသခံျပည္သူမ်ား ဆန္ျပတ္လပ္ေနၾကျခင္းျဖစ္သည္ဟု ခ်င္းလူ႔အခြင့္အဖြဲ႔ (CHRO) မွေျပာေရးဆိုခြင့္ရွိသူဆလိုင္းလ်န္ကေျပာသည္။

“အသြားလာပိတ္တာက ဇန္န၀ါရီလကတည္းက ရိကၡာျပတ္လပ္တာကေတာ့ ဇြန္လ (၁၆) ေလာက္ကေနျပတ္တယ္ သူတို႔စားစရာမရိွေတာ့ဘူး သူတို႔ေက်းရြာ (၄၂) ရြာေလာက္မွာအခက္အခဲၾကံဳေနရတာ ခ်င္းအနည္းဆံုးလူဦးေရ တစ္ေသာင္းေက်ာ္ေက်ာ္က စားနပ္ရိကၡာျပတ္လပ္ေနတယ္၊ သူတို႔ေျပာျပခ်က္အရ ငွက္ေပ်ာသီးတို႔ ပိႏၷဲသီးတုိ႔ သူတို႔အသီးေတြပဲစားျပီးေတာ့ ေနတယ္လို႔သူတို႔ဘက္ကေနေျပာလာတယ္၊ ဒီလိုမ်ိဳး တိုက္ပြဲေၾကာင့္ အျပစ္မဲ့ျပည္သူေတြကို ခက္ခဲေစတဲ့ဟာက ႏိုင္ငံတကာ စံခ်ိန္စံႏႈန္းျဖစ္တဲ့ Geneva Convention နဲ႔ သူတို႔သြားညိွႏိုင္တယ္၊ တဖက္နဲ႔ေျပာရမယ္ဆိုရင္ေတာ့ စစ္ရာဇ၀တ္မႈနဲ႔ ျပည္သူေတြကိုထိခိုက္ေစတယ္ ျပည္သူေတြကိုအစားအေသာက္ ငတ္ျပတ္ေစတယ္ဆိုတာက ဒါကေတာ့ သူတို႔ရဲ႕ ေပၚလစီနဲ႔ ဆက္စပ္ေနတဲ့ ႏိုင္ငံတကာစံခ်ိန္စံႏႈန္းကို မလိုက္နာတာျဖစ္တဲ့အတြက္ သူတို႔အတြက္ တပ္မေတာ္ျဖစ္ျဖစ္ AA တို႔အတြက္ျဖစ္ျဖစ္ မေကာင္းဘူး” ဟု ဆလိုင္းလ်န္ကေျပာသည္။

ဒလက္ေခ်ာင္းအုပ္စုအတြင္း ေက်းရြာမ်ားသည္ ဆန္၊ဆီ၊ဆား အေျခခံစားေသာက္ကုန္မ်ားကို အမ္းၿမိဳ႕သို႔ ကုန္းလမ္းျဖင့္ေသာ္လည္း ေျမပံုၿမိဳ႕နယ္ ကံေတာင္ႀကီးဖက္သို႔ ေရလမ္းေၾကာင္းတို႔ျဖင့္ သယ္ယူေလ့ရွိၾကေသာ္လည္း ရကိၡဳင့္တပ္ေတာ္ (AA) ထံ စားနပ္ရိကၡာမ်ားေရာက္ရွိသြား မည္ကို စိုးရိမ္သည့္အတြက္ တပ္မေတာ္ဘက္က လမ္းေၾကာင္းမ်ားအားလံုး ပိတ္ဆို႔လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

ခ်င္းလူသားခ်င္းစာနာေထာက္ထားမႈ ကူညီေရးအဖြဲ႕ (ရခိုင္ျပည္နယ္) မွ ဆလိုင္း၀င္းေမာင္က ဒလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်းရြာမ်ားမွ ေဒသခံမ်ားသည္ ရွမ္းကုန္းႏွင့္ မဂၤလာဒံုေက်းရြာသို႔ ေျပာင္းေရႊ႕လာၾကၿပီး ဆန္ျပတ္လပ္သည့္အတြက္ အသီးအႏွံမ်ားကို စားေသာက္ေနရသည့္ အေနအထားဟုဆိုပါသည္။

