• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

0
By Editor on April 5, 2021 Khonumthung
Benezer – စစ်ကိုင်းတိုင်း တမူးမြို့တွင် ဧပြီလ ၃ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များ၏ ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်း မီးလောင်ခဲ့ပြီး နယ်မြေမီးသတ်စခန်းကို ပြည်သူများမှ သဲအိတ်ဖြင့်ပိတ်ကာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တမူးမြို့ရှိ နယ်မြေ ၁၃နဲ့၁၄ ဆက်သွယ်ထားသည့် တံတားအမှတ် ၁၄ ရှိ ရင်ကင်းတဲနှင့် နန်းဖာလုံ ဘုရားကျောင်းပေါက် စစ်တပ်ကင်းစခန်းတို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး တမူး-နန်းဖာလုံကို ဆက်သွယ်ထားသည့် ချောင်းနက်ကြီး မြို့မ ၁၄ သံဘောင်ဘေလီ သစ်သားတံတား မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။
ထို့ပြင် မြို့မ ၁၃ နန်းဖာလုံဈေးအနီးရှိ နယ်မြေမီးသတ်စခန်းကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာ ပြည်သူများမှ သိပ်းပိုက်လိုက်ကြောင်းသိရသည်။
တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မ ၁၄ နန်းဖာလုံနယ်မြေ ၁၃ မီးသတ်စခန်းကို CDM ဝင်သည့် ရဲတပ်သားတစ်ဦး ဦးဆောင်သည့်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့သည့် CDM ရဲတစ်ဦး ကျဆုံးခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.