• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္၏ထိုုးစစ္ဆင္မႈၾကားမွ ပလက္၀ၿမိဳ႕နယ္ စားနပ္ရိကၡာသယ္ယူေရးႏွင့္ပတ္သက္၍ ဦးခိုင္သုခ၏ ေျပာၾကားခ်က္

တပ္မေတာ္၏ထိုုးစစ္ဆင္မႈၾကားမွ ပလက္၀ၿမိဳ႕နယ္ စားနပ္ရိကၡာသယ္ယူေရးႏွင့္ပတ္သက္၍ ဦးခိုင္သုခ၏ ေျပာၾကားခ်က္

0
By Editor on March 11, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔တို႔ တိုက္ပြဲျပင္းထန္လာသည့္အတြက္ ရခိုင္ျပည္နယ္ႏွင့္ ဆက္သြယ္သည့္ ေရလမ္း၊ ကုန္လမ္းမ်ား ျပတ္ေတာက္ေသာေၾကာင့္ ပလက္၀ၿမိဳ႕နယ္တြင္ စားနပ္ရိကၡာသယ္ယူပို႔ေဆာင္၍ မရေတာ့သည့္မွာ ယခုဆိုလွ်င္ တစ္လေက်ာ္ၾကာျမင့္ေနၿပီျဖစ္သည္။

စားနပ္ရိကၡာအတြက္ ရခိုင္ျပည္နယ္ကို အဓိကမွီခိုအားထားေနရသည့္ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္၊ ဆီ၊ ဆားႏွင့္ ေလာင္စာဆီမွအစ ၀င္ေရာက္ျခင္းမရွိေတာ့သည့္အတြက္ ယခုအခါ အငတ္ေဘးဆိုက္ေရာက္မည့္ အေနအထားျဖစ္ေနၿပီး ဆန္တစ္အိတ္လွ်င္ က်ပ္ေငြတစ္သိန္း၊ က်ပ္သြန္နီတစ္ပိသာ တစ္ေသာင္းက်ပ္၊ ငရုပ္သီးေျခာက္တစ္ပိသာ ႏွစ္ေသာင္းက်ပ္အထိ မိိုးထိမတတ္ ေစ်းခုန္တက္သြားခဲ့သည္။

ထိုကဲ့သုိ႔အေျခအေနျဖစ္ေနသည့္ ပလက္၀ၿမိဳ႕နယ္အတြက္ ခ်င္းျပည္နယ္အစိုးရႏွင့္ အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားက ဆန္ႏွင့္ အျခားစားနပ္ရိကၡာမ်ား သယ္ယူပို႔ေဆာင္ရန္စီစဥ္ေနၾကေသာ္လည္း နယ္ေျမလံုျခံဳမႈမရွိသည့္အတြက္ သယ္ယူပို႔ေဆာင္၍မရေၾကာင္း ေျပာဆိုၾကသည္။ 

ပလက္၀ၿမိဳ႕နယ္ကို ရိကၡာသယ္ယူမည္ဆိုလွ်င္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္မွတဆင့္ ကုလားတန္ျမစ္ေၾကာင္းအတိုင္း စက္ေလွျဖင့္ေသာ္လည္းေကာင္း၊ ခ်င္းျပည္နယ္ မင္းတပ္-မတူပီ-ဆမီး လမ္းေၾကာင္းမွတဆင့္ သယ္ယူပို႔ေဆာင္ႏုိင္သည္။