“အခုက က်ေနာ္တို႔က ပိုက္ဆံရိွရင္ေတာင္မွ ဆန္၀ယ္လို႔မရတဲ့အေနအထားမွာျဖစ္ေနတယ္ ဆန္အိတ္ကိုကလံုး၀မရိွဘူး၊ အခုေလာေလာဆယ္က က်ေနာ္တို႔ ျပည္သူေတြက ဒလက္ေခ်ာင္းၾကားမွာရိွတဲ့သူေတြက ရွမ္းကုန္းေက်းရြာနဲ႔ မဂၤကုန္ေက်းရြာကိုအကုန္လံုးနီးပါး ေျပာင္းေရႊ႕လာၾကျပီ ဆိုေတာ့ ေလာေလာဆယ္က က်ေနာ္တို႔စုပံုေနၾကတာေပါ့ စုပံုေနတဲ့ခါက်ေတာ့ အကုန္လံုးကအစားအေသာက္ေတြက ျပတ္ေနတဲ့အခါက်ေတာ့ စားစရာဆန္မရိွတဲ့အခါက်ေတာ့ ေလာေလာဆယ္အသီးအနွံ ပိႏၷဲသီးတို႔ စားျပီးေတာ့မွေနေနရတယ္” ဟု ဆလိုင္း၀င္းေမာင္ကေျပာသည္။

ယခုကဲ့သို႔ စားနပ္ရိကၡာျပတ္လပ္သည့္ ေဒသခံျပည္သူမ်ားကို Relief and Rehabilitation Committee Chin IDPs-RRCCI အဖြဲ႔ႏွင့္ ပူးေပါင္းကာ ဆန္အိတ္ (၅၀) ေပးပို႔ရန္စီစဥ္ေသာ္လည္း ပို႔ေဆာင္၍မရသည့္အေနအထားျဖစ္ေနသည္ဟု ဆလိုင္း၀င္းေမာင္ကေျပာသည္။

အမ္းၿမိဳ႕မွ အေနာက္ဖက္(၂၅)မိုင္ခန္႔အကြာ ဒလက္ေခ်ာင္းအုပ္စုအတြင္း ဒါးလက္ေက်းရြာ အထက္ႏွင့္ ရွမ္းကုန္းေက်းရြာအနားတြင္ တပ္စခန္းမ်ားရွိတည္ၿပီး အမ္းၿမိဳ႕အေျခစိုက္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံတပ္မ်ားျဖစ္ၾကေၾကာင္း သိရပါသည္။

လက္ရွိ ရိကၡာဆန္ျပတ္လပ္ေနသည့္ ဒလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်းရြာ (၄၂) ရြာအနက္ (၃၇) ရြာမွာ ခ်င္းလူမ်ဴိးမ်ားေနထုိင္ၾကၿပီး က်န္ (၅) ရြာမွာ ရခိုင္လူမ်ဴိးမ်ားေနထုိင္ၾကေၾကာင္းသိရသည္။

#Unicode

By လားနွန် – မြန်မာ့တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ချင်းလူမျိူးအများစုနေထိုင်ကြသော ကျေးရွာပေါင်း (၄၀) ကျော်မှဒေ သခံပြည်သူများ ဆန်ပြတ်လပ်နေပြီဟုသိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော(AA) အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် တပ်မတော်က အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၂) ရွာနှင့် ဆက်သွယ်သော ရေလမ်း ကုန်လမ်းများအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီလဆန်းကတည်းက ယနေ့ချိန်ထိ ပိတ်ဆို့နေသည့်အတွက် ဒေသခံပြည်သူများ ဆန်ပြတ်လပ်နေကြခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အဖွဲ့ (CHRO) မှပြောရေးဆိုခွင့်ရှိသူဆလိုင်းလျန်ကပြောသည်။

“အသွားလာပိတ်တာက ဇန်နဝါရီလကတည်းက ရိက္ခာပြတ်လပ်တာကတော့ ဇွန်လ (၁၆) လောက်ကနေပြတ်တယ် သူတို့စားစရာမရှိတော့ဘူး သူတို့ကျေးရွာ (၄၂) ရွာလောက်မှာအခက်အခဲကြုံနေရတာ ချင်းအနည်းဆုံးလူဦးရေ တစ်သောင်းကျော်ကျော်က စားနပ်ရိက္ခာပြတ်လပ်နေတယ်၊ သူတို့ပြောပြချက်အရ ငှက်ပျောသီးတို့ ပိန္နဲသီးတို့ သူတို့အသီးတွေပဲစားပြီးတော့ နေတယ်လို့သူတို့ဘက်ကနေပြောလာတယ်၊ ဒီလိုမျိုး တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူတွေကို ခက်ခဲစေတဲ့ဟာက နိုင်ငံတကာ စံချိန်စံနှုန်းဖြစ်တဲ့ Geneva Convention နဲ့ သူတို့သွားညှိနိုင်တယ်၊ တဖက်နဲ့ပြောရမယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုနဲ့ ပြည်သူတွေကိုထိခိုက်စေတယ် ပြည်သူတွေကိုအစားအသောက် ငတ်ပြတ်စေတယ်ဆိုတာက ဒါကတော့ သူတို့ရဲ့ ပေါ်လစီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာစံချိန်စံနှုန်းကို မလိုက်နာတာဖြစ်တဲ့အတွက် သူတို့အတွက် တပ်မတော်ဖြစ်ဖြစ် AA တို့အတွက်ဖြစ်ဖြစ် မကောင်းဘူး” ဟု ဆလိုင်းလျန်ကပြောသည်။

