#Unicode
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ပါဟဲတံတားအနီးတွင် ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က နွားနို့ပို့သည့် ဂေါ်ရခါး လူမျိူး လင်မယား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်သတ်ပြီး တစ်ဦးကို ကြိုးတုပ်ဖမ်းခေါ်သွားသည်ဟု တမူးဒေသခံများထံမှ သိရသည်။
“ပါဟဲတံတားဆိုတာရှိတယ် အဲဒီမှာတပ်က နေရာယူထားတာ အဲဒီဂေါ်ရခါးလင်မယားက နွားနို့ရောင်းပြီးတော့ နန်းဖာလုံဘက်ကနေပြန်ခဲ့တာ အဲဒီတံတားအနီးမှာမှာပဲအပစ်ခံလိုက်ရတာ နှစ်ယောက်လုံးပွဲချင်းပြီးသေသွားတာ” ဟု တမူးဒေသခံကပြောသည်။
ပစ်သတ်ခံရသည့် ဂေါ်ရခါးလင်မယားသည် တမူးမြို့ မြို့မ ၂ ရက်ကွဲတွင်နေထိုင်သူများဖြစ်ကြသည်။ ပါဟဲတံတားသည် မြို့မ ၁၂/ခ တွင်တည်ရှိပြီး တမူးနှင့် နန်းဖာလုံဘက်သို့ဖြတ်ကူးသည့်တံတားဖြစ်သည်။
အလားတူ ယနေ့နံနက်ပိုင်းကလည်း ပါဟဲတံတားမရောက်ခင် မြသင်္ဂ ီလဘ္ကရည်ဆိုင်မှ ကိုလှိုင်မိုးဆိုသူကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
#Zawgyi
အိႏိၵယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕ ပါဟဲတံတားအနီးတြင္ ယေန႔နံနက္ပိုင္း ၁၁ နာရီ၀န္းက်င္ခန္႔က ႏြားႏို႔ပို႔သည့္ ေဂၚရခါး လူမ်ဴိး လင္မယား ၂ ဦးကို အာဏာသိမ္းစစ္ေကာင္စီက ပစ္သတ္ၿပီး တစ္ဦးကို ႀကိဳးတုပ္ဖမ္းေခၚသြားသည္ဟု တမူးေဒသခံမ်ားထံမွ သိရသည္။
“ပါဟဲတံတားဆိုတာရွိတယ္ အဲဒီမွာတပ္က ေနရာယူထားတာ အဲဒီေဂၚရခါးလင္မယားက ႏြားႏို႔ေရာင္းၿပီးေတာ့ နန္းဖာလံုဘက္ကေနျပန္ခဲ့တာ အဲဒီတံတားအနီးမွာမွာပဲအပစ္ခံလိုက္ရတာ ႏွစ္ေယာက္လံုးပြဲခ်င္းၿပီးေသသြားတာ” ဟု တမူးေဒသခံကေျပာသည္။
ပစ္သတ္ခံရသည့္ ေဂၚရခါးလင္မယားသည္ တမူးၿမိဳ႕ ၿမိဳ႕မ ၂ ရက္ကြဲတြင္ေနထိုင္သူမ်ားျဖစ္ၾကသည္။ ပါဟဲတံတားသည္ ၿမိဳ႕မ ၁၂/ခ တြင္တည္ရွိၿပီး တမူးႏွင့္ နန္းဖာလံုဘက္သို႔ျဖတ္ကူးသည့္တံတားျဖစ္သည္။
အလားတူ ယေန႔နံနက္ပိုင္းကလည္း ပါဟဲတံတားမေရာက္ခင္ ျမသဂၤ ီလဘၠရည္ဆိုင္မွ ကိုလိႈင္မိုးဆိုသူကိုလည္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက ႀကိဳးတုပ္ၿပီး ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သိရသည္။