သို႔ေသာ္လည္း အငတ္ေဘးဆိုက္ေရာက္လုမတတ္ျဖစ္ေနသည့္ ပလက္၀ၿမိဳ႕နယ္အတြက္ စားနပ္ရိကၡာမ်ား ယေန႔ခ်ိန္ထိ ပို႔ေဆာင္ႏုိင္ျခင္းမရွိေသးျခင္းသည္ မည္သူ႔မွာတာ၀န္ရွိပါသနည္း။ စားနပ္ရိကၡာသယ္ယူေရးမွာ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔က ပိတ္ပင္ဟန္႔တားမႈေတြရွိေနပါသလား။ ယခုကိစၥႏွင့္ပတ္သက္၍ ရကၡိဳင့္တပ္ေတာ္ (AA) ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခကို ခိုႏူမ္းသုန္သတင္းေထာက္ ကိုလားႏြန္က ဆက္သြယ္ေမးျမန္းထားပါသည္။

ေမး။    ။ ခ်င္းျပည္နယ္အစိုးရကေတာ့ နယ္ေျမမလံုျခံဳတာေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွာ ဘာမွပို႔လို႔မရဘူးလို႔ေျပာေနတယ္၊ ဆိုေတာ့ စားနပ္ရိကၡာသယ္ယူမႈမွာ (AA) အေနနဲ႔ တစ္စံုတစ္ရာ ေႏွာက္ယွက္ေပးတာမ်ဴိးရွိလား။ 

ေျဖ။       ။ က်ေနာ္တို႔ကေတာ့ ဘယ္တုန္းကမွ ပိတ္ပင္တားစီးတာမရွိဘူး၊ ကုလားတန္ျမစ္ထဲမွာ စစ္ေတြဘက္ကတက္လာတဲ့ စက္ေလွေတြေရာ၊ ပလက္၀ဘက္ကလာတဲ့ စက္ေလွေတြေရာ လိုအပ္တဲ့လံုျခံဳေရးအရ စစ္ေဆးမႈေတြ နည္းနည္းပါးပါးေတာ့ရွိတယ္၊ အဓိကကေတာ့ ျမန္မာစစ္တပ္ရဲ့ ရိကၡာေတြ မပါလာဘူးဆိုလို႔ရွိရင္၊ တျခားေဒသခံေတြအတြက္ သယ္လာတဲ့ရိကၡာေတြဆိုလို႔ရွိရင္ ဘာမွလုပ္စရာအေၾကာင္းမရွိဘူး၊ သယ္လို႔ရတယ္၊ က်ေနာ္တို႔က ခြင့္ျပဳထားၿပီးသားပါ၊ ပိတ္ပင္ထားတာက ျမန္မာစစ္တပ္ဘက္က ပိတ္ပင္ထားတာပါ၊ စက္ေလွတစ္စီးမွာ ဆန္အိတ္ (၂၀) ထက္မသယ္ရဘူး၊ ကုန္သည္တစ္ဦးမွာ ဆန္အိတ္ (၂၀) ထက္မသယ္ရဘူးဆိုၿပီး ျမန္မာစစ္တပ္ကပိတ္ပင္ထားတာပါ၊ က်ေနာ္တို႔ဘက္မွ ဘာမွပိတ္ပင္ထားတာမရွိဘူး။ 

ေမး။    ။ အခု ပလက္၀ကိုပို႔မယ့္ ဆန္ေတြ စစ္ေတြကို ေရာက္ေနၿပီ၊ ၿပီးေတာ့ ဆမီးၿမိဳ႕မွာလည္း ဆန္အိတ္ေရာက္ေနၿပီ၊ ဒါေပမယ့္ နယ္ေျမမလံုျခံဳတာေၾကာင့္ ပလက္၀ကို မသယ္ရဲၾကဘူးလို႔ေျပာေနတယ္၊ တကယ္လို႔ အဲဒီဆန္ေတြကို ပလက္၀ကို ပို႔မယ္ဆိုရင္ (AA) အေနနဲ႔ ဘယ္လိုသေဘာထားရွိပါသလဲ။