ဒလက်ချောင်းအုပ်စုအတွင်း ကျေးရွာများသည် ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်များကို အမ်းမြို့သို့ ကုန်းလမ်းဖြင့်သော်လည်း မြေပုံမြို့နယ် ကံတောင်ကြီးဖက်သို့ ရေလမ်းကြောင်းတို့ဖြင့် သယ်ယူလေ့ရှိကြသော်လည်း ရက္ခိုင့်တပ်တော် (AA) ထံ စားနပ်ရိက္ခာများရောက်ရှိသွား မည်ကို စိုးရိမ်သည့်အတွက် တပ်မတော်ဘက်က လမ်းကြောင်းများအားလုံး ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းလူသားချင်းစာနာထောက်ထားမှု ကူညီရေးအဖွဲ့ (ရခိုင်ပြည်နယ်) မှ ဆလိုင်းဝင်းမောင်က ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ရှမ်းကုန်းနှင့် မင်္ဂလာဒုံကျေးရွာသို့ ပြောင်းရွှေ့လာကြပြီး ဆန်ပြတ်လပ်သည့်အတွက် အသီးအနှံများကို စားသောက်နေရသည့် အနေအထားဟုဆိုပါသည်။

“အခုက ကျနော်တို့က ပိုက်ဆံရှိရင်တောင်မှ ဆန်ဝယ်လို့မရတဲ့အနေအထားမှာဖြစ်နေတယ် ဆန်အိတ်ကိုကလုံးဝမရှိဘူး၊ အခုလောလောဆယ်က ကျနော်တို့ ပြည်သူတွေက ဒလက်ချောင်းကြားမှာရှိတဲ့သူတွေက ရှမ်းကုန်းကျေးရွာနဲ့ မင်္ဂကုန်ကျေးရွာကိုအကုန်လုံးနီးပါး ပြောင်းရွှေ့လာကြပြီ ဆိုတော့ လောလောဆယ်က ကျနော်တို့စုပုံနေကြတာပေါ့ စုပုံနေတဲ့ခါကျတော့ အကုန်လုံးကအစားအသောက်တွေက ပြတ်နေတဲ့အခါကျတော့ စားစရာဆန်မရှိတဲ့အခါကျတော့ လောလောဆယ်အသီးအနှံ ပိန္နဲသီးတို့ စားပြီးတော့မှနေနေရတယ်” ဟု ဆလိုင်းဝင်းမောင်ကပြောသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်သည့် ဒေသခံပြည်သူများကို Relief and Rehabilitation Committee Chin IDPs-RRCCI အဖွဲ့နှင့် ပူးပေါင်းကာ ဆန်အိတ် (၅၀) ပေးပို့ရန်စီစဉ်သော်လည်း ပို့ဆောင်၍မရသည့်အနေအထားဖြစ်နေသည်ဟု ဆလိုင်းဝင်းမောင်ကပြောသည်။

အမ်းမြို့မှ အနောက်ဖက်(၂၅)မိုင်ခန့်အကွာ ဒလက်ချောင်းအုပ်စုအတွင်း ဒါးလက်ကျေးရွာ အထက်နှင့် ရှမ်းကုန်းကျေးရွာအနားတွင် တပ်စခန်းများရှိတည်ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များဖြစ်ကြကြောင်း သိရပါသည်။

လက်ရှိ ရိက္ခာဆန်ပြတ်လပ်နေသည့် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာ (၄၂) ရွာအနက် (၃၇) ရွာမှာ ချင်းလူမျိူးများနေထိုင်ကြပြီး ကျန် (၅) ရွာမှာ ရခိုင်လူမျိူးများနေထိုင်ကြကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.