ေျဖ။       ။ ေဒသခံေတြအတြက္ သယ္ယူမယ့္ရိကၡာ၊ ဆန္ေတြဆိုရင္ က်ေနာ္တို႔က ဘာမွတားဆီးပိတ္ပင္တာမရွိဘူး၊ ဒါေပမယ့္ တစ္ခုေတာ့ရွိတာက အစိုးရအေနနဲ႔ ျဖစ္ႏုိင္လို႔ရွိရင္ စစ္ျဖစ္ေနတဲ့ေနရာဆိုေတာ့ ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားသင့္တာေပါ့၊ ဒါမွလည္း အဲဒီမွာလာတဲ့သူေတြ၊ ျဖတ္သြားတဲ့လူေတြရဲ့ လံုျခံဳေရးအာမခံခ်က္ရွိမွာကိုး၊ ဆိုေတာ့ အဲဒီစစ္ပြဲျဖစ္တဲ့ေနရာကို သြားမယ္ဆိုရင္ ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားဖို႔ေတာ့လိုတာေပါ့၊ တဖက္နဲ႔တဖက္ နားလည္မႈတည္ေဆာက္ၿပီးေတာ့မွ ပြင့္ပြင့္လင္းလင္း ဆက္သြယ္လုပ္ေဆာင္လို႔ရွိရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပေခ်ာေမြ႔ႏုိင္မွာေပါ့။ 

ေမး။    ။ ပလက္၀ၿမိဳ႕နယ္အတြက္ ဆန္အိတ္ ၆၀၀၀ ကို (AA) က သယ္ခြင့္ျပဳတယ္ဆိုၿပီးေတာ့ သတင္းတစ္ခုတက္လာတယ္၊ အဲဒီကိစၥက တကယ္လား။

ေျဖ။       ။ အဲဒီ ဆန္အိတ္ ၆၀၀၀ သယ္မယ္ဆိုတဲ့ကိစၥက က်ေနာ္တို႔ဘက္ကို တရား၀င္အေၾကာင္းၾကားလာတာ ဘာမွမရွိေသးဘူး၊ တရား၀င္အေၾကာင္းၾကားလာလို႔ရွိရင္ က်ေနာ္တို႔ကလည္း တရား၀င္ျပန္ေျပာလို႔ရတာေပါ့ေလ၊ ဒါေပမယ့္ အေျခခံအားျဖင့္ေတာ့ က်ေနာ္တို႔က ေဒသခံေတြအတြက္ သယ္ယူမယ့္ရိကၡာဆန္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ဘာမွ တားဆီးကန္႔သတ္ထားတာမရွိဘူး။ 

ေမး။    ။ ပလက္၀ၿမိဳ႕နယ္က အခုလက္ရွိမွာ စစ္မက္ျဖစ္ပြားတဲ့ေနရာဆိုေတာ့ ေက်ာင္းသူ/ေက်ာင္းသားေတြရဲ့ စာေမးပြဲေျဖဆိုမႈအေပၚ ထိခိုက္လာမွာကိုစိုးရိမ္ေနၾကတယ္။

ေျဖ။       ။ ေက်ာင္းသူေက်ာင္းသားေတြ စာေမးပြဲေတြေကာင္းေကာင္းမြန္မြန္ေျဖဆိုႏုိ္င္ဖို႔က တပ္မေတာ္ဘက္ကေန လက္ရွိလုပ္ေနတဲ့ ထုိးစစ္ေတြကို ရက္အကန္႔အသတ္နဲ႔ပဲျဖစ္ျဖစ္ ရပ္တန္႔ထားဖို႔သင့္တာေပါ့၊ အဲလိုရပ္တန္႔ထားလို႔ရွိရင္ေတာ့ တိုက္ပြဲကေတာ့ ရပ္တန္႔ႏုိ္င္တဲ့အေနအထားရွိပါတယ္၊ ျမန္မာစစ္တပ္ဘက္က ထုိးစစ္ဆင္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဘက္ကလည္း ခုခံၿပီးေတာ့ တိုက္ခိုက္ေနရတဲ့သေဘာရွိတယ္ဗ်။

#Unicode

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ဝင်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။

ထိုကဲ့သို့အခြေအနေဖြစ်နေသည့် ပလက်ဝမြို့နယ်အတွက် ချင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန်စီစဉ်နေကြသော်လည်း နယ်မြေလုံခြုံမှုမရှိသည့်အတွက် သယ်ယူပို့ဆောင်၍မရကြောင်း ပြောဆိုကြသည်။ 

ပလက်ဝမြို့နယ်ကို ရိက္ခာသယ်ယူမည်ဆိုလျှင် ရခိုင်ပြည်နယ်၊ ကျောက်တော်မှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်သော်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်-မတူပီ-ဆမီး လမ်းကြောင်းမှတဆင့် သယ်ယူပို့ဆောင်နိုင်သည်။

သို့သော်လည်း အငတ်ဘေးဆိုက်ရောက်လုမတတ်ဖြစ်နေသည့် ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာများ ယနေ့ချိန်ထိ ပို့ဆောင်နိုင်ခြင်းမရှိသေးခြင်းသည် မည်သူ့မှာတာဝန်ရှိပါသနည်း။ စားနပ်ရိက္ခာသယ်ယူရေးမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ပိတ်ပင်ဟန့်တားမှုတွေရှိနေပါသလား။ ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းထောက် ကိုလားနွန်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ ချင်းပြည်နယ်အစိုးရကတော့ နယ်မြေမလုံခြုံတာကြောင့် ပလက်ဝမြို့နယ်မှာ ဘာမှပို့လို့မရဘူးလို့ပြောနေတယ်၊ ဆိုတော့ စားနပ်ရိက္ခာသယ်ယူမှုမှာ (AA) အနေနဲ့ တစ်စုံတစ်ရာ နှောက်ယှက်ပေးတာမျိူးရှိလား။ 

ဖြေ။       ။ ကျနော်တို့ကတော့ ဘယ်တုန်းကမှ ပိတ်ပင်တားစီးတာမရှိဘူး၊ ကုလားတန်မြစ်ထဲမှာ စစ်တွေဘက်ကတက်လာတဲ့ စက်လှေတွေရော၊ ပလက်ဝဘက်ကလာတဲ့ စက်လှေတွေရော လိုအပ်တဲ့လုံခြုံရေးအရ စစ်ဆေးမှုတွေ နည်းနည်းပါးပါးတော့ရှိတယ်၊ အဓိကကတော့ မြန်မာစစ်တပ်ရဲ့ ရိက္ခာတွေ မပါလာဘူးဆိုလို့ရှိရင်၊ တခြားဒေသခံတွေအတွက် သယ်လာတဲ့ရိက္ခာတွေဆိုလို့ရှိရင် ဘာမှလုပ်စရာအကြောင်းမရှိဘူး၊ သယ်လို့ရတယ်၊ ကျနော်တို့က ခွင့်ပြုထားပြီးသားပါ၊ ပိတ်ပင်ထားတာက မြန်မာစစ်တပ်ဘက်က ပိတ်ပင်ထားတာပါ၊ စက်လှေတစ်စီးမှာ ဆန်အိတ် (၂၀) ထက်မသယ်ရဘူး၊ ကုန်သည်တစ်ဦးမှာ ဆန်အိတ် (၂၀) ထက်မသယ်ရဘူးဆိုပြီး မြန်မာစစ်တပ်ကပိတ်ပင်ထားတာပါ၊ ကျနော်တို့ဘက်မှ ဘာမှပိတ်ပင်ထားတာမရှိဘူး။ 

မေး။    ။ အခု ပလက်ဝကိုပို့မယ့် ဆန်တွေ စစ်တွေကို ရောက်နေပြီ၊ ပြီးတော့ ဆမီးမြို့မှာလည်း ဆန်အိတ်ရောက်နေပြီ၊ ဒါပေမယ့် နယ်မြေမလုံခြုံတာကြောင့် ပလက်ဝကို မသယ်ရဲကြဘူးလို့ပြောနေတယ်၊ တကယ်လို့ အဲဒီဆန်တွေကို ပလက်ဝကို ပို့မယ်ဆိုရင် (AA) အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။       ။ ဒေသခံတွေအတွက် သယ်ယူမယ့်ရိက္ခာ၊ ဆန်တွေဆိုရင် ကျနော်တို့က ဘာမှတားဆီးပိတ်ပင်တာမရှိဘူး၊ ဒါပေမယ့် တစ်ခုတော့ရှိတာက အစိုးရအနေနဲ့ ဖြစ်နိုင်လို့ရှိရင် စစ်ဖြစ်နေတဲ့နေရာဆိုတော့ ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တာပေါ့၊ ဒါမှလည်း အဲဒီမှာလာတဲ့သူတွေ၊ ဖြတ်သွားတဲ့လူတွေရဲ့ လုံခြုံရေးအာမခံချက်ရှိမှာကိုး၊ ဆိုတော့ အဲဒီစစ်ပွဲဖြစ်တဲ့နေရာကို သွားမယ်ဆိုရင် ကြိုတင်ပြီးတော့ အကြောင်းကြားဖို့တော့လိုတာပေါ့၊ တဖက်နဲ့တဖက် နားလည်မှုတည်ဆောက်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆက်သွယ်လုပ်ဆောင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေချောမွေ့နိုင်မှာပေါ့။ 

မေး။    ။ ပလက်ဝမြို့နယ်အတွက် ဆန်အိတ် ၆၀ဝ၀ ကို (AA) က သယ်ခွင့်ပြုတယ်ဆိုပြီးတော့ သတင်းတစ်ခုတက်လာတယ်၊ အဲဒီကိစ္စက တကယ်လား။

ဖြေ။       ။ အဲဒီ ဆန်အိတ် ၆၀ဝ၀ သယ်မယ်ဆိုတဲ့ကိစ္စက ကျနော်တို့ဘက်ကို တရားဝင်အကြောင်းကြားလာတာ ဘာမှမရှိသေးဘူး၊ တရားဝင်အကြောင်းကြားလာလို့ရှိရင် ကျနော်တို့ကလည်း တရားဝင်ပြန်ပြောလို့ရတာပေါ့လေ၊ ဒါပေမယ့် အခြေခံအားဖြင့်တော့ ကျနော်တို့က ဒေသခံတွေအတွက် သယ်ယူမယ့်ရိက္ခာဆန်တွေနဲ့ပတ်သက်ပြီးတော့ ဘာမှ တားဆီးကန့်သတ်ထားတာမရှိဘူး။ 

မေး။    ။ ပလက်ဝမြို့နယ်က အခုလက်ရှိမှာ စစ်မက်ဖြစ်ပွားတဲ့နေရာဆိုတော့ ကျောင်းသူ/ကျောင်းသားတွေရဲ့ စာမေးပွဲဖြေဆိုမှုအပေါ် ထိခိုက်လာမှာကိုစိုးရိမ်နေကြတယ်။

ဖြေ။       ။ ကျောင်းသူကျောင်းသားတွေ စာမေးပွဲတွေကောင်းကောင်းမွန်မွန်ဖြေဆိုနိ်ုင်ဖို့က တပ်မတော်ဘက်ကနေ လက်ရှိလုပ်နေတဲ့ ထိုးစစ်တွေကို ရက်အကန့်အသတ်နဲ့ပဲဖြစ်ဖြစ် ရပ်တန့်ထားဖို့သင့်တာပေါ့၊ အဲလိုရပ်တန့်ထားလို့ရှိရင်တော့ တိုက်ပွဲကတော့ ရပ်တန့်နိ်ုင်တဲ့အနေအထားရှိပါတယ်၊ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း ခုခံပြီးတော့ တိုက်ခိုက်နေရတဲ့သဘောရှိတယ်ဗျ